⚠️Warning
ဒီအပိုင်းက adult sceneပိုများတဲ့ အပိုင်းပါ။Plusခန်းမကြိုက်ရင် ကျော်သွားလို့ရပါတယ်၊ပြီးခဲ့တဲ့အပိုင်းရဲ့ အဆက်ဖြစ်ပြီး နောက်အပိုင်းတွေနဲ့လည်း မဆိုင်မှာမို့ အဆက်အစပ်မရှိတာမျိုး မဖြစ်ပါဘူး။
ဖတ်ပြီးရင်လည်း wpကစာကို wpမှာပဲ ထားခဲ့ကြပါလို့လည်း ကြိုပြီး မေတ္တာရပ်ခံပါတယ်ရှင့်။
××××"ကိုကို ဒီကောင့်ကိုမှတ်မိလား....ငဘုန်းလေ"
သီချင်းဆိုပြီးနောက် ဧည့်သည်တွေကို လိုက်နှုတ်ဆက်နေကြစဉ် မောင်က မေးလာတာမို့ တစ်ဖက်ကသူကို သေချာကြည့်မိသွားရသည်။
ငဘုန်းဆိုတာ နွေဦးရဲ့ ငယ်သူငယ်ချင်း၊သူ့အဆဲအဆို၊သူ့အနွံတာကို အခံနိုင်ဆုံး ကောင်လေးပဲ။
မတွေ့ရတဲ့နှစ်တွေကြာပြီမို့ ရုတ်တရက်မမှတ်မိပေမယ့် ပြန်အစဖော်တာနဲ့ အားလုံးပြန်မှတ်မိတာမို့ ခေါင်းကိုခပ်သွက်သွက်ညိတ်ပြရင်းပဲ"အင်း မှတ်မိတာပေါ့....အောင်ဘုန်းမော်မလား"
"ဟုတ်ပါ့ အစ်ကိုရာ....ဒီကောင် ခုထိကျွန်တော့်ကို နာမည်ဖျက်ပြီး ငဘုန်းခေါ်တုန်း"
"မင်းလည်း ခုထိ ကိုကို့ကိုတွေ့တာနဲ့ ငါ့အကြောင်းက တိုင်ချင်တုန်းနော်"
"ပြန်တွေ့ရတာ ဝမ်းသာပါတယ် ညီလေး၊ ဒီကြားထဲ လုံးဝမတွေ့ဖြစ်ဘူးနော် ငါ့ညီကို"
"ဟုတ်တယ် အစ်ကိုရေး...ကျွန်တော် ယူအက်စ်မှာပဲ အနေများနေလို့
ခုတော့ exportလုပ်ဖြစ်နေတော့ ဒီကို မကြာမကြာ ပြန်လာဖြစ်နေတာ
ဒီကောင်ကြီးနဲ့ ပြန်ဆက်သွယ်မိတာပေါ့
ဒီကောင် သူ့ရည်မှန်းချက်ကိုတော့ တကယ်ဖြစ်အောင် လုပ်သွားတာနော် အစ်ကို
တစ်ချိန်ကျရင် သူအစ်ကို့ကိုယူမှာဆိုတာ ကျွန်တော်က ဒီကောင်လျှောက်ပြောနေတယ်ပဲထင်တာ၊ခု တကယ်ကြီးဗျာ"အောင်ဘုန်းမော်ရဲ့ ပွင့်ပွင့်လင်းလင်းအပြောကြောင့် မျက်နှာများပင် ပူခနဲဖြစ်ရသည်။
အက်ဆေးအရေးကျင့်ခိုင်းစဉ်က အနာဂတ်ရည်မှန်းချက်က ယောက်ျားယူရန်လို့ ရေးခဲ့တဲ့ စောနွေဦးကို ပြန်မြင်မိတော့ ဘေးကပြုံးဖြီးနေသူကို နားရွက်ပင်ဆွဲလိမ်ချင်လာရသည်။
"မှတ်မိသေးတယ်...သင်္ကြန်မှာလေ ကျွန်တော်က အစ်ကို့ကို သူခေါ်သလို ကိုကိုခေါ်မိလို့ ဒီကောင် ဥစ္စာခြောက်တာလေ
ဘယ်သိမလဲ ဒင်းမရိုးသားမှန်း
ခုတော့ ဖိတ်စာရောက်လာမှ ကျွန်တော်ပြန်စဉ်းစားရင်း သံဝေဂတွေပါ ရတယ်"
ESTÁS LEYENDO
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
RomanceStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung