ယနေ့သည် ကိုကို၏ ဆေးရုံမှ ခတ္တာတို့ အင်တာဗျူးဖြေထားသည်များကို ရွေးချယ်မှုစာရင်း ထုတ်ပြန်မည့်နေ့ဖြစ်သည်။
ခတ္တာ အစောနိုးနေပြီး ရင်ခုန်နေပါသည်။
ရင်ခုန်နေသော်လည်း ဆေးရုံသွားရမည်ဖြစ်သောကြောင့် ပြင်ဆင်လိုက်ပါသည်။
၇ နာရီခွဲအချိန်တွင် မနက်စာစားရန် ကိုကိုလာခေါ်သည်။
ခတ္တာလည်း မနေနိုင်တော့၍ ကိုကို့ကို မေးလိုက်တော့သည်။ကိုကို....
ဗျာ..
ဟိုလေ...ကလေး...အလုပ်ရလားဟင်
omm...ရလားဆိုတော့ ရမှာပါ...ဒီနေ့ သိရမှာပါ အလုပ်ရရင် တာဝန်ရှိသူတွေက ဆက်သွယ်လာလိမ့်မယ်
အား...ကိုကိုကလည်း..ခုပြောလိုက်လည်း ရတာပဲကို
စားစရာရှိတာစား..ခနနေ ဆေးရုံသွားရမယ်..
ဟွန့်...ကိုကိုအကျင့်ပုတ်..သူများကို မပြောပြဘူး.
ခတ္တာလည်း ကိုကို့ကို စိတ်ကောက်ပြီး ထပ်မမေးနေတော့ပဲ မနက်စာသာစားနေလိုက်သည်။
စားပြီးသော် ကိုကိုနှင့် ဆေးရုံသွားသည်။
(ကိုကိုနှင့် အတူသွားသည်ဆိုရာတွင် ဆေးရုံတစ်ခုလုံး ခတ္တာတို့ တွဲနေခြင်းကို မသိစေချင်သောကြောင့် ဆေးရုံနှင့် မနီးမဝေးတွင် ခတ္တာက ဆင်းပြီး ဆေးရုံသို့ လမ်းလျှောက်သွားလေ့ရှိသည်။ ခတ္တာတို့ နှစ်ယောက် တွဲနေခြင်းကို ကိုကို၏ ရင်းနှီးသော မိတ်ဆွေအနည်းစုနှင့် ခတ္တာနှင့် batch တူသူငယ်ချင်းများသာ သိထားသည်။)
ဆေးရုံနားရောက်သောအခါ ခတ္တာ ကားပေါ်မှ ဆင်းမည်လုပ်နေစဥ် ကိုကိုမှခနနေ ph no အသစ်နဲ့ ဆက်လာရင် ph ကိုင်ဖို့ မမေ့နဲ့နော်....
ဘာလို့...ကိုင်ချင်မှ ကိုင်မှာပေါ့
ဆိုပြီး စိတ်ကောက်နေ၍ ဘုကလန့်ပြောပြီး ထွက်လာခဲ့လိုက်သည်။ ပြီးမှ တစ်ခုခုကို သတိရသွားသည်။' ငါ အလုပ်ရလို့များလား အာ့လို ပြောတယ်ဆိုတော့ ...တော်ပီ တော်ပီ မတွေးတော့ဘူး '
ဆိုပြီး ခတ္တာလည်း ဆေးရုံသို့ မြန်မြန်လမ်းလျှောက်သွားလိုက်သည်။ဆေးရုံရောက်တော့ night duty ကျတဲ့ သူငယ်ချင်းဆီက over ယူပြီး လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။
၉ နာရီထိုးသော် professor မှ စတင် round သည်။ ထိုသို့ round နေစဥျ prof: နောက်သို့ လိုက်သွားရပြီး မှတ်စရာရှိတာမှတ်ရသည်။
( ကိုကိုနှင့် ခတ္တာသည် ward မတူပါ ကိုကိုသည် surgeon ဖြစ်သည့်အတွက် surgical ward မှာပင် နေရသော်လည်း ခတ္တာကတော့ ခုမှ HS မို့ ward တိုင်းကို အလှည့်ကျ သွားရမည်ဖြစ်ပြီး ခုက medical ward တွင် ကျရောက်နေသည်)
KAMU SEDANG MEMBACA
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Romansaကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...