ညက ဟိုကားတွေ ကြည့်ပြီး မနက်ခင်း ကိုကို ဖုန်းဆက်မှ နိုးလာသည်
ဒီနေ့တော့ ကိုကိုနှိုးတဲ့အချိန်ထပြီး ကိုကိုနဲ့မနက်စာသွားစားပြီး ဆေးရုံကိုသွားလိုက်သည်
နေ့လည်ပိုင်း အတန်းတက်ပြီး ကိုကိုက မုန့်လိုက်ကျွေးမယ်ဆိုတာနဲ့ အခန်းပြန်လာပြီး ပြင်ဆင်နေကြတာပေါ့
ခတ္တာတို့လည်း ကိုကိုနဲ့ hotpot ဆိုင်မှာချိန်းထားပြီး ကိုယ့်အစီအစဥ်နဲ့ကိုယ်ပဲ လာခဲ့လိုက်ကြသည်ဆိုင်ရောက်တော့ ကိုကိုက ရောက်နှင့်နေပြီ
ကိုကိုက သူ့ဘေးနားလာထိုင်ဖိူ့ ခေါျသညျလေ😁
အခန်းဖော်တွေကလည်း သိနေတာဆိုတော့ သွားထိုင်ခိုင်းနေတာနဲ့ ခတ္တာလည်း ကိုကို့ဘေးနားထိုင်လိုက်တော့သည်
အခန်းဖော်သူငယ်ချင်းတွေက ခတ္တာ ဘေးနားမှာ ထိုင်ကြသည်
ငုဝါနဲ့ ငြိမ်းစုခင်တို့က ကိုကိုနဲ့ မျက်နှာချင်းဆိုင်မှာထိုင်ပြီး ခန့်မင်းနဲ့ခွန်ဟန်သာတို့က သဇင်တို့နဲ့ မျက်နှာချင်းဆိုင်မှာထိုင်ကြသည်😁ဆိုင်က အဝစား ဆိုင်ဆိုတော့ များများစားနိုင်လေ တန်လေဆိုတော့...ဟီး....ခတ္တာနဲ့ အခြားသူငယ်ချင်းတွေက စားကြပြီး ငုဝါနဲ့ ငြိမ်းစုခင်တို့က ကိုကိုနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေလို့ထင်တယ် သိပ်မစားကြဘူး ကိုကို်နဲ့ပဲ စကားပြောနေကြတယ် ပြီးတော့ ငုဝါနဲ့ ငြိမ်းစုခင်တို့က လှလှပပလေး ပြင်ဆင်လာကြသေးတာ
ငုဝါ- ကျေးဇူးတင်ပါတယ်နော်ဆရာ မုန့်လိုက်ကျွေးလို့
ရပါတယ် ငုဝါ အားမနာပါနဲ့
ငုဝါ-ဟုတ်ကဲ့ ဆရာ
ငြိမ်းစုခင်-ဆရာ တစ်ခုလောက်မေးလို့ရမလား
ရပါတယ် မေးလေ
ငြိမ်းစုခင်- ဆရာ့မှာ ကောင်မလေးရှိလားဟင် ဆရာ့ acc မှာ ပုံတင်ရင်လည်း တစ်ယောက်တည်းတွေ့တာနဲ့ သူငယ်ချင်းတွေကလည်း သိချင်နေကြတာ😁
^^^^ ကိုကို့မှာ ကောင်မလေးရှိရှိမရှိရှိ သူနဲ့ ဘာဆိုင်လို့လဲ.... ဟွန့်...ဒါနဲ့...ကိုကို ဘယ်လိုပြန်ဖြေမလဲမသိဘူး...စောင့်ကြည့်လိုက်အုံးမယ်...မရှိဘူးလိူ့ဖြေလို့ကတော့..စိတ်ကောက်ပစ်မယ်.
YOU ARE READING
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Romanceကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...