မနက်ဖြန်ဆို ကျောင်းပြန်ဖွင့်တော့မည်ဖြစ်၍ ဒီနေ့နေ့လည်လောက် သူငယ်ချင်းတွေပြန်ရောက်လာကြတော့မည်ဖြစ်သည်
ခတ္တာလည်း ကိုကို့အိမ်မှ တိုက်ခန်းပြန်တော့မည်မနက်အစော ခတ္တာတို့နှစ်ယောက်ပြင်ဆင်နေကြချိန် ကိုကိုက ခတ္တာကို ဆေးတစ်လုံးတိုက်သည်
သေချာပါသည် EC pill ပါ
ခတ္တာက ဆေးသောက်ကြောက်မှန်းသိ၍ သောက်ပြီးတာနဲ့စားဖို့ စပျစ်သီးလေးများပြင်ထားပေးလေသည်ခနကြာတော့ မနက်စာစား၍ တိုက်ခန်းကို ပြန်လိုက်ပို့ပေးသည်
ညနေကျရင်လည်း ကိုကို့ကျူရှင်ချိန်ရှိသည်လေ
ကိုကိုလည်း သူ့ဆေးရုံကို မသွားရသည်မှာကြာနေသည်ဖြစ်၍ ဒီနေ့ခနလောက်ဆေးရုံမှာ အလုပ်လုပ်စရာရှိတာသွားလုပ်လေသည်ခတ္တာလည်း အခန်းပြန်ရောက်တော့ ရေချိုးပြီး ခနပြန်အိပ်လိုက်သည်
နေ့လည် ၁၁ နာရီလောက်ကျ သူငယ်ချင်းနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ပြန်ရောက်လာကြသည်
ခတ္တာသူငယ်ချင်းများကလည်း ခတ္တာမွေးနေ့သိသည်ဖြစ်၍ လက်ဆောင်များယူလာပေးကြသည်
ကျောင်းက နှစ်ရက်တက်ပြီး ပြန်ပိတ်မှာဖြစ်၍ စနေနေ့နေ့လည်ပိုင်းကို သူငယ်ချင်းများကို မုန့်လိုက်ကျွေးဖို့စီစဥ်ထားလေသည်
ထိုကိစ္စကိုတော့ ကိုကို့ကိုမပြောရသေးပေ။သူငယ်ချင်းတွေက ခတ္တာအခန်းထဲက အရုပ်အကြီးကြီးမြင်တော့ မေးပြီလေ
ခတ္တာလည်း ကိုကိုနဲ့အကြောင်းအကုန်နီးပါးပြောပြပေမဲ့ အတူနေတဲ့အကြောင်းကိုတော့ မပြောဖြစ်လိုက်ပေ။ဒီလိုနဲ့ပဲ ညနေရောက်တော့ ကိုကိုစာလာသင်သည်
time skip........စနေနေ့သို့ရောက်လာခဲ့လေသည်
ကိုကို့ဆီက ခွင့်မတောင်းရသေး၍ နေ့လညျမုနျ့လိုကျကြှေးမညျဖွဈကွောငျး ခွင့်တောင်းလိုက်သည်
hotpot ပဲစားပြီးပြန်လာမှာဖြစ်၍ ကိုကိုက ခွင့်ပြုပါသည်
ကိုကို့ကို လိုက်ခဲ့ဖို့ပြောပေမဲ့ သူငယ်ချင်းတွေနဲ့လွတ်လွတ်လပ်လပ်သွားပါဆိုပြီး နားလည်ပေးပါသည်သူငယ်ချင်းတွေစုပြီး hotpot ဆိုင်သို့ရောက်ရှိလာခဲ့ပေသည်။
ယောကျာ်းလေး ၆ ယောက်နဲ့ မိန်းကလေးက ခတ္တာအပါအဝင် ၇ ယောက်ဆိုတော့ စုစုပေါင်း ၁၃ ယောက်ရှိလေသည်
YOU ARE READING
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Romanceကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...