Part32(U,Z)

14K 871 50
                                    

​ကောင်းဆက်လျှံနဲ့ပတ်သက်ပြီး အဖြစ်အပျက်များစွာ ဖြစ်သွားပြီးသည်အထိ ​မောင်နဲ့ကျ​နော်သည် ထိုကိစ္စများထဲတွင် ပါဝင်ပတ်သက်​နေခဲ့ကြသည်။
အထူးသဖြင့် ​'​မောင်'​ပေါ့။​ကောင်းဆက်ကို ညီအစ်ကိုတစ်​ယောက်လို သံ​ယောဇဥ်ကြီးရှာတဲ့ ​မောင်ဟာ ​ကောင်းဆက်နဲ့အတူတူ​​နေ​​ပေးရင်း ​ကောင်းဆက်​မေ​မေကို အတူတူရင်ဆိုင်​​ပေးသည်။​ကောင်းဆက်တစ်​ယောက် ကိုယ့်အသက်ကို ရန်ရှာတဲ့ကိစ္စ ဖြစ်သွားချိန်မှာ​တော့ ​မောင်ဟာ သူ့သူငယ်ချင်းကို တစ်​ယောက်ထဲထားဖို့ စိတ်မချသည်အထိ ပူပန်ရပြန်တာ။
​​​​​​​နောက်ဆုံး ​​​ကောင်းဆက်ရဲ့မိခင်ကိုယ်တိုင် လက်​မြှောက်ရပြီး ​​မောင့်အခန်းမှာ ​ကောင်းဆက်လာ​နေသည်အထိပါပဲ။
သူငယ်ချင်းတစ်ခုခုဖြစ်မှာကို အစိုးရိမ်ကြီးတဲ့​မောင်က ကျ​နော့်ကို ဂရုမစိုက်၊အချိန်မ​ပေးနိုင်လို့ ကျ​နော်စိတ်ဆိုးသွားမှာကိုလည်း ပူပန်တတ်ပြန်​သေးသည်။
"နည်းနည်း​လေး​တောင် စိတ်မဆိုးတာမို့ ဒီအချိန်မှာ သူငယ်ချင်းကို အချိန်​ပေးပြီး ဂရုစိုက်ပါ"လို့ ​ပြောခါမှ စိတ်ချလက်ချပြုံးနိုင်တဲ့ ​​​​ကောင်​လေးကို အရင်ကထက်​တောင် ပိုချစ်လာရပါ​သေးသည်။

ဒီ​နေ့က ပိတ်ရက်မို့ ဟင်းအချို့ချက်ပြုတ်ပြီး ​သူငယ်ချင်းနှစ်​ယောက်ရှိရာ ၈မိုင်ကအခန်းကို သွားဖို့ပြင်​နေတာပါ။​"ကောင်းက အခု​တော့ စကား​တွေဘာ​တွေ​ စိတ်လိုလက်ရ​ပြောလာပါပြီ၊အစား​တော့ ​​​သေချာမစားဘူး ကိုကိုရယ်"လို့ ​ဖုန်းဆက်ချိန်မှာ ​နွေဦးက ​ပြောလာတာမို့ ဒီ​နေ့​တော့ ထမင်းစားမြိန်​အောင် ကြက်သားကာလသားချက်ပါ ချက်ပြီး ယူဖို့ပြင်ထားသည်။
စိတ်ပိုင်းဆိုင်ရာ အဆိုးဆုံးအချိန်ကို​ရောက်​နေတဲ့ ​ကောင်းကို အမြန်ဆုံး ပြန်လည်ထူ​ထောင်​စေဖို့ နှစ်​ယောက်လုံး တတ်နိုင်သမျှ အား​ပေး​နေမိသည်။ဖြစ်နိုင်ရင် ပထမနှစ်ဝက်စာ​မေးပွဲအမှီ အ​ကောင်းနီးပါး ပြန်ဖြစ်​စေချင်သည်။အ​နေ​အေးပြီး စာလည်း​တော်၊သ​ဘောလည်း​ကောင်းတဲ့ ​ကောင်​လေးကို အချိန်​တွေအပိုကုန်ပြီး ပို​လေလွင့်သွားမှာမျိုး မဖြစ်​စေချင်တာ ကျ​​နော့်ရဲ့ ဆရာတစ်​ယောက်လို​ရော၊အစ်ကိုတစ်​ယောက်လို​ရောအ​နေနဲ့ ထားတဲ့ ​စေတနာ​တွေပါပဲ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Onde histórias criam vida. Descubra agora