အချိန်တွေတရွေ့ရွေ့ ပြောင်းလာပြီးနောက် ဝေးနေကြတဲ့ရက်ပေါင်းဟာ ၂၅၀ရက်ကိုကျော်လို့လာလေပြီ။
မသွားခင်က စိတ်ကူးခဲ့သော၊ပြောခဲ့မိသော လွမ်းတိုင်းပြေးလာမည်တို့၊တစ်ပါတ်တစ်ခါ၊တစ်လတစ်ခါ လာတွေ့မည်တို့သည် လက်တွေ့တွင်တော့ စိတ်ကူးထဲကလောက် မလွယ်ကူနိုင်ကြောင်း ကြာလေပိုသိလာရလေပင်။
စီးပွားရေးလောကထဲကို ခြေဇုန်ပစ်ဝင်ရတဲ့နောက် တာဝန်ယူရမှု၊သိတတ်ရမှုတွေသည် အလိုလိုကပ်ပါလာတာမျိုးပင် ဖြစ်သည်။
ယူထားတဲ့နေရာနဲ့ကိုက်ညီသည့် အလုပ်ကြိုးစားမှု၊အာရုံစူးစိုက်မှုမျိုးကို ထည့်သွင်းရသည်။
ဒီလိုနဲ့ပင် အွန်လိုင်းဆက်သွယ်မှုအပြင် တခြားသောတွေ့ဆုံခြင်း အခြေအနေမျိုးကို တက်လှမ်းနိုင်ခြင်းမရှိခဲ့ပေ။ပြောခဲ့သလို သွားမတွေ့နိုင်ခြင်းဟာ ကျနော်တင်မဟုတ်၊ ဘွဲ့ယူချိန်ပြန်လာပါမည်ဆိုသူသည်လည်း ထိုစကားကို တည်နိုင်ခြင်းမရှိခဲ့ပေ။
အကြောင်းမှာ ကျနော်ဘွဲ့ယူမည်အချိန်နှင့် ကိုကို့ရဲ့ စာတမ်းဖတ်ပွဲအတွက် ပြင်ဆင်နေရချိန်သည် ကံဆိုးစွာတိုက်ဆိုင်နေခဲ့သောကြောင့်ပင် ဖြစ်သည်။အတူရှိချင်တဲ့အချိန်မှာ အတူရှိခွင့်မရတဲ့အခါ စိတ်ဆိုးချင်ပေမယ့် တိုက်ဆိုင်နေသော ကံတရားကို အပြစ်ဖွဲ့ရုံအပြင် ဘာမှတတ်နိုင်ခြင်းမရှိ။
အမှတ်တရတစ်ခုကို ပြောရရင်တော့ ကိုကိုမလာနိုင်လို့ ဘွဲ့မယူချင်တော့ဘူး ဖြစ်နေတဲ့ကျနော့်နောက်ကို ကိုယ်တိုင်အဝေးရောက်အဖြစ် ဘွဲ့ယူတဲ့ ကောင်းဆက်လျှံက အဖော်လိုက်ပေးခဲ့တာပင် ဖြစ်သည်။တစ်ရက်မှာ ၂၄နာရီအပြင် အပိုဆောင်းပြီး လွမ်းနာကျနေတတ်တဲ့ ကောင်းဆက်လျှံက ထိုသို့လည်း သူငယ်ချင်းအပေါ် အလိုလိုက်တတ်ပါသေးသည်။'ဒီဒီ..ဒီ'
အလုပ်စားပွဲမှာ ထိုင်ရင်း တောင်တောင်အီအီတွေးနေတုန်းမှာပဲ ကြားလိုက်ရတဲ့ဖုန်းရဲ့ တုန်ခါသံ
ခေါ်ဆိုသူက အသက်ရှည်ဦးမည့်ကောင်းဆက်လျှံ၊အလုပ်ကိစ္စနဲ့ မန္တလေးရောက်နေတဲ့ကောင်က ဘာတွေပြောဦးမို့ ဖုန်းခေါ်တာလဲမသိ
VOCÊ ESTÁ LENDO
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
RomanceStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung