၆ လပိုင်း ၁ ရက် သောကြာနေ့
အခန်းပြတင်းပေါက်ကန နေရောင်ခြည်များက အခန်းတွင်းသို့ ဖြာကျနေပြီး ရာသီဥတုသာယာတဲ့နေ့လေး တစ်နေ့ဖြစ်သည်
မနက် ၇ နာရီထိုးနေပြီဖြစ်၍ ဖုန်း alarm မြည်လာတာနဲ့ ခတ္တာလည်း alarm ကို ပိတ်ပြီး အိပ်ရာမှ ထလာပြီး ရေချိုးခန်းဝင်လိုက်သည်
ခတ္တာ သူငယ်ချင်းနှစ်ယောက်လည်း ရှေ့ဆင့်နောက်ဆင့်နိုးလာကြတယ် ခတ္တာတို့လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ကျောင်းသို့ လာခဲ့ကြသည်အတန်းထဲရောက်တော့ အခြားသူငယ်ချင်းတွေနဲ့ပါ တွေ့ကြပြီး ဆရာမလာသေးခင် ဆရာ့ကို စောင့်ရင်း စကားပြောနေကြတာပေါ့
ခနနေတော့ မိတ်ဆက်တဲ့အနေနဲ့ ဌာနအသီးသီးက ဆရာတွေ ရောက်လာကြတယ် ( **** ကျောင်းမှာက ဘာသာ သုံးခု သင်ရပြီး ဆေးရုံမှာက ဘာသာ နှစ်ခုကို ၃လစီ ကိုယ့်အဖွဲ့နဲ့ ကိုယ် အလှည့်ကျ သင်ရတယ် စုစုပေါင်း ဌာန ၅ ခု ရှိတာပေါ့ )ဌာန အသီးသီးက ဆရာတွေ ဝင်လာတော့ ခတ္တာတို့ ကျောင်းသူကျောင်းသားတွေက တစ်ပြိုင်နက် မတ်တပ်ရပ်လိုက်ပြီး နှုတ်ဆက်လိုက်ကြသည်
ဌာနတစ်ခုချင်းစီမှ ဆရာတစ်ယောက်ချင်းစီက သူတို့ကိုယ် သူတို့ မိတ်ဆက်ကြတယ်အ့အချိန် မနေ့က ကန်တင်းမှာ တွေ့လိုက်ရတဲ့ဆရာမိတ်ဆက်မဲ့ အလှည့်ရောက်လာပါရော
ဆရာက သူ့ကိုယ်သူ မိတ်ဆက်ပေးတော့ ဆရာ့နာမည်က ဘုန်းမာန်ထည် ဆိုတာ သိလိုက်ရတယ် ( နာမည်ကိုက ရှိန်ချင်စရာရီး...😁)အ့လိုနဲ့ ပထမရက် မနက်ခင်းပိုင်းကတော့ မိတ်ဆက်ရင်းနဲ့ပဲ အချိန်ကုန်သွားခဲ့သည်
ခနနေတော့ ခတ္တာတို့ သုံးယောက် နေ့လည်စာစားဖို့ ကန်တင်းဘက်ကို ခြေလှမ်းတွေ လှမ်းခဲ့ကြသည်ခတ္တာတို့ စားနေကြဆိုင်မှာ ထမင်းထိုင်စားနေကြတဲ့အချိန် ခွဲစိတ်ဌာနက professor က ထမင်းလိုက်ကျွေးသောကြောင့် တစ်ဌာနလုံး ခတ္တာတို့် စားနေတဲ့ဆိုင်မှာပဲ စားပွဲတွေဆက်ပြီး လာထိုင်ကြသည် ဆရာဘုန်းမာန်ထည်လည်း ပါလာတာပေါ့
တိုက်တိုက်ဆိုင်ဆိုင် ဆရာက ခတ္တာနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည် ဆရာ့ကို မသိမသာလေး ခိုးကြည့်လိုက်တော့ ဆရာက ရုပ်တည်ကြီးနဲ့ပဲ
ထပ်ပြီး ခိုးကြည့်တဲ့အချိန် ဆရာကပြန်ကြည့်လိုက်၍ အကြည့်ချင်းဆုံသွားပြီး ခတ္တာလည်း လန့်လန့်နဲ့ ခေါင်းငုံ့ပြီးသာ ထမင်းဆက်စားနေလိုက်တော့တယ်
YOU ARE READING
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Romanceကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...