အပိုင်း ၁၈

3.7K 63 4
                                    

မနက် နိုးလာတော့ ခတ္တာက ကိုကို့ရင်ခွင်ကျယ်ကြီးထဲမှာပေါ့...အရမ်းကိုကြည်ဖူးဖို့ကောင်းသလို...အရမ်းလည်းပျော်ရပါသည်

ခတ္တာ လှုပ်လှုပ်ရွရွဖြစ်လာတော့ ကိုကိုကမေးလာသည်

နိုးပြီလားကလေး....

ဟုတ်ကိုကို

ပေါင်ကရောသက်သာလားကလေး

ဟုတ်သက်သာပါတယ်.. ကိုကိုက မညှာမတာရိုက်တာကို..နာတော့နာသေးတာပေါ့

နာမှာကြောက်ရင် မဆိုးနဲ့ပေါ့ကလေးရဲ့

ဟွန့်..

ဒီနေ့တော့ မဆိုးနဲ့တော့ကလေး...ကိုကို့စကားသေချာနားထောင်နော်..

ဟုတ်ကိုကို

ခတ္တာတို့လည်း တစ်နေကုန်လည်ပြီး နောက်နေ့မနက်ကျ ပြန်လာခဲ့ကြသည်
အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ခရီးလေးဖြစ်ခဲ့သလို တကယ့်ကိုအမှတ်တရလည်းဖြစ်ခဲ့ပါသည်
ကိုကို့ကိုလိမ်ပြောမိလို့ အုန်းလက်ရိုးနဲ့ရိုက်ခံခဲ့ရသည်လေ😁

ပြန်ရောက်တော့ သူငယ်ချင်းတွေက ပြန်မလာသေးတာမို့ ကိုကိုက သူ့အိမ်မှာပဲနေခိုင်းသည်
ခရီးကအပြန်ဆိုတော့ ပင်ပန်းနေကြတာနဲ့ ခတ္တာတို့နှစ်ယောက်လုံး အိပ်လိုက်ကြသည်

၃ ခွဲလောက်ကျတော့ ခတ္တာ အိပ်ရာနိုးလာပြီး ရေချိုးလိုက်သည် ရေချိုးပြီးတော့ ကိုကို့အခန်းထဲသွားပြီး ကိုကို့ကို သွားနှိုးလိုက်သည်😁

ကိုကို...ကိုကို...ထတော့

ကလေးနိုးလာပြီလား..

ဟုတ်ကိုကို...ကိုကိုလည်းထတော့နော်

ထပါ့မယ်ဗျ

ဟီး..ဟုတ်ကိုကို

ခတ္တာက နှိုးရခက်ပေမဲ့ ကိုကိုကတော့ ခတ္တာနှိုးတာနဲ့ ချက်ချင်းထလေသည်

ကိုကိုရေချိုးလိုက်အုံးမယ်နော်

ဟုတ်ကိုကို

ရေအတူတူချိုးမလားကလေး

မချိုးပါဘူး...ဟွန့်.. ကလေးက ချိုးပြီးပြီ ကိုကိုသာ သွားချိုးတော့

ဟုတ်ကဲ့ပါဗျာ
ခတ္တာလည်း ကိုကို့အခန်းထဲမှာမစောင့်ချင်တာနဲ့ ဧည့်ခန်းထဲသွားပြီး ph သုံးရင်းစောင့်နေလိုက်သည်
၁၅ မိနစ်ခန့် ကြာသွား၍ ကိုကို ရေချိုးပြီး ဧည့်ခန်းမှာ ထိုင်စောင့်နေသော ခတ္တာဆီ ရောက်လာသည်

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးWhere stories live. Discover now