Part35(U,Z)

14.2K 805 84
                                    

အချိန်​တွေသည် တ​ရွေ့​ရွေ့နှင့်ကုန်​ဆုံးလာခဲ့သည်မှာ ​နောက်ဆုံးနှစ်စာ​မေးပွဲ ​ဖြေပြီးချိန်ကိုပင် ​ရောက်ရှိလို့လာ​လေပြီ။
​​​စာ​မေးပွဲခန်းထဲက ထွက်လာတဲ့ ​​ကျောင်းသူ​ကျောင်းသာတိုင်းဟာ စိတ်လွတ်လပ်​ပေါ့ပါးစွာနဲ့ ​ပျော်ရွှင်မြူးထူးစွာ ရှိ​နေကြ​ပေမယ့် ​စော​နွေဦူက​တော့ ထိုလူ​တွေနဲ့ ကွဲပြားခြားနားစွာ ရှိ​နေသည်။
အ​ကြောင်းမှာ ဒီ​နေ့ပဲ ဆရာလင်းထင်​ရောင်ရဲ့ ​​နောက်တစ်ကြိမ်အခွင့်အ​ရေးဖြစ်တဲ့ ​ဒေါက်တာဘွဲ့အတွက် နိုင်ငံခြားပညာ​တော်သင်ခွင့် စ​ကောလားရှစ်ရရှိ​ကြောင်း အ​ကြောင်းကြားစာ ​ရောက်လာလို့ပင်ဖြစ်သည်။

​စော​နွေဦး စာ​မေးပွဲ​တွေနဲ့ပတ်သက်လျှင် ထ​ရော်မာရသည်အထိပါ ဖြစ်လာ​တော့မည်။စာ​မေးပွဲချိန်​ရောက်တိုင်း ဆရာလင်းထင်​ရောင်ရဲ့ ပညာသင်အခွင့်​အ​ရေးကြီး ​ပေါ်​ပေါက်လာတတ်တာ ၁၀တန်းနှစ် စာ​မေးပွဲကာ​လအချိန်​တွေကတည်းက မဟုတ်ပါလား​လေ။
စာ​မေးပွဲပြီးတိုင်း ​ပျော်ရမယ့်အစား စိတ်ရှုပ်စရာက အမြဲလိုလို ​ရောက်​နေ​တော့တာပင်။

"​နွေဦး...မင်းမျက်နှာကြီးကလည်းကွာ၊အီးမှန်ထားတဲ့မျက်နှာကြီးလိုပဲ၊ရှုံ့မဲ့​နေတာပဲ
အစ်ကိုလင်းထင်အတွက် အခွင့်အ​ရေးရတာ ​ဝမ်းသာ​ပေးရမှာ မဟုတ်ဘူးလား
ဟိုတစ်ခါ သူမသွားလို့​တောင် မင်းပဲစိတ်​ဆိုးပြီး​တော့"

"ဟာ့....မတူဘူး​​လေကွာ၊အခုက ငါဘွဲ့ရတာနဲ့ တရားဝင်လက်ထပ်ပြီး အတူတူ​နေကြမယ်လို့ ငါက သူ့ကို​ပြောထားတာ
အခု ဒါကြီးက​ပေါ်လာ​တော့ ဘယ်လိုလုပ်မလဲ"

"​​သြော် မင်းကလည်းကွာ....ဒီကြားထဲ လက်ထပ်လိုက်​ပေါ့၊ပြီးမှ ဆရာ သွားလိမ့်မယ်​ပေါ့"

"ဟူး....ကိုကို့အ​ကြောင်း ငါအသိဆုံး၊အရင်သွားမှာ ပြန်လာမှ လက်ထပ်မယ်လို့ပဲ ​ပြောမယ့်သူမျိုး
​နောက်ပြီး ငါလည်းမခွဲချင်​တော့ဘူးကွ၊သူ့ကို ဘယ်မှမလွှတ်ချင်​တော့ဘူး
အတူ​​နေချင်ပြီ"

"အခုလည်း အတူတူ​နေ​နေတာပဲ မဟုတ်ဘူးလားကွာ"

"မ​​ေ×​ပေးရယ်...-ီးဖြစ်လို့ ငါ​ပြောသမျှ​တွေကို လိုက်ကန့်လန့်တိုက်​​နေတာလား"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin