"စောနွေဦး....အက်ဆေးကို ဒီလိုရေးရတယ်လို့ မင်းကို ဘယ်သူကသင်ထားလို့လဲ"
စီကာပတ်ကုံးရေးထားတဲ့ အက်ဆေးကိုဖတ်ရင်း ကိုယ်က ဒေါသတွေထွက်နေသလောက်၊ကိုယ့်ရှေ့မှာထိုင်နေတဲ့ ငမွှေကောင်က အပြစ်မလုပ်ထားသလို တုပ်တုပ်မျှပင်မလုပ်။
ဒေါသသံပါနေတဲ့ ကျနော့်ကိုတောင် ထူးဆန်းနေသလို ပြန်ကြည့်နေသေးတယ်။"ဘာလို့လဲ ကိုကိုရဲ့...ကိုကိုပဲ ၁၀တန်းအတွက်လည်း ကျင့်သားရအောင် အက်ဆေးအရေးကျင့်ထားဆို၊မောင် ရေးတာ ဘာမှားနေလို့လဲ၊သဒ္ဒါအထားအသိုမှားနေရင် ပြင်ပေးလေ ကိုကိုရဲ့"
အနာဂါတ်ရည်မှန်းချက်က ၁၈နှစ်ပြည့်ရင် အိမ်ထောင်ပြုချင်ပါတယ်ဆိုပြီး အစချီထားတဲ့ တစ်မျက်နှာစာ အက်ဆေး၃ပိုဒ်က လူကို လျှာထုတ်ပြောင်ပြနေသလို။ဘယ်ကျောင်းသားကများ ဒီလိုအကြောင်းကို ရေးကြလို့လဲ
ကိုယ်ကတော့ သူဖြစ်ချင်တဲ့အိပ်မက်တွေ၊ဝါသနာတွေကို ရေးထားမယ်ထင်လို့ အားကြိုးမာန်တက် စစ်လိုက်ရတာ၊ဒင်းက အိမ်ထောင်ပြုချင်တဲ့အကြောင်းကို စာတစ်တန်၊ပေတစ်တန်နဲ့ ရေးထားတယ်။"ဒီလိုရေးတာ ကောင်သလား စောနွေဦး ဟမ်၊မင်းအရွယ်လေးက ခေါင်းထဲမှာ ရည်မှန်းချက်အပြည့်နဲ့၊ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ရှိရမှာလေ...၁၈နှစ်ပြည့်တာနဲ့ အိမ်ထောင်ပြုချင်တယ်ဆိုတာ ဖြစ်သင့်တယ်လို့ မင်း ထင်နေတာလား"
နှာဖျားတွေပါရဲနေတဲ့ ကိုကိုက ကျနော့်အက်ဆေးကြည့်ပြီး အတော်ကိုဒေါသထွက်နေပုံပါပဲ
လူတစ်ယောက်ရဲ့ ရည်မှန်းချက်က ဆရာဝန်ကြီး၊အင်ဂျင်နီယာကြီး ဖြစ်ရမယ်လို့များ ကိုကိုက တရားသေမှတ်ထားသလားမသိ
ချစ်ရတဲ့အမျိုးသားလေးရဲ့ အိမ်ထောင်ဖက်ကောင်းအဖြစ် ရှိချင်တာလည်း ဖြစ်နိုင်တာပဲဟာ။ကိုကိုဟာ စာအုပ်ကြီးအတိုင်း အတော်ဖြစ်ချင်နေပုံပဲ။တကယ်ဆို နှစ်ယောက်တစ်ဘဝ ထူထောင်ချင်တဲ့ အကြောင်းတွေကို နှလုံးသားနဲ့ရင်းပြီး ရေးထားရတာ။ခုတော့ ကိုကိုဒေါသအိုးက ချစ်ခြင်းမေတ္တာတွေကို မခံစားမိဘဲ ဒေါသတွေချည်း ထွက်နေတော့တာပဲ။
ဒါတောင် ဘယ်သူနဲ့လက်ထပ်ချင်ပါတယ် ဘာညာရေးထားတာ မဟုတ်ဘူး၊ဒီတိုင်း အိမ်ထောင်ပြုချင်တဲ့ အကြောင်းပဲ ရေးထားတာ။
ကိုလင်းထင်ရောင်ကို လက်ထပ်ပြီး တစ်သက်လုံး အတူနေချင်တယ်များ ရေးမိရင် ထပါသတ်မလားမသိ။
ESTÁS LEYENDO
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
RomanceStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung