အပိုင်း ၉

3.9K 80 0
                                    

ခတ္တာတို့ သူငယ်ချင်းသုံးယောက်လုံး ဒီနေ့က စပြီး ဆရာနဲ့ စာသင်ကြသည်
စာအတူတူလုပ်ကြသည်
ဆရာက စာပြန်မေးလိူ့ မရရင် ထိုင်ထလုပ်ရသေးသည် 😁

ခတ္တာတို့သုံးယောက် စာသင်တာ တစ်ပတ်လောက်ကြာတော့ ဆရာ guardian လုပ်ပေးရတဲ့ ခတ္တာတို့ငါးယောက်ထဲက ငုဝါနဲ့ ငြိမ်းစုခင်တို့က ဆရာ့ကိူ စာသင်ပေးပါဆိုပြီးပြောလာကြတော့
ဆရာက ခတ္တာကို သင်ပေးရမလားမေးတယ် ခတ္တာကလည်းသင်ခိုင်းလိုက်ပါတယ်..ဟီး

ဆရာ့ဆီမှာ ကျူရှင်တက်တာ ငါးယောက်ဖြစ်သွားတာပေါ့

သူတို့က ကျောင်းအဆောင်မှာနေတာဆိုတော့ ညဘက် အပြင်ထွက်မရတော့ ညနေပိုင်း ၅း၀၀-၇း၀၀ အချိန်ပြောင်းလိုက်ပြီး ပိတ်ရက်ကိုလည်း ခတ္တာ အခြား ကျူရှင်ရှိတဲ့ ဗုဒ္ဓဟူးနေ့ကိုပြောင်းလိုက်တယ်
အ့လိုနဲ့ ကျောင်းတက်လိုက် ဆရာနဲ့ ကျူရှင်သင်လိုက်နဲ့ စာမေးပွဲနားနီးလာပါတော့သည်

ဆရာသင်တဲ့တပည့်ငါးယောက်ထဲမှာ ခတ္တာက စာမလုပ်ဆုံးပဲ အခြားသူတွေက စာလုပ်တယ် ငုဝါနဲ့ငြိမ်းစုခင်ဆို အရမ်းစာလုပ်တယ် အပြစ်ပေးခံရတယ်ဆိုတာမရှိသလောက်ပဲ အများဆုံးအပြစ်ပေးခံရတာကတော့ ခတ္တာပဲ........ ဟီး.....

ဆရာက စာနဲ့ပတ်သတ်လာရင် လုံးဝမညှာဘူး စာမေးပွဲကျရင် အရိုက်ခံရမယ်လို့ ရာဇသံပေးထားသေးတယ်

စာမေးပွဲနားနီးတော့ ဆရာက မနက်ပိုင်းတွေရော အချိန်ပိုခေါ်ပြီး စာကျက်ခိုင်းတယ် ခတ္တာကတော့ စာမကျက်ချင်တော့ ယောင်ဝါးဝါးပဲ လုပ်နေတာ.....😁

ညပိုင်းတွေဆို စာကျက်နေပါတယ်ဆိုတာကို video call ခေါ်ထားပြီး သက်သေပြရသေးတာ

ခတ္တာက စာမကျက်ချင်တော့ ဟိုဟာ နားမလည်ဘူး ဒီအပုဒ်နားမလည်ဘူးဆိုပြီး စာပဲ ရှင်းခိုင်းတာ စာကျက်တဲ့အချိန်က နဲတယ်....ဟီး.....

ဒီနေ့က ခတ္တာတို့ စာမေးပွဲစဖြေရမဲ့နေ့ရောက်လာပြီ
စာမေးပွဲက နေ့လည် ၁ နာရီဖြေရမှာဆိုတော့ ၁၀ မိနစ်လောက်အလိုကျ ခတ္တာတို့ စာမေးပွဲခန်းရှေ့ရောက်နေပြီ
ဆရာလည်း ရောက်လာတယ်

ဆရာ- ခတ္တာ ကလေး သေချာဖြေခဲ့နော် စိတ်အေးအေးထား မေးခွန်းသေချာဖတ် အချိန်ပြည့်မှ ထွက်လာခဲ့ ဟုတ်ပြီလား
ခတ္တာ- ဟုတ်ကဲ့ဆရာ

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးWhere stories live. Discover now