အပိုင်း ၁၃ 🔺

6.6K 88 0
                                    

oh. .....every time I see u. .......( ဖုန်းမြည်သံ)

' အွန်း......ဟလို......'
" ထတော့လေ ကလေးလေး ၇ နာရီထိုးနေပြီ "
' အစောကြီးရှိသေးတာကို....အိပ်ချင်သေးတယ်.....'
" မအိပ်တော့နဲ့ ကလေးရဲ့ ခနနေ ကိုကို လာခေါ်မယ် "
' ကိုကိုကလည်း...အိပ်ရေးမဝသေးပါဘူးဆို.....'
" ကလေး....ထတော့နော်....ကိုကို ထပ်မပြောချင်ဘူး.... "
' ဘာမှန်းလဲမသိဘူး.... ကိုကိုစုတ်....သူများကို အစောကြီး နှိုးတယ် '
" ထတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထား...ကိုကိုလာခေါ်လို့ မပြီးသေးရင်...ကိုကို့အကြောင်းသိတယ်နော်.."
' အွန်း....ထပြီ.... ဟွန့်...'

အိပ်ချင်လိုက်တာ....ကိုကိုကလည်း...သူအစောကြီးထတိုင်း...ငါ့ကိုလာနှိုးနေတယ်.....ဟွန့်...သူ နှိုးတိုင်းထစရာလား.....စကားနားထောင်တယ်ဆိုတာ ငါ့ type မှ မဟုတ်တာ.....ပြန်အိပ်လိုက်အုံးမယ် ..

oh. ...every time I see u ......(ဖုန်းမြည်သံ)
' ဟလို..........'
" ခုထိ မထသေးဘူးလားကလေး....."
' ထပြီ...ထပြီ...ကိုကို....'
" အေး...အောက်မှာ စောင့်နေမယ်...၇း၄၀ မတိုင်ခင် ကိုကို့ဆီရောက်လာတာလိုချင်တယ်....ဒါပဲ "

အမလေး... ခုတောင် ၇း၃၄ ရှိနေပြီကို...၆မိနစ်အတွင်းဘယ်လိုပြီးမှာလဲ...မျက်နှာသစ်ရအုံးမယ်.....အဝတ်အစားလဲရအုံးမယ်လေ.....ခုတောင်...၁ မိနစ်လောက်ကုန်နေလောက်ပြီ..... မြန်မြန်လုပ်မှ......
မျက်နှာမြန်မြန်သစ်ပြီး.....အဝတ်အစားမြန်မြန်လဲလိုက်သည်....မိတ်ကပ်တောင်မလိမ်းနိုင်တော့ဘူး....နှုတ်ခမ်းနီလေးပဲဆိုးလိုက်ပြီး.....လွယ်အိတ်ဆွဲပြီး...ကိုကို့ဆီ မြန်မြန်ပြေးသွားလိုက်တော့သည်...

သူငယ်ချင်းတွေက ညကပြောထားတော့ ခတ္တာနောက်ကနေလိုက်ကြည့်သည်လေ

ကိုကိုက ကားပေါ်ကနေမဟုတ်ပဲ အပြင်ထွက်စောင့်နေတာ မျက်နှာတည်တည်ကြီးနဲ့ 😁

.ကိုကို......ဟီး..

ဘယ်နှမိနစ်နောက်ကျလဲ

နာရီကြည့်လိုက်တော့ ၇ နာရီ ၅၀ မိနစ် ရှိနေပြီ

  ဟို...ဟို....၁၀ မိနစ်ပါကိုကို

.အေး...သိရင်ပြီးတာပဲ...ခုတော့နောက်ကျနေလို့...မနက်စာ သွားစားမယ်...ညနေရောက်မှ....နောက်ကျတဲ့ကိစ္စ ရှင်းကြတာပေါ့

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးTahanan ng mga kuwento. Tumuklas ngayon