ဘာလိုလိုနဲ့ နောက်တစ်ခါထပ်နှုတ်ဆက်ရမယ့် အချိန် ရောက်လာပြီပဲနော်
ဇာတ်သိမ်းပိုင်းရေးဖို့အတွက် စိတ်ကိုအတော်ပြင်ဆင်ခဲ့ရပါတယ်၊ရေးနေရင်းလည်း နှုတ်ဆက်ရတော့မှာကို တွေးရင်း မျက်ရည်ဝဲချင်ချင်ပါပဲ။
စောနွေဦးဆိုတာ ကိုယ်ကြိုတင်ပြင်ဆင်ခဲ့ခြင်းမရှိဘဲ ရလိုက်တဲ့ ဇာတ်ကောင်တစ်ခု
အရံဇာတ်ကောင်အဖြစ် ဖျတ်ခနဲပေါ်လာတဲ့ နာမည်တစ်ခုကနေ ဇာတ်လမ်းတစ်ခုလုံးဖြစ်တဲ့အထိ သူဟာ ကိုယ့်ကိုညှို့ယူနိုင်ခဲ့ပါတယ်။
ဒီဇာတ်လမ်းတစ်ခုလုံးထဲမှာပါတဲ့ အမှတ်တရရက်စွဲတွေကအစ တမင်လုပ်မယူဘဲ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတာတွေ များပါတယ်။
ရေချယ့်အတွက်တော့ ဇာတ်ကောင်ဆိုတာထက်ပိုတဲ့ခံစားချက်တွေ သိပ်ကိုများခဲ့ရပါတယ်။နောက်ပြီး typing errorတွေ တော်တော်လေး များနိုင်ပါတယ်၊သတိထားရေးပေမယ့် တစ်ခါတလေ အာရုံနှစ်ခု၊သုံးခုဖြစ်နေချိန်ဆို ကိုယ်တိုင်သတိမထားမိဘဲ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတယ်။ကိုယ်တိုင်လည်း သတ်ပုံတွေမှားနေရင် မဖတ်ချင်တဲ့သူမို့ အဲ့အတွက် စာဖတ်သူတွေကို အတော်လေးလည်း မျက်နှာပူအားနာရပါတယ်။နောက်ပိုင်းအချိန်ရတဲ့အခါ အားလုံးကို ပြန်ပြင်သွားပါ့မယ်။သည်းခံနားလည်ပြီး ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ရပါတယ်။
စာရေးသူတစ်ယောက်အနေနဲ့ ဇာတ်ကောင်တွေအပေါ်မှာ စီးမျောပါဝင်ပေးတဲ့ cmtတွေဖတ်ရတိုင်း နောက်တစ်ပိုင်းထပ်ရေးဖို့အတွက် အားရှိခဲ့ရပါတယ်။အဲ့အတွက်လည်း တကူးတက cmtရေးပေးသူလေးတွေကို ကျေးဇူးတင်ပါတယ်လို့။
ဖတ်ပေး၊voteပေးတဲ့ စာဖတ်သူတွေကိုလည်း ကျေးဇူးတင်ရပါတယ်နော်။ဒီ၆လမှာ ဆက်မရေးချင်တော့အောင် စိတ်ဓါတ်ကျဖူးသလို၊ပီတိဖြစ်စွာနဲ့ ပျော်ရတာတွေလည်း အများအပြားပါပဲ။
ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းတစ်ခု အဆုံးသတ်နိုင်ခဲ့လို့လည်း အတော်စိတ်ပေါ့ပါးသွားရပါတယ်။လွမ်းနေရတာက တစ်ပိုင်းပေါ့လေနော်။
ပြောခဲ့သလိုပဲ extraက ရေးဖို့ရှိပါတယ်၊pdf fileအဖြစ် ရောင်းပါမယ်၊လိုအပ်တဲ့နေရာတွေကို လှူချင်ကူချင်ပါတယ်။
ပါရမီဖြည့်ပေးကြပါလို့ တောင်းဆိုပါတယ်နော်။
![](https://img.wattpad.com/cover/300810189-288-k129731.jpg)
KAMU SEDANG MEMBACA
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
RomansaStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung