အပုိင်း ၁၁

4.2K 82 1
                                    

ခတ္တာတို့လည်း တနင်္လာနေ့ကစပြီး မနက်ပိုင်းဆို ဆေးရုံမှာစာသွားသင်ရသည် နေ့လည်ဆို ကျောင်းပြန်လာပြီး အတန်းလာတက်သည် ညနေပိုင်းဆို ကိုကိုနဲ့စာသင်သည် ညစာကိုတော့ ကိုကိုနဲ့စားဖြစ်တော့တယ်

အ့အစီအစဥ်အတိုင်းလည်ပတ်နေရင်း သောကြာနေ့ရောက်လာခဲ့သည်
သောကြာနေ့နေ့လည်ပိုင်း အတန်းတက်ဖိူ့ ကျောင်းကို လာခဲ့ကြသည်

အတန်းတစ်ချိန်တက်ပြီးတော့ ရင်တုန်စရာကောင်းတဲ့သတင်းကြားရတယ်....အမှတ်တွေထွက်ပြီတဲ့....အ့နေ့မှာ နှစ်ဘာသာထွက်တယ်လေ
အ့နှစ်ဘာသာထဲမှာ ခတ္တာတို့မဖြေနိုင်တဲ့ဘာသာလည်းပါနေတာ

ခတ္တာကတော့ ရင်တုန်ပေမဲ့ တစ်ဘာသာက မအောင်မှာ သိနေတော့ အမှတ်ကိုရင်မတုန်ပဲ အပြစ်ပေးခံရမှာကို ရင်ခုန်နေမိတယ်😁

EC က ဌာနမှာကပ်ထားတဲ့အမှတ်စာရင်းကို ဓာတ်ပုံရိုက်ပြီး messenger gp ထဲပို့လိုက်တယ် အ့အချိန် ခတ္တာတို့က အမှတ်မကြည့်ရသေးဘူး
ကိုကိုက သွားကြည့်ပြီးသွားပြီ ကိုကိုကလည်း messenger ကနေ ခတ္တာဆီ အမှတ်စာရင်းပို့လိုက်တယ်
ခုချိန် ကိုကိုတော်တော်စိတ်တိူနေမှာသေချာတယ်😁

သဇင်-အမလေး တော်သေးတယ်....ငါ ကပ်ပြီး အောင်သွားတယ်😁

မေသိမ့်-ငါကတော့ တစ်ဘာသာ မအောင်ဘူး.....ဟင့်...အောငျဖို့ ၄ မှတ်ပဲလိုတော့တာကို...ခတ္တာနင်ရော

ခတ္တာ-ငါလား....ဟီး...ငါလည်း တစ်ဘာသာ မအောင်ဘူးဟ......ငါကတော့ အောင်ဖို့ ၁၀ မှတ်လိုသေးတယ်😁 ဟိုနှစ်ယောက်ရော အောင်လားမသိဘူး ကြည့်လိုက်အုံးမယ်

မေသိမ့်-အေး ဟုတ်တယ်

သဇင်- ဟဲ့ ငြိမ်းစုခင်ကတော့ အောင်တယ်ဟ လွတ်လွတ်ကျွတ်ကျွတ်အောင်တာဟ

မေသိမ့်-ငုဝါရော

ခတ္တာ-ငုဝါလည်း တစ်ဘာသာ မအောင်ဘူးဟ.....အောင်ဖို့ ၅ မှတ်အလိုနဲ့ဟ

ခတ္တာတို့လည်း အမှတ်စာရင်းကြည့်လိုက်တော့ သဇင်နဲ့ငြိမ်းစုခင်က နှစ်ဘာသာလုံးအောင်တယ် ခတ္တာနဲ့ ကျန်တဲ့ နှစ်ယောက်ကတော့ တစ်ဘာသာကျတယ်😁

oh. ....every time I see u.......... ( ဖုန်းမြည်သံ)

ခတ္တာ-အမလေး..........ဆရာ ဖုန်းခေါ်နေတယ်ဟ ငါတို့တော့ သေတော့မယ်ထင်တယ်

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးWhere stories live. Discover now