သာယာလှပသော မနက်ခင်းတွင် ခတ္တာတစ်ယောက် ကြည်လင်စွာ နိုးလာသည်။
သို့သော်...အိပ်ရာနိုးတာနဲ့ အတွေးထဲဝင်လာတာကတော့ ညက အိမ်စာမလုပ်ရသေးခြင်းပင်။
ကိုကိုက ညနေမှ စာသင်မည်ဖြစ်သော်လည်း ဒီနေ့သည် တနင်္လါနေ့ဖြစ်၍ အတန်းတက်ရမည်ဖြစ်သည်။
အတန်းထဲတွင် မအားမလပ် စာလုပ်ရအောင်လောက်လည်း ခတ္တာသည် အာ့လောက်ထိ စာကြိုးစားသူမဟုတ်ပေ။
ထိုစဥ် အတွေးတစ်ခု ဝင်လာသည်။ အတန်းလစ်လိုက်ရမလားဆိုသည့် အတွေးပင်😁
သို့သော်လည်း ဒီနေ့က ကိုကို့သူငယ်ချင်းစာသင်မဲ့အချိန်ပင်။
အတန်းလစ်ရမလား မလစ်ရမလား ဝေခွဲမရဖြစ်နေစဥ်မှာပဲ...
ခင်မေသိမ့်ဆီမှ...ဟဲ့.. ခတ္တာ ထတော့..နင် စာမလုပ်ရသေးဘူးမလား..note လည်းပြရမှာ..စာမေးပွဲလည်းစစ်မှာနော်....
ဟူသည့် သတိပေးလိုက်သည့်အသံ ကြားလိုက်ရသည်။
ထိုအချိန်မှာပဲ အတန်းလစ်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။
ငါဒီနေ့ အတန်းမတက်တော့ဘူး...နင်တို့ပဲ သွားလိုက်တော့..
အမ်...ဘာဖြစ်လို့လဲ
စာမလုပ်ရသေးဘူးလေ...ညနေမှ စာမရသေးရင် ငါသေမှာပေါ့...
အတန်းလစ်တာရော..ရလို့လားဟဲ့..
အာ့တာက နဲနဲပါးပါး ရှှီးလိုက်မယျဟယျ..
အေးပါ..နင်အဆင်ပြေရင် ပြီးရော..
ခနကြာတော့ သူငယ်ချင်းနှစ်ယောက်က အတန်းသွားတက်ကြသည်။ ခတ္တာကတော့ ခနနေမှ စာလုပ်မယ်ဆိုပြီး wattpad ထဲ ခနဝင်လိုက်သည်။
wp ထဲရောက်တော့ ဖတ်နေတဲ့ ongoing fic တွေက up ထားတော့ ဝင်ဖတ်နေလိုက်တာပေါ့။
၅ ပုဒ်ကို ၁၀ ပိုင်းကျော်လောက် ဖတ်ပြီးတော့ နာရီက ၁၀ ခွဲသွားပြီလေ။
ထိုအချိန်မှ မနက်စာနှင့် နေ့လည်စာ ပေါင်းပြီး လမ်းထိပ်က ထမင်းဆိုင်မှာပဲ ထွက်စားလိုက်သည်။
ပြန်ရောက်တော့ ၁၁ ခွဲ။
လမ်းလျှောက်ရတာ မောလို့ဆို ခနနား စာစလုပ်တော့ ၁၂ ထိုးပြီ။စာသေချာလုပ်မယ်ဆိုပြီး စာအုပ်ထုတ်လိုက်တော့ Note ထုတ်ရမှာက ၇ ပုဒ်တောင်။ တစ်ပုဒ်က textbook နဲ့တောင် အနဲဆုံး ၅ မျက်နှာလောက်ရှိသည်။
Note ထုတ်ဖို့ဆို ခန့်မှန်းခြေ ၃ နာရီလောက် ကြာမည်။ အာ့ထက်လည်း ပိုနိုင်သည်။
YOU ARE READING
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Romanceကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...