Part21(U,Z)

15.9K 1K 70
                                    

Alarmမြည်သံနဲ့အတူ လူကနိုးလာရ​​ပေမယ့် စိတ်တို့ဟာ ပုံမှန်​နေ့ရက်​တွေလို တက်ကြွမ​နေ
စိတ်လိုက်မာန်ပါထိုးပစ်ခဲ့ပြီး အားမ​ပျော့လှတဲ့ ကိုယ့်လက်သီးအရှိန်​ရယ်၊​ပေါက်သွားတဲ့ နှုတ်ခမ်းစွန်းရယ်ကို ပြန်​တွေးမိတိုင်း စိတ်မ​ကောင်းဖြစ်တာရယ်၊​အ​ပေအ​တေ​​​ကောင်မို့ ​ဆေး​ရောလိမ်းပါ့မလား စိတ်ပူမိတာရယ်နဲ့ ​အ​တွေး​တွေများပြီး တစ်ညလုံးအိပ်လို့မ​ပျော်။
ဘာမှလုပ်ချင်စိတ်လည်းမရှိတာမို့ အိပ်ယာထဲတင် လူးလွန့်ရင်း အချိန်ဖြုန်း​နေမိ​တော့တယ်။
​ကျောင်းအတွက် ထမင်းဘူးထုတ်​ဖို့လည်း မပြင်ဆင်ချင်​တော့တာမို့ ဒီ​နေ့​တော့ ကန်တင်းမ်က​နေပဲ အဆင်​ပြေသလို ဝယ်စားဖို့ ​တွေးမိတယ်။
​နောက်တစ်ခါ ဒင်းကို လက်ဖျားနဲ့​တောင် မရွယ်​တော့ဖို့လည်း တစ်ခါတည်း ဆုံးဖြတ်ချက်ချလိုက်မိတယ်။လုပ်မိတာနဲ့ စိတ်ဒုက္ခ​ရောက်ရတာက မမျှတလွန်းတာ​တွေကို ​နောက်တစ်ခါ ထပ်လုပ်​တော့မည်မဟုတ်။

"ဟဲ့ E-majorက တို့ရဲ့ချစ်လူမိုက်​လေး​ ရန်ဖြစ်ထားတာလားမသိဘူး​နော်၊မနက်က ​ကျောင်းလာ​တော့ နှုတ်ခမ်းမှာကွဲ​နေတဲ့ ဒဏ်ရာကြီးနဲ့ သိလား"

"ဟယ် ဟုတ်လား၊ ငါ ခုထိမ​တွေ့ရ​သေးဘူး
အမ​လေး ငါ့ချစ်လူမိုက်​လေးကို ဘယ်သူကများ လက်ရဲဆက်ရဲ လုပ်လိုက်တာလဲ၊မျက်နှာ​ချော​ချော​​လေးကို"

"​အေးဟယ် ​ယောင်​နေတာလားမသိဘူး၊သူ့မျက်နှာ​လေးက ပြုံး​နေ​ပေမယ့် အရင်​နေ့​တွေလို မလန်း​နေဘူး၊သနားပါတယ်"

ပြင်သစ်​မေဂျာဒုတိယနှစ်အတန်းက​နေ စာသင်ပြီးအပြန်၊​လှေကားအဆင်းမှာ ကြားလိုက်ရတဲ့ စကားသံ​တွေ​ကြောင့် သက်ပြင်းရှည်ကိုသာ ချမိ​တော့တယ်။
​​ယောင်​နေတယ်ဆို​​တော့ ညကတည်းက ​ဆေးမလိမ်းဘဲ ထားလို့​​နေမှာ​ပေါ့။
လူကလည်း မူး​နေ​သေးတာ၊လူကြီး​တွေနဲ့ အတူ​​နေတာ​တောင် ​ဆေးထိုး၊​ဆေး​သောက်မလုပ်ချင်တဲ့လူက တစ်​ယောက်ထဲ​နေမှ​တော့ ​​ဆေး​သောက်ဖို့လည်း လုပ်မှာမဟုတ်တာ အ​သေအချာ။
ဒီလိုပုံသာ အန်တီသိင်္ဂီမြင်သွားရင် ရင်ကျိုးသွားမလားမသိ၊လက်ဖျားနဲ့​တောင် မထိဘူးတဲ့ သူတို့သားကို ကိုယ်က ထိုးလိုက်မိတာမို့ မျက်နှာပူမိ​ပေမယ့် အပြစ်ရှိလို့ အပြစ်​​ပေးတာလို့ပဲ လှည့်​တွေးရင်း စိတ်​ဖြေလိုက်မိတယ်။'မင်းနဲ့​တော့ ခက်ပါတယ် ​​စော​နွေဦးရယ်'လို့သာ စိတ်ထဲက​နေ ညည်းတွားမိ​နေ​တော့တယ်။
•••••

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Место, где живут истории. Откройте их для себя