အပုိင်း ၅

4.6K 112 0
                                    

ဘုန်းမာန်ထည်^^^^^^ - ဖေဖေ့သူငယ်ချင်းပြောပြတုန်းက လိမ်မာမဲ့ပုံလေးကို ခုကျ ဆိုးလိုက်ပါရောလား ခတ္တာလေးရေ ဒါမဲ့ ခုလို ဆိုးတဲ့ပုံလေးက ပိုချစ်ဖို့ကောင်းနေပါလား ပုံထဲမှာစတွေ့တုန်းကကျ မိသားစုဓာတ်ပုံဆိုတော့ ဂျူတီကုတ်လေးနဲ့ ကျက်သရေရှိသလို အပြင်မှာကျတော့လည်း သွက်သွက်လက်လက်နဲ့ ချစ်စရာလေးပါလား မဟုတ်သေးပါဘူး ငါ အရင်တုန်းက မိန်းကလေးတွေအကြောင်း အ့လောက်ထိ မတွေးဖူးပါဘူး ဒီကောင်မလေးနဲ့ကျမှပဲ ငါ့အတွေးတွေထဲမှာ သူပါပါလာတယ် ငါ သူ့ကို ချစ်မိနေပြီလား တော်ပြီ တော်ပြီ မစဥ်းစားတော့ဘူး မနက်စာသင်ရအုံးမယ် အိပ်တာပဲကောင်းတယ်

ဘုန်းမာန်ထည် တစ်ယောက် အတွေးပေါင်းများစွာနဲ့ အိပ်သွားလေသည်

တီ....တီ....တီ....တီ....တီ....( နှိုးစက်မြည်သံ)

နှိုးစက်သံကြားတော့ ခတ္တာ မျက်လုံးဖွင့်လိုက်ပေမဲ့ အိပ်ချင်နေသေးတော့ မျက်လုံးက ဖွင့်မရဘူး မျက်လုံးကို မနည်းဖွင့်ပြီး နာရီကြည့်လိုက်တော့ ၇ နာရီခွဲရှိနေပြီ
ခတ္တာ လန့်ပြီး မျက်လုံးပြူးသွားတယ်

ဘုရားရေ ၇ နာရီခွဲနေပြီ ဟိုနှစ်ယောက်ရော မထကြသေးဘူးလား အတန်းနောက်ကျတော့မှာပဲ ညတုန်းက ဆရာ့ကို အတန်းတက်ပါ့မယ်လို့ ပြောထားတာ

အော် ဟုတ်သားပဲ အတန်းတက်ပါ့မယ်လို့ ပဲ ပြောတာလေ အတန်းနောက်မကျစေရပါဘူးလို့ ပြောထားတာမှ မဟုတ်တာ

အေးဆေးပဲ လုပ်တော့မယ် အလွန်ဆုံးနောက်ကျ နာရီဝက်ပေါ့ ...ဟိ...
ခတ္တာတ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် ဟုတ်နေတော့သည်

ခတ္တာမှူး- ခိုင်သဇင်ရေ ခင်မေသိမ့်ရေ ထတော့ ထတော့ ၇ နာရီခွဲပြီးနေပြီ ခနနေ ဆရာဘုန်းမာန်ထည်အတန်းချိန်ရှိတယ်ဝေ့

ခိုင်သဇင်-အယ် ဟုတ်သားပဲ ငါမေ့နေလိုက်တာ ဆရာချောချောလေးအတန်းတက်ရမှာပဲ အလှသေချာပြင်သွားရမယ်

ခင်မေသိမ့်- အေးအေး ထပြီ ထပြီ ခိုင်သဇင်ရေ အလှပြင်တာပြင် မြန်မြန်လည်းပြင်အုံး နင်ပြင်နေတာနဲ့ ဆရာ့အချိန်ပြီးသွားအုံးမယ်

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးTempat cerita menjadi hidup. Temukan sekarang