တောင်ကြီးမှာဆို ဒီအချိန် ချမ်းအေးစပြုနေပြီဖြစ်ပေမဲ့..ရန်ကုန်မှာတော့ အဲကွန်းလေးနဲ့ပဲ နှစ်ပါးသွားနေရတုန်းပါပဲ..
ညက ပင်ပန်းသွားပြီး တော်တော်လေး အိပ်ပျော်သွားသည်လေ
မနက် ၁၀ နာရီလောက္မှ နိုးလာလေသည်
ခတ္တာနိုးတော့ ကိုကို့ကိုမတွေ့တော့ဘူး..ထသွားပြီထင်သည်..
ခတ္တာလည်း ရေချိုးခန်းဝင်ပြီး ရေချိုးလိုက်သည်
ရေချိုးနေစဥ် ကိုကိုဝင်လာသည်ရေချိုးနေတာလားကလေး..
ဟုတ်ကိုကို..
omm..ချိုးပြီးရင် မနက်စာစားရအောင် ဆင်းခဲ့နော်
ဟုတ်ကဲ့ကိုကို..
ခတ္တာလည်း ရေချိုးပြီး ထမင်းစားခန်းထဲသို့သွားလိုက်သည်
ကိုကိုက မနက်စာအတွက် ပေါင်မုန့်ကြက်ဥကြော်နှင့်နွားနို့ပြင်ပေးထားသည်
ကိုကိုအတွက်က နွားနို့အစား လက်ဖက်ရည်ဖြစ်သည်ကိုကို...
ဗျ...ရေချိုးပြီးပြီလားကလေး
ဟုတ်ကိုကို..ပြီးပြီ
လာထိုင်..မနက်စာစား
ဟုတ်ကဲ့ကိုကို.
ခတ္တာမှာပေါင်မုန့်ကြက်ဥကြော်ရော နွားနို့ရောမကြိုက်သဖြင့် နဲနဲသာစားသည်
စားမကောင်းဘူးလားကလေး..
ေကာင်းပါတယ်ကိုကို..ကလေးကသိပ်မကြိုက်လို့..
ဟင်...မကြိုက်ဘူးလား..ကိုကိုခေါက်ဆွဲလုပ်ပေးရမလား...
ရတယ်ကိုကို..မလုပ်နေနဲ့တော့..ကလေးဗိုက်ပြည့်ပါတယ်
သေချာလို့လား.
ဟုတ်ကိုကို
omm..အာ့ဆို ေန့လည်ကျမှ ကလေးစားချင်တာလိုက်ကျွေးမယ်..
မာလာရှမ်းကောစားချင်တယ်..
ဟုတ်ပါပြီဗျာ..ခလေးစားချင်တာလိုက်တော့ကျွေးမယ်..ဒါမဲ့ နေ့လည်စာကိုထမင်းအရင်စားရမယ်..ခုလည်းသိပ်စားထားတာမဟုတ်ဝူး
ဟုတ်ကဲ့ကိုကို
ခတ္တာနဲ့ကိုကို မနက်စာစားပြီးတော့ ကိုကိုက အလုပ်လုပ်နေသည်
ခတ္တာကတော့ ph သုံးနေလိုက်တာပေါ့
လိုင်းလည်းဖွင့်လိုက်ရော messenger မှာ noti တွေအများကြီးတက်လာပါလေရော
ထင်တဲ့အတိုင်း gp ထဲမှာ ခတ္တာတို့အကြောင်း ပလူပျံနေပြီလေ
ဦးလေးက အပ်ထားလို့ပါလို့ ဘယ်လောက်ပဲပြောပြော ယုံကြမှာမဟုတ်ဘူးလေ
gp ထဲဝင်ကြည့်လိုက်တော့
ခတ္တာ့ကို ဆရာက ကလေးလိူ့ခေါ်တဲ့အကြောင်း သူငယ်ချင်းတွေကြားထဲကနေ ဝင်ခေါ်သွားတဲ့အကြောင်းအစုံပါပဲ
အာ့တာနဲ့ ခတ္တာနဲ့ဆရာကဘာတွေလဲလို့ ခန့်မှန်းကြတဲ့သူတွေရယ် အကောင်းမြင်ပေးတဲ့သူတွေရယ် အဆိုးပြောတဲ့စကားလုံးတွေရယ်နဲ့ စုံလင်လှပါသည်
gp ထဲကအကြောင်းအရာတွေ စိတ်ဝင်စားနေတုန်း ကိုကို ခတ္တာနားရောက်လာခဲ့သည်
VOUS LISEZ
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Roman d'amourကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...