အပိုင်း ၁၇

3.7K 65 0
                                    

time skip >>>>>>>>>

ကျောင်းသွားလိုက် ကျူရှင်တက်လိုက် ကိုကို့ဆီမှာစာကျက်လိုက်နဲ့ test 2 က တဖြည်းဖြည်းနီးလာပြီ စာမေးပွဲဖြေဖို့ တစ်ပတ်ပဲလိုတော့သည် ဒါမဲ့ စာမေးပွဲ ပြီးသွားရင် သီတင်းကျွတ်ကျောင်းပိတ်ရက်ရောက်ပြီ 😁
ခတ္တာကတော့ စာမေးပွဲနီးတော့ စာပဲကျက်နေရသည်
ကိုကိုကတော့ ခတ္တာတို့ကို စာသင်ပေးရတဲ့အပြင် အိသန္တာလင်းတို့အဖွဲ့ကိုလည်း စာသင်ပေးရသည့်အပြင် ကိုကို့ဆေးရုံဖွင့်မယ့်ကိစ္စတွေနဲ့လည်း အလုပ်ရှုပ်နေလေသည်
ဒါမဲ့ ကိုကိုက ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ခတ္တာကိုတော့ ဂရုစိုက်ပါသည် ခတ္တာအပြစ်လုပ်ထားရင်လည်း အပြစ်ပေးဖို့ ဘယ်တော့မှမမေ့ဘူး😁

စာကျက်လိုက် အတန်းတက်လိုက်နဲ့ စာမေးပွဲကပြီးသွားခဲ့ပြီ
စာမေးပွဲက ကိုကို့ကြိမ်လုံးကြောင့် သေချာဖြေနိုင်ခဲ့သည်😁
သီတင်းကျွတ်ကျောင်းပိတ်ရက်တို့ရောက်လာခဲ့လေသည်

ပုံမှန်က ရက်အများကြီးမပိတ်ပေမဲ့ စနေ တနင်္ဂနွေနဲ့ဆိုတော့ ၅ ရက်ခန့် အားလပ်ရက်ရလေသည်

အခန်းဖော်သူငယ်ချင်းနှစ်ယောက်က ပြန်ကြမည်ဖြစ်သည် အရင်နှစ်တွေကတော့ ခတ္တာလည်း ပြန်ပါသည်
ဒီနှစ်ကတော့ မပြန်ဖြစ်တော့ဘူး ကိုကိုက အလည်ခရီးလိုက်ပို့မယ်တဲ့လေ😁
time skip......

ခတ္တာသွားချင်နေတာကြာပြီဖြစ်တဲ့ ချောင်းသာကို နှစ်ညအိပ်ခရီးသွားမည်ဖြစ်သည် ကျောင်းကရန်ကုန်မှာတက်ရသည်ဖြစ်၍ ချောင်းသာနှင့် အရမ်းမဝေးတာမို့ ကိုကိုက သူကိုယ်တိုင်ကားမောင်းလိမ့်မည်

ခတ္တာသူငယ်ချင်းတွေကလည်း မနေ့ကစာမေးပွဲပြီး၍ ဒီနေ့မနက်ပြန်ကုန်ကြပြီဖြစ်သည်

ခတ္တာလည်း မနက်ဖြန်မနက်ခရီးထွက်ဖိူ့ ပြင်ဆင်စရာရှိတာပြင်နေစဥ်

oh...everytime I see u......( ဖုန်းမြည်သံ)

" ဟလို..

ပြင်ဆင်ပြီးသွားပြီလား ကိုကိုခနနေလာခေါ်မယ်နော်

ဟုတ်ကိုကို ပြီးတော့မှာပါ

ဒီညကိုကိုနဲ့လိုက်အိပ်လိုက်...ကလေးသူငယ်ချင်းတွေပြန်သွားပြီမလား

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးWhere stories live. Discover now