အပုိင်း ၂၉

2.4K 58 2
                                    

သာယာကြည်လင်လှသော မနက်ခင်းတစ်ခုတွင် ခတ္တာနိုးလာသည်။
ထိုစဥ် ကိုကိုက နိုးနှင့်နေပြီး ခတ္တာကနောက်မှ နိုးလာခြင်းဖြစ်သည်။
ကြည်နူးရသော မနက်ခင်းလေးမှာ ခတ္တာအတွက် အိပ်မက်ဆိုးကြီး တစ်ခုဝင်လာခဲ့သည်။
ထိုအရာသည် ခတ္တာ၏ အဖေပင်။
ခတ္တာသည် လူမှန်းသိတတ်စအရွယ်ထဲက မေမေနှင့်သာ အတူနေပြီး ဖေဖေကတော့ နောက်အိမ်ထောင်နှင့်ပင်။
ဖေဖေသည် ခုမှ မေမေ့ဆီလာပြီး ခတ္တာကို ခေါ်ဖို့ လာပြောနေလေသည်။
ခတ္တာတို့က နေနိုင် စားနိုင်ရုံလောက်ဆိုပေမဲ့ ဖေဖေကတော့ သူ့လုပ်ငန်းသူရှိလို့ ပိုက်ဆံအနည်းငယ်ရှိလေသည်။
ခတ္တာသည် ဖေဖေ့ကို နာကျည်းမုန်းတီးမိသည်မှာ ငယ်ငယ်ထဲကပင်ဖြစ်သည်။
ခတ္တာတို့မိသားစု ခက်ခဲနေချိန်တုန်းက တချက်လှည့်မကြည့်ပါပဲ ခုမှ ခတ္တာကို သူ့ဆီ ခေါ်ချင်ကြောင်း တရားရုံးမှာလျှောက်ထားသည်။
ထိုအကြောင်းအရာကို ခတ္တာ မည်သို့မျှပင် လက်မခံနိုငျပါ။
သတင်းကြားကြားချင်း မေမေသည်လည်း ငိုနေသည်။
ထို့ကြောင့် ခတ္တာသည် အလုပ်တစ်ဖက်နှင့် အိမ်မပြန်နိုင်
သည့်အတွက် အမှုရင်ဆိုင်ရန် အမှုကို ရန်ကုန်ကို လွှဲခိုင်းထားပြီး မေမေ့ကိုပါ ခတ္တာဆီ ခေါ်ထားဖို့လုပ်ရသည်။

ထိုအကြောင်းကို ခတ္တာမနိုးခင်ကပင် ကိုကိုက သိနှင့်နေပြီ။
ထို့ကြောင့် ခတ္တာ၏ သဘောထားကို မေးပြီး အစီအစဥ်ဆွဲပေးခြင်းပင်။
ခတ္တာပြန်နေရင် ကြာမှာစိုးလို့ ခတ္တာအမေကို ကိိုကိုမှ သူ့လက်ထောက်ကို လွှတ်ထားပြီး ခေါ်ခို်င်းထားသည်။
ရန်ကုန်တွင် အမှုဆိုင်ရန်အတွက်လည်း ကိုကိုလုပ်ပေးထားခြင်းပင်။

ကိုကိုရှိနေသည့်အတွက် အနည်းငယ်စိတ်အေးရပါသည်။
သို်သော် မူတည်တာက ခတ္တာပေါ်မူတည်ပေမဲ့ အဖေ့ဘက်မှ လာဘ်ထိုးမှုများ လုပ်လာမည်စိုးရိမ်သည်။
ညနေလောက်တွင် မေမေရောက်လာသည်။
တစ်လမ်းလုံး ငိုလာသည်ထင်မိ၏..
မေမေ၏ မျက်လုံးများ ဖောင်းနေပေမဲ့ ခတ္တာရှေ့တွင် အလှဆုံးပြုံးထားလေသည်။
သို့သော် မေမေ၏ အားငယ်ပြီး ဝမ်းနည်းနေသော မျက်လုံးများကို ခတ္တာ မြင်နေရပါသည်။
ငယ်ငယ်ထဲက အမေတစ်ခု သမီးတစ်ခုနေလာ၍ မမေေ့ခံစားခြက်မြားကို သိနို်င်ပါသည်။

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးDonde viven las historias. Descúbrelo ahora