အပိုင်း ၇

4.2K 98 0
                                    

ခတ္တာတို့လည်း guardian တွေ့ဖို့ ခွဲစိတ်ဌာနဘက်ကို လာခဲ့ကြသည် ဆရာနားခန်းထဲရောက်တော့ ကိုယ့် guardian ဆရာတွေဆီ အသီးသီး သွားလိုက်ကြသည်
ခတ္တာလည်း ဆရာဘုန်းမာန်ထည်ဆီ သွားတော့ အခြားမိန်းကလေးနှစ်ယောက်က ရောက်တောင်ရောက်နေပြီ

ဆရာ- ကျောင်းသူ သုံးယောက် ရောက်လာပြီ roll call ထိုးထားလိုက်ကြ ကျန်တဲ့နှစ်ယောက်ကို ငါးမိနစ်လောက် စောင့်လိုက်အုံးမယ် ပြီးမှ မှာစရာရှိတာမှာမယ် ပြောစရာရှိတာ ပြောကြတာပေါ့

ခနကြာတော့ ယောကျာ်းလေးနှစ်ယောက်ရောက်လာသည်

ဆရာ- လူစုံပြီဆိုတော့ အရင်ဆုံး form ဖြည့်ပါ အိမ်လိပ်စာအမှန် ph no အမှန်ထည့်မယ်နော်

ခတ္တာတိူ့- ဟုတ်ကဲ့ဆရာ

ဆရာ- ဖြည့်ပြီးကြပြီလား form မှာဓာတ်ပုံကပ်ဖို့က မနက်ဖြန်ကျ ဆရာ့ဆီ လာပေး

ခတ္တာ- ဆရာ ခတ္တာ့မှာ ပုံပါလာတယ် တစ်ခါတည်းကပ်လိုက်ရမလားဟင်

ဆရာ- ပါလာတာလား

ခတ္တာ- ဟုတ္ဆရာ

ဆရာ- ဆရာ့ကိုပေး ကပ်ပေးထားလိုက်မယ်

ခတ္တာ- ဟုတ် ဆရာ ဒီမွာဓာတ္ပုံလေး..ဟီး

ဆရာ-အေးအေး ပေးပေး ကျန်တဲ့သူတွေရော ပါလာလား မပါလာရင် မနက်ဖြန်လာပေးပေးနော်

သူငယ်ချင်းများ-ဟုတ္ဆရာ

ဆရာ- ဆရာ နဲနဲလောက်ပြောမယ် မတ်တပ်ရပ်မနေကြနဲ့ ထိုင်ကြအုံး
ခတ္တာတို့လည်း ခုံယူပြီး ထိုင်လိုက်ကြတယ်

ဆရာ- ဆရာ့ ကျောင်းသားငါးယောက်လုံးကို စာကြိုးစားစေချင်တယ် အခက်အခဲရှိရင် ဆရာ့ကို အချိန်မရွေးလာပြော စာနားမလည်တာရှိရင်လည်း လာမေးလို့ရတယ် ဆရာ စာမေးပွဲကျတာ roll call မပြည့်တာ လုံးဝမကြိုက်ဘူး uni ကျောင်းသားတွေမို့ တစ်ခါတစ်လေ အတန်းပျက်တာ လက်ခံပေမဲ့ roll call ကို 80 % အောက် မလျော့ပါစေနဲ့
first test မှာ သုံးဘာသာလုံး ၆၅ ကျော်ရင် ဆရာဆုချမယ် ကျခဲ့ရင်တော့ အပြစ်တစ်ခုခုပေးမယ်

ခတ္တာတို့- ဟုတ်ကဲ့ဆရာ

ဆရာ- ခတ္တာနဲ့ ခွန်ဟန်သာ ကိုတော့ ဆရာ သိပြီးသား အခြားသူတွေ မိတ်ဆက်ပေးပါအုံး

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးWhere stories live. Discover now