ခတ္တာတစ်ယောက် အိပ်ရာပေါ်မှာ လူးလိမ့်ရင်း နိုးလာလေသည်။ နိုးလာချိန်တွင် အခန်းက အလင်းရောင်မှိန်မှိန်လေးသာ မြင်ရ၍ နာရီကြည့်လိုက်သောအခါ မနက် ၂ နာရီခန့်သာရှိသေးသည်။ ညက ဘယ်လောက်တောင် မူးခဲ့လဲမသိ။
အိပ်ပျော်သွားသည်ကိုပင် မသိခဲ့ပေ။
ခတ္တာ လူးလိမ့်နေသောကြောင့် ကိုကို နိုးလာလေသည်။ကေလး..နိုးနေတာလား..ခေါင်းကိုက်နေလား
ခုပဲ နိုးလာတာ...အိပ်လိုက်လို့ထင်တယ် ခေါင်းတော့မကိုက်ဘူး
အွန်း..အာ့ဆို နိုးလာပြီဆို လန်းသွားအောင် ရေချိုးလိုက်...
အမ်..ချိုးချင်ပါဘူး...ညရီးကို...အေးတယ်
ပျင်းတိုင်း ပေါက်ကရတွေလာပြောမနေနဲ့....ရေနွေးစပ်ပေးမှာ..ရေချိုးဖို့ပြင်
ကိုကိုကလည်း... ..
အော်..အတူတူချိုးချင်လို့လား...ဟင်းဟင်း
အား..ကိုကိုနော်..ကိုယ့်ဘာကိုယ်ပဲ ချိုးမယ်
အွန်း...ရေနွေးစပ်ပေးမယ်...ချိုးဖို့ပြင်ဆင်ထား
ဟုတ္ကိုကို
ခတ္တာလည်း အိပ်ချင်မူးတူးနဲ့ ရေချိုးလိုက်သည်။
ရေချိုးပြီး ပြန်ထွက်လာသောအခါ အိပ်ရာမှာ ကိုကိုမရှိနေပေ။ ခတ္တာလည်း အဝတ်အစားလဲပြီး အိပ်ရာထဲသို့ ပြန်ဝင်နေလိုက်သည်။ သိပ်မကြာခင်ပင် ကိုကိုပြန်ရောက်လာသည်။ကိုကို...ဘယ်သွားနေတာလဲ..
မီးဖိုခန်းထဲမှာပါ..ကလေးသောက်ဖို့ နွားနို့ကျိုပေးနေတာ..
မသောက်ချင်ပါဘူး..နွားနို့ကြိုက်ဘူး
မရဘူး..သောက်ရမယ်..ရေချိုးထားလို့ အားလည်းရှိအောင်လို့ နွားနို့ပူပူလေးတိုက်တာ
မသောက်ချင်ဘူးလို့..မကြိုက်ဘူး
ဒီကေလးက ချော့ပြောနေရင် မရဘူး...အရိုက်ခံပြီးမွ သောက် မှာထင်တယ်
ကိုကိုအနို်င်ကျင့်တယ်...😭
အသားမနာချင်ရင် ခုသောက်..အကောင်းပြောလို့ကိုမရဘူး
ဟင့်...ပေး
လိမ်မာတယ်..... ကုန်အောင်သောက်လိုက်..ပီးရင် ချော့သိပ်မယ်
YOU ARE READING
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Romanceကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...