ပျော်ရွှင်ကြည်နူးစွာဖြင့် ခတ္တာတစ်ယောက်နိုးလာလေသည်
ကိုကိုကတော့ မနိုးသေး...ခုတလောကိုကိုအရမ်းအိပ်ရေးပျက်နေသည်လေ
နိုးနေပေမဲ့ ခတ္တာက ကိုကု့ိရင်ခွင်ထဲဝင်အိပ်နေတာဆိုတော့ ထလိုက်ရင်ကိုကိုနိုးသွားမည်စိုးရိမ်သောကြောင့် မထသေးပဲပြန်မှိန်းနေလိုက်သည်
ပြန်မှိန်းနေရင်း အတွေးကဝင်လာတော့သည်မနေ့က ကိုကိုနဲ့တစ်ချိန်လုံးရှိနေတာကို surprise လုပ်ပေးဖို့ဘယ်အချိန်က ပြင်ဆင်လိုက်တာများလဲ ကိုကိုပြင်ဆင်ချိန်က တစ်ချိန်ပဲရှိတယ် ခရီးကပြန်ရောက်ချိန် ခတ္တာအိပ်သွားပေမဲ့ ကိုကိုကမအိပ်သေးပဲ အရင်ပြင်ဆင်ပြီးမှ အိပ်တာပဲဖြစ်ရမယ်
ပြီးတော့ ကိုကို့ဂရုစိုက်မှုတွေ ကိုကို့အချစ်တွေကြောင့် ခတ္တာတစ်ယောက်ဆုံးဖြတ်ချက်တစ်ခုချလိုက်လေသည်...
အာ့ပြီးတော့ ပြန်အိပ်လိုက်တော့သည်...
အိပ်လိုက်တာဘယ်လောက်ကြာသွားသည်မသိ
ခတ္တာပြန်နိုးလာတော့ ကိုကိုက ခတ္တာကိုပြုံးပြီးကြည့်နေလေသည်နိုးပြီလားကလေး
ဟုတ်ကိုကို
ဘုရားသွားချင်တယ်ဆို ထပြီးရေချိုးတော့ ခနနေသွားကြမယ်
ဟုတ်ကဲ့ကိုကို
ခတ္တာလည်း အိပ်ယာထပြီး ရေချိုးပြင်ဆင်နေလို်က်သည်
ခတ္တာရေခြိုးပွီးတော့ ကိုကိုရေချိုးသည်ခနကြာတော့ ခတ္တာတို့နှစ်ယောက်လုံးပြင်ဆင်ပြီး ဘုရားသို့လာခဲ့ကြသည်
ဘုရားမှာ ပန်းလှူရွှေသင်္ကန်းကပ်ပြီး ဆိုင်တစ်ဆိုင်မှာ မနက်စာမက နေ့လည်စာလည်းစားချိန်မရောက်သေးပေမဲ့ ထမင်းဝင်စားလိုက်လေသည်..ထိုစဥ်...ကိုကို
ဗျာ
ကလေးတစ်ခုလောက်ခွင့်တောင်းချင်လို့
ပြောလေကလေး
ဟို...ဒီနေ့က ကလေးမွေးနေ့ဆိုတော့ နဲနဲသောက်ချင်လို့...ခွင့်ပြုပါနော်...နော်...🙁
ဟုတ်ပါပြီဗျာ ခွင့်ပြုပေးပါ့မယ်ဗျာ...ဘာသောက်မလဲကလေး..
ဝိုင်....ဟီး...alcohol % များတာလေး..နော်ကိုကို
![](https://img.wattpad.com/cover/301239712-288-k473562.jpg)
ESTÁS LEYENDO
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Romanceကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...