Extra

12.7K 597 42
                                    


"သား​ရေ ​သတိထား​နော်၊​ချော်လဲမယ်...ဂရုစိုက်ပြီး​ပြေး"

"ဟုတ် ​ဖေ...ဒီမှာ ဒိုနဲ့ဘိုက ​ဘေ​ဘေးကိုလျှာကြီးနဲ့လျက်​နေတာ"

​​စိုက်ခင်း​တွေကြား ​​ခွေးနှစ်​ကောင်နဲ့ ​ပြေးလွှား​နေတဲ့သားကို လိုက်ကြည့်ရင်း ​သတိထားဖို့​အော်​နေတဲ့ ကျွန်​တော့်အသံရယ်၊​သားရဲ့ရယ်သံ၊ပြန်​ဖြေသံ​​တွေက က​​လောမြို့မနက်ခင်းရဲ့​ တစ်စိတ်တစ်​ဒေသမှာ ပူး​ပေါင်းပါဝင်လျက်ရှိသည်။
သားရဲ့ ၃နှစ်ပြည့်​မွေး​နေ့ကို ပွဲကြီးကြီးမားမားမလုပ်ချင်တာမို့ ကျွန်​တော်တို့မိသားစုရယ်၊​ကောင်းဆက်တို့အတွဲရယ်သာ က​လောက ညီသုတခြံကိုအပန်း​ဖြေအလည်လာရင်း၊​မွေး​နေ့ကိတ်ခွဲဖို့ ပြင်ထားကြတာပါ။
​မွေး​နေ့ပွဲအကြီးအကျယ်မလုပ်​ပေမယ့် ကုမ္ပဏီမျိုးစုံ၊ဘရန်းမျိုးစုံက​နေ ပို့လိုက်တဲ့ လက်​​ဆောင်ပစ္စည်းမျိုးစုံဟာ​တော့ ​မွေး​နေ့မတိုင်ခင် တစ်ပါတ်အလိုကတည်းက အိမ်နဲ့အပြည့်ပါပဲ။
သားကလည်း ထိုပစ္စည်း​တွေထက် ခရီးထွက်ဖို့သာ စိတ်ဝင်တစားအားသန်​နေတာမို့ ​ဒီက​လောခရီးကို စီစဉ်ဖြစ်ကြတာပါ။
ကားနဲ့ဆို ခရီးရှည်ရင် သားပင်ပန်းမှာစိုးတာ​ကြောင့် ​ဟဲဟိုးထိ​​လေယာဉ်စီးလာပြီး က​လောမှာရှိတဲ့ ညီသုတရဲ့ ဝန်ထမ်းတစ်​ယောက်က ကားနဲ့လာကြို​ပေးတာပါ။​ဒိုဒိုနဲ့ဘိုဘိုကို​တော့ ညီသုတရဲ့ ကားဆရာကပဲ က​လောထိ လာပို့​ပေးထားတာပါ။သားက​တော့ ​မ​နေ့က ရောက်ကတည်းက ​​စူးစမ်းမဝ၊​​ပျော်ပါးမဝဖြစ်​နေတာ
အအိပ်မက်တဲ့​ကောင်​လေးက ဒီ​နေ့မနက်လည်း အ​စောကြီးထပြီးကို ခြံထဲဆင်းပြီး ​ဆော့​နေ​တော့တာပါပဲ။

သား​ပတ်​ပြေးနေတာကို မတ်တပ်ရပ်ကြည့်​နေတုန်း ဝမ်းဗိုက်ဆီယှက်နွယ်လာတဲ့ လက်​တွေနဲ့ လည်တိုင်ဆီတိုး​ဝှေ့လာတဲ့ နှာတံချွန်ချွန်
အိပ်ယာနိုးချိန်တိုင်း လူကိုတိုး​ဝှေ့ပွတ်သပ်တာလည်း နှစ်​တွေကြာလာလဲ မ​ပြောင်းလဲတဲ့ ​မောင့်အကျင့်​တွေပါပဲ

"ကိုကို့သားက ဆရာကြီးဖြစ်​နေပါပြီဗျာ....ခုထိ စိတ်မချဖြစ်​ပြီး လိုက်ကြည့်​နေတုန်းလား"

စိတ်​အေးလက်​အေး​​လေသံနဲ့ ​ပြောပုံက အရင်က သားတစ်ခုခုဖြစ်ပြီဆို မျက်စိမျက်နှာပျက်ပြီး ပြာယာခတ်​နေတဲ့သူ မဟုတ်တဲ့အတိုင်း
ဒါ​ပေမယ့်လည်း ဒီ​နောက်ပိုင်း ​မောင်က သားအ​ပေါ်မှာ အရင်​လောက် တယုတယစိုးရိမ်စိတ်ဝင်​နေတာမျိုး​တော့ သိပ်မ​တွေ့ရ​တာအမှန်
သားဖြစ်ချင်တာကို လိုက်လုပ်​ပေးရင်း၊အလိုလိုက်ခြင်း​တွေနဲ့အတူ ဖြစ်သမျှအကျိုးဆက်ကိုပါ ဘာဖြစ်ဖြစ် လက်ခံတတ်ဖို့ကို သင်​ပေး​တဲ့သူဖြစ်​နေပါပြီ
အရင်က ​မောင့်ပုံစံကိုကြည့်ပြီး သားအ​ပေါ်မှာ အရမ်းစိုးရိမ်စိတ်ဝင်ပြီး အမြဲစိတ်မချဖြစ်​နေမယ့်ပုံ​ပေါက်သွားမှာ စိုးရိမ်ခဲ့ဖူးသည်။
အခုက​တော့ ဒီလိုမဟုတ်​တော့၊သားကြီးလာ​လေ လုပ်ချင်တာကို နှစ်​ယောက်​ပေါင်းလုပ်မည့် ပုံစံဖြစ်​နေ​လေပြီ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Donde viven las historias. Descúbrelo ahora