"ကောင်း မင့်ကိုကိုတို့အဖွဲ့လာမှာဆို ဘယ်အချိန်တဲ့လဲ"
"အင်း ၉နာရီလောက် ရောက်မယ်ထင်တယ်၊မုန့်စားလက်မှတ်တွေလည်း သူတို့ကိုပေးထားပြီ၊ရောက်ရင်လျှောက်ကြည့်နေလိမ့်မယ် ငါလည်း ဒီမယ်မအားသေးဘူးလေ"
"ကောင်း မင်း သီချင်းမဆိုခင် စကားပြောရင် ငါသင်ပေးထားသလို သူ့ကိုကြည့်ပြီပြောနော် ကြားလား၊အဲ့ဒါမှ မင့်ကိုကိုနှလုံးသား လှုပ်နှိုးခံရပြီး အသိဝင်လာမှာ"
"ရှက်စရာကြီးကွာ မင်းကလည်း"
"ဟေ့ကောင် ရှက်စရာကြီး လုပ်မနေနဲ့၊နှစ်ယောက်လုံးချစ်နေလျက်နဲ့ စိတ်ဆင်းရဲခံနေကြရတာ ငါအားကိုမရဘူး၊မင်းလည်းယောက်ျား၊သူလည်းယောက်ျားကွာ၊ပြောစရာရှိတာပြော၊ချစ်စရာရှိတာ ချစ်ပလိုက် ပြီးနေပြီ"
ကျောင်းပန်းခြံရဲ့ မြက်ခင်းပြင်ကျယ်မှာ ဂီတအဖွဲ့အတွက်ခုံတွေနေရာချရင်း ပါးစပ်ကလည်း ပေါက်ပေါက်ဖောက်မတတ်ပြောရင်း ဆရာလုပ်နေတာကိုမရပ်
အင်္ကျီအဖြူပေါ်မှာ ကရင်သင်တိုင်းကို ထပ်ဝတ်ထားတဲ့ စောနွေဦးဟာ ဒီဝတ်စုံနဲ့ ပိုလိုက်ဖက်ချောမောနေတာတော့ အမှန်။
ဒီနေ့ဟာ ၅၂နှစ်ပြည့် ကျောင်းမွေးနေ့ပွဲဖြစ်ပြီး တာဝန်ကိုယ်စီပေးအပ်ခြင်း ခံရတဲ့ နွေဦးနဲ့ကောင်းဆက်ဟာလည်း ကိုယ်စီအလုပ်တွေနဲ့ လက်မအားရသလို၊ပါးစပ်လည်း မနားကြတဲ့အဖြစ်ပါပဲ။
ကရင်တိုင်းရင်းသားမိသားစုမှာလည်း အဖွဲ့ဝင်ဖြစ်တဲ့ စောနွေဦးက မေဂျာမုန့်စျေးတန်းနဲ့ ဂီတအဖွဲ့အတွက်သာမက ကရင်ရိုးရာမုန့်ဆိုင်အတွက်ပါ ကူညီပေးရပြီး အလုပ်နဲ့လက်နဲ့မပြတ်ဖြစ်နေတာ။ဒီလောက် အလုပ်ရှုပ်နေတာတောင် သူစိတ်ဝင်စားတဲ့ကိစ္စမှန်သမျှကို ဝင်ရှည်ပြီး ဆရာလုပ်ဖို့မမေ့။
ကိုကိုနဲ့ပတ်သက်ရင် လက်ရဲဆက်ရဲလုပ်ဖို့ အမြဲမြှောက်ပေးတဲ့ နွေဦးက သူကိုယ်တိုင်လည်း ဆရာလင်းထင်ရောင်တိုက်ခန်းထိ ရောက်အောင်သွားအိပ်နိုင်တာကို ကြွားလို့မပြီးနိုင်ဖြစ်နေတာပါ။"မင်း ငါ့ကိုဆရာလုပ်နေပြန်ပြီ၊မင်းကကျတော့ရော သူ့အိမ်ပေါ်ထိရောက်ပြီးတာတောင် ဘာမှမဖြစ်လာသေးဘဲ ဟိုကမျက်မုန်းကျိုးကောင်းတုန်းကို"
VOUS LISEZ
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
Roman d'amourStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung