အပိုင်း ၈

4.2K 87 0
                                    

အွန်း........မနက်ခင်းရောက်လာပြန်ပြီ....အတန်းကတက်ရအုံးမယ် တစ်နေ့ တစ်နေ့ ပျင်းဖိူ့ကောင်းလိုက်တာ.....
ပွစိပွစိပြောရင်း ခတ္တာတစ်ယောက်နိုးလာသည်
နိုးပြီး သိပ်မကြာဘူး ဆရာ့ဆီက ph ဝင်လာပါရော
ဆရာ အစောကြီး ငါ့ကို ph ဆက်တာပါလား ဘာလို့လဲမသိဘူး

' hello '
" ကလေး ဒီနေ့ ညနေအားလား "
' ဟုတ် အားပါတယ်ဆရာ '
" အားရင် ညနေ ၆ နာရီလောက် ကို လာခေါ်မယ် ကလေးကို မုန့်လိုက်ကျွေးမို့ "
' တကယ်ကြီးလား ဆရာ '
" တကယ်ပေါ့ ၆ နာရီလာခေါ်မယ်နော် အဆင်သင့်ပြင်ထားလိုက်နော် "
' ဟုတ်ကဲ့ ဆရာ.....ဟီး...'

ပျင်းစရာကောင်းတဲ့မနက်ခင်းလေးက မထင်မှတ်ထားတဲ့ပျော်စရာတွေလည်း ရှိတာပါပဲလား....ဟိ.....ညနေကျ မုန့်စားရတော့မယ်.... ဒါမဲ့ ဆရာနဲ့နှစ်ယောက်တည်းသွားစားရမှာက တစ်မျိုးကြီးပဲ
အခြားသူတွေမြင်ရင် တစ်မျိုးထင်ကြမလားမသိဘူး.....အိုး...တော်ပြီ မစဥ်းစားတော့ဘူး.... မနက်အတန်းတက်ဖိူ့ပြင်ရမယ်....ဟီး....

မေသိမ့်- ဟဲ့ ခတ္တာ ဘယ်သူဆက်တာမို့ အ့လောက်ပျော်နေတာလဲ

ခတ္တာ- ဆရာဆက်တာ..ဟိ....ဆရာက ညနေ မုန့်လိုက်ကျွေးမယ်တဲ့...😁

သဇင်- အော် ခတ္တာ နင်ကတော့ ကံထနေပါလား ဆရာကတောင် မုန့်လိုက်ကျွေးမှာဆိုတော့

ခတ္တာ- သူ့ဆီမှာ ကျူရှင်တက်လို့ မုန့်ကျွေးတာနေမှာပေါ့ အခြားဆရာတွေလည်း ကိုယ့်တပည့်ကိုယ် မုန့်လိုက်ကျွေးကြတာပဲမလား

မေသိမ့်- omm ဟုတ်လောက်တယ် ငါလည်း ဆရာ့ဆီမြန်မြန်ကျူရှင်တက်ရမယ် အ့တာမှ မုန့်စားရမှာ...ဟီး

ခတ္တာ- ဟုတ်တယ် ဟုတ်တယ် နင်တို့ကျူရှင်မြန်မြန်တက်တော့

သဇင်- ငါတို့လည်း တက်ချင်နေပြီ ဒီည ဆရာလာရင် ပြောပေး

ခတ္တာ- ok

ခတ္တာတို့လည်း စကားပြောရပ်ပြီး ပြင်ဆင်စရာပြင်ဆင်ပြီး ကျောင်းသို့လာခဲ့ကြသည်
တစ်နေကုန် အတန်းတက်ပြီး ခတ္တာက ကန်တင်းမှာ ညနေစာမစားတော့ဘဲ အရင်ပြန်လာနှင့်လိုက်သည်

ဆရာက ၆ နာရီမှ လာခေါ်မှာဆိုတော့ ၁နာရီခွဲလောက် အချိန်ရသေးတာနဲ့ ရေချိုးလိုက်ပြီး
ဆရာနဲ့ ညစာ စားရမှာဆိုတော့ အလှနဲနဲပြင်သွားရမယ်...

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးWhere stories live. Discover now