အပိုင်း ၂၇

2.1K 72 5
                                    

ကိုကိုနှင့် စာသင် စာကျက်ရင်း နှစ်တွေသည် တဖြည်းဖြည်းနှင့် ကုန်လွန်လာခဲ့သည်
ကိုကို၏ သင်ကြားပေးမှုများနှင့် အပြစ်ပေးမှုများအရ ဆေးတက္ကသိုလ်၏ နောက်ဆုံးနှစ်ကြီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့လေသည်။

Student life ကုန်ဆုံးပြီး လုပ်ငန်းခွင်၏အစဖြစ်သည့် House Surgeon life သို့ ရောက်ရှိခဲ့ပြီဖြစ်သည်
ကျောင်းသားဘဝ ဆိုးခဲ့သမျှ ခုတော့ လူနာများနှင့် နဖူးတွေ့ဒူးတွေ့တွေ့ရပြီး ကိုယ်တိုင် ဆေးကုသရမည်ဖြစ်သောကြောင့် အနည်းငယ်ပြောင်းလဲရတော့မည်ဖြစ်သည်

ထို့ကြောင့် ကိုကိုသည် HS မဆင်းခင် ၂ ပတ်နားနေသောအချိန်တွင် စာဘက်တင် မဟုတ်ဘဲ လူမှုဆက်ဆံရေးနှင့် ပတ်သက်ပြီးပါ သင်ကြားပြသပေးလာသည်

ထို့အပြင် သူငယ်ချင်းများအားလုံးကို ကိုကိုနှင့် ခတ္တာအကြောင်းကို official ချပြခဲ့သည်
အတင်းအဖျင်းပြောကြသူများ ရှိပေမဲ့လည်း ကိုကိုက ဂရုမစိုက်ဖို့ ပြောခဲ့သည်

ထို့အပြင် နားရက် ၂ ပတ်အတွင်း သူငယ်ချင်းများနှင့်အတူ ပုဂံသို့ သုံးရက်ခန့် ခရီးထှက်မညျ ဖြစ်သည်
ဘွဲ့မရသေးပေမဲ့လည်း လူကြီးတစ်ယောက်ဖြစ်စ ပြုပြီမို့ မေမေကရော ကိုကိုကပါ ဂရုစိုက်ဖို့ မှာပြီး ခွင့်ပြုလေသည်
ခတ္တာတို့လည်း ပုဂံကို ရွေးချယ်လိုက်ကြသည်
ပုဂံမှာ ဘုရားစုံအောင် ဖူးပြီး ဓာတ်ပုံတွေအများကြီး ရိုက်ပြီး ပျော်ခဲ့ကြသည်
၆ နှစ်တာ ခင်ခဲ့ကြသော သူငယ်ချင်းများနှင့်လည်း ခင်မင်မှုတွေ ပိုတိုးလာခဲ့သည်

သို့သော် သူငယ်ချင်းများသည် HS ကို သူတို့ဇာတိမြို့နှင့် အနီးဆုံးဆေးရုံတွင် ဆင်းမည်ဖြစ်သောကြောင့် ပုဂံမှ အပြန် ပစ္စည်းများဝင်သိမ်းပြီး ပြန်သွားကြသည်
ခတ္တာတို့ သူငယ်ချင်းတစ်စု ကိုယ့်ရဲ့ ပန်းတိုင်ဆီသို့ လျှောက်လှမ်းကြဖို့ ခွဲခွာခဲ့ကြရသည်

ခတ္တာသည် ကိုကိုရှိနေသောကြောင့် ရနျကုနျဆေးရုံကွီးတှငျ HS ဆင်းမည်ဖြစ်သည်
ထို့အပြင် ခတ္တာ ကျောင်းတက်နေစဥ်ကပင် ဖွင့်ခဲ့သော ကိုကို့ဆေးရုံတှငျ အလုပ်သင်အဖြစ် ဝငျလြှောက်မညျဖွဈသညျ
ခတ္တာလည်း ပုဂံမှ ပြန်ရောက်ပြီ ဖြစ်၍ ကိုကိုက ခတ္တာအခန်းသို့ ရောက်လာခဲ့သည်

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးМесто, где живут истории. Откройте их для себя