"ဒယ်ဒီ....ရေးကောင်းက လာသေးဝူးလား"
လီဂိုအပိုင်းအစတွေကို Towerဖြစ်အောင် ဆောက်နေရင်း သားကမေးလာတာမို့ နာရီကိုကြည့်ရင်း ခေါင်းအသာရမ်းပြမိသည်။
ကောင်းဆက်လျှံတစ်ယောက် meetingပြီးရင် လာခဲ့မယ်ပြောပေမယ့် ညနေ၆နာရီရောက်တဲ့အထိ အမြီးကိုမမြင်ရသေး။
လာမယ်ပြောတဲ့နေ့ဆို အစောလာတတ်မှန်းသိတဲ့သားကလည်း တမျှော်မျှော်နဲ့ ဖြစ်လို့နေပါပြီ။"မောင် ကောင်းဆက်မလာသေးဘူးလား၊ညစာစားချိန်မှီမှာလား မေးကြည့်ပါဦး
နောက်ကျမှာဆို သားကိုပဲ အရင်ကျွေးထားနှင့်မလို့""ဟင် ရဝူး...အကုန်တူတူလေ၊တူတူချားမှာ"
လူကြီးတွေနဲ့အတူတူ စကားတပြောပြောနဲ့ စားသောက်ချင်တာကလည်း ၃နှစ်မပြည့်တပြည့် အကောင်ပေါက်ရဲ့ လူကြီးဖြစ်ချင်စိတ်ပဲထင်ပါရဲ့
သူ့တစ်ယောက်ထဲ ကလေးလိုဆက်ဆံပြီး ခွံ့ကျွေးတာမျိုးဆို ကိုအသင်္ချေတို့ လုံးဝမကြိုက်
နှုတ်ခမ်းတဆူဆူ၊မျက်မှောင်တကြုံ့ကြုံ့ဖြစ်တော့တာပဲ။
အခုလည်း ကိုကိုက ထမင်းစားချိန်နောက်ကျမှာစိုးလို့ အရင်ကျွေးထားမယ် စကားစတုန်းရှိသေး၊တူတူချားမယ် ထအော်နေလေပြီ။"အေးပါ သားရယ်...သား လေးကောင်းကို ဒယ်ဒီဖုန်းဆက်ပါဦးမယ်"
"ဟဲလို....ကောင်းဆက် မအေဘေး ခုထိမလာသေးဘဲ ဘာလုပ်နေတာလဲ"
"နွေဦးလား...ငါ ညီသုတ"
တစ်ဖက်ကထွက်လာတဲ့ အသံကြောင့် စောနွေဦး မျက်လုံးအပြူးသားဖြစ်သွားရပြီး ဘယ်စကားကို ဘယ်လိုစပြောရမှန်းပင် ရုတ်တရက်မသိတော့။
ဒါဟာ ကောင်းဆက်အတွက် ဘယ်လိုတောင် ရူးသွပ်ချင်စရာ အခိုက်အတံ့ကြီးလဲလေ။"ဟဲလို....ညီသုတ မင်း..တကယ်ကြီး မင်းလား
မင်း တကယ်ကြီးပြန်ရောက်နေတာလား""အင်း...တကယ်ကြီး ငါပြန်ရောက်လာပြီ၊ဒီနှစ်တွေမှာ ညီ့ကို ဖေးမစောင့်ရှောက်ပေးထားလို့ ငါတကယ်ကျေးဇူးတင်ပါတယ်"
"သွားစမ်းပါ...ငါ့သူငယ်ချင်းငါ စောင့်ရှောက်တာ၊ဘာကျေးဇူးမှမလိုဘူး
မင်း ဘယ်ကဘယ်လို ပြန်ရောက်...နေဦးနေဦး မပြောသေးနဲ့ဦး...ဒါတွေက အပြင်မှာတွေ့မှ ပြောရမှာ၊မင်းအခွက်ကြီးကိုလည်း ထိုးရဦးမှာ
ဟိုကောင်ရော...အခုဟိုကောင်ဘယ်ရောက်သွားလဲ"
CITEȘTI
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
DragosteStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung