ပြသနာများဖြေရှင်းပြီးသောညမှာ ခတ္တာနှင့်မေမေ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခဲ့သည်။
နောက်တစ်နေ့မနက်တွင် မေမေသညျ မနက် ၁၀ နာရီကား
နှင့် ပြန်မည်ဖြစ်သည်
မပြန်ခင် မေမေက ခတ္တာတို့အတွက် အုန်းနို့ခေါက်ဆွဲချက်ကျွေးသည်။
ကိုကို့ကို ကျေးဇူးတင်ကြောင်းပြောပြီး ခတ္တာတို့သုံးယောက် မနက်စာစားကြသည်။
တစ်လက်စတည်း ကိုကိုသည် ခတ္တာနှင့်သူ့ကို သဘောတူပေးဖို့ မေမေ့အားတောင်းဆိုလိုက်သည်။
မေမေသည် ခတ္တာပျော်ရွှင်ရလျှင် သဘောမတူစရာမရှိကြောင်း ပွောပွီး ခတ္တာကို ပျော်ရွှင်အောင်ထားဖို့ပြောသည်။
ထို့နောက် မနက်စာစားပြီး ကိုကိုက ကားဂိတ်ကို လိုက်ပို့ပေးသည်။
မေမေ့ကို လိုက်ပို့ပေးပြီး ပြန်လာပြီး အိမ်သန့်ရှင်းရေးလုပ်ပြီး နောက်နှစ်ရက်နေလျှင် ဖြေရမည်ဖြစ်သော ကိုကို့ဆေးရုံ interview အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်နေလိုက်သည်။ကိိုကို့ဆေးရုံတှငျ လာလျှောက်ထားသောသူများ များလှပါသည်။
ခတ္တာတို့် အတန်းဖော်သူငယ်ချင်းများပင် အများအပြားပါရှိကြသည်။
အခြားမြို့များမှ လာရောက်လျှောက်ထားသူများလည်း ရှိသည်။ စုစုပေါင်း လူတစ်ရာကျော်ခန့်ရှိမည်ဖြစ်သည်။
အများကြီးထဲမှာမှ ၂၀ ဦးသာရွေးချယ်မည်ဖြစ်သည်။
ထို့ကြောင့် ခတ္တာပိုကြိုးစားမှရမည်။ယနေ့သည် ခတ္တာဘဝမှာ ပထမဆုံးသော interview ဖြေရခြင်းဖြစ်သည့်အပြင် ကိုကို့ဆေးရုံမှာဖြစ်သည့်အတွက် အရမ်းစိတ်လှုပ်ရှားပြီး ရင်တုန်နေမိပါသည်။
ကိုကိုသည် ခတ္တာကို ဆေးရုံရှေ့သို့ ပို့ပေးခဲ့ပြီး ပြန်သွားပါသည်။
အလှည့်ကျ ဖြေနေရပြီး ခုတစ်ခါ ခတ္တာအရှေ့မှ သူငယ်ချင်းတစ်ယောက်ဖြေနေသည်ဖြစ်သည်။
အတန်ကြာသော် ခတ္တာအလှည့်ရောက်လာသည်။
နာမည်ခေါ်ပေးနေသော ဝန်ထမ်းအမထံမှ ...ခတ္တာမှူးရှိလား...
ဟုတ်..ရှိပါတယ်ရှင့်
ဖြေဆိုရန်အလှည့်ရောက်ပါပြီ..လိုအပ်သော စာရွက်စာတမ်းယူသွားပြီး အထဲဝင်သွားလိုက်ပါ။
ဟုတ်ကဲ့...
ခတ္တာလည်း အထဲဝင်သွားလိုက်သည်။
ထိုစဥ် ဆရာဝန်သုံးယောက်ထိုင်နေလေသည်။ အလယ်ကတော့ ကိုကိုဖြစ်သည်။
ဘုတ်အဖွဲ့ကပဲ စစ်မည်ထင်ထားသော်လည်း ကိုကို့ကို တွေ့၍ ပိုပြီးရင်တုန်လာပါသည်။
ဘယ်လောက်ပဲ ရင်းနှီးပါစေ ကိုကိုရှေ့မှာဆို ရင်တုန်နေမိဆဲပါပဲ။
ခတ္တာလည်း သုံးယောက်လုံးကို မိ်တ်ဆက်လိုက်သည်။
KAMU SEDANG MEMBACA
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Romansaကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...