Bonus Extra

3.8K 308 39
                                    

"ဒယ်ဒီ ကတိနော်၊သားကြိုက်တဲ့ကား ရွေးမှာနော်"

"ဪ တကယ်ကတိပေးပါတယ်ဆို သားရယ်၊သားကြိုက်တာယူ ဒယ်ဒီကိုယ်တိုင်မှာပေးမှာ"

"ဟွန့် ပြီးရော....ဘေဘေးမပါဘဲ ဘယ်ခရီးမှမထွက်မှာ သေချာတယ်နော် ဒယ်ဒီ"

"ကဲ...မထွက်ပါဘူးဆို၊မနက်ဖြန်ရောက်တာနဲ့ ဒယ်ဒီပြန်ဝင်ခေါ်မှာကွာ
ကတိပေးတယ်၊ကတိ ကတိ"

ပါးစပ်ကအမြှုပ်ထွက်မတတ် ကတိပေးလိုက်မှ ဆရာသမားက ခေါင်းတညိတ်ညိတ်၊ခြေနှစ်ဖက်ထပ်ချိတ်လျက်သားနဲ့ လက်ခံတော်မူလေရဲ့။
ဒီ၅နှစ်သားကိုလည်း သူတကယ်ကိုမနိုင်တော့ဘူး။
ဆရာကြီးကလည်း အရမ်းလုပ်ချင်နေပြီ၊နောက်ပြီ ကိုကို့ကိုလည်း ကိုယ်နဲ့အပြိုင်လုပြီးချစ်ချင်နေပြီ။
သူ့မှာ ဒီသားလေးတစ်ယောက်တည်း၊အသည်းတုန်အူတုန်လေးမို့သာ မနည်းသည်းခံနေရတာ၊တစ်ခါတစ်ခါ ကိုကို့အနားကို ကိုယ်နဲ့ပြိုင်ပြီးလုကပ်နေချိန်ဆို ခပ်နာနာလေးထုပစ်ချင်မိတာများ ခဏခဏပါပဲ။
အခုလည်း ကိုကို့မွေးနေ့မှာ ညစာစားရင်း၊အပြင်မှာ နှစ်ယောက်တည်းတစ်ညလောက်ရှိဖို့ကို ကားတစ်စီးနဲ့အလဲအထပ်လုပ်နေရတာ။ဒါတောင် ဆရာကြီးက အင်တင်တင်၊သူမပါဘဲ နှစ်ယောက်တည်းခရီးထွက်မှာကလည်း စိုးရိမ်သေး။ကိုယ်ကသွားချင်ရင်တောင် သူ့ဖေဖေက သူမပါဘဲခေါ်လို့ရမတဲ့လား။ဒါကိုမသိတာလည်းမဟုတ်ဘဲ ဒီကောင်လေးဟာ ကိုယ့်ကိုတမင်ရစ်နေတော့တာ။

ကောင်းဆက်တို့ခြံရှေ့အရောက် ကားဟွမ်းတီးလိုက်တော့ လုံခြုံရေးကတံခါးဖွင့်ပေးလာသလို ညီသုတကလည်း အိမ်ထဲကထွက်လို့လာသည်။
ဒီညအတွက် ဒီနှစ်ယောက်ကိုအပူကပ်ထားပြီးသား။
သူတို့နှစ်ကောင်ပဲ အမြဲလွတ်လပ်နေတာ၊ကိုယ်လည်း ကိုယ့်ယောက်ျားနဲ့နှစ်ယောက်တည်း နေချင်သေးတာပေါ့။

"ဘေဘေး ကျောင်းဆင်းလာပြီပေါ့၊ဗိုက်ဆာနေပြီလား သား...ရွှတ် ရွှတ်"

ကားထဲကဆင်းသွားတဲ့သားကို ပွေ့ချီလို့မေးပြီး ပါးဖောင်းဖောင်းတွေကို တရွှတ်ရွှတ်နမ်းနေတဲ့ညီသုတ
ဒီကောင်က ကလေးမချစ်တတ်တဲ့ထဲပါပေမဲ့ သားကိုတော့ သည်းသည်းလှုပ်ပဲ

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Место, где живут истории. Откройте их для себя