အပိုင်း ၂၃

2.5K 75 26
                                    

ပလူပျံနေတဲ့ ခတ္တာနဲ့ ကိုကိုတို့အကြောင်းကို ခတ္တာက အသိမပေးချင်သောကြောင့် ကိုကို့ဘက်မှ ဖြေရှင်းပေးလေသည်။ ထိုအခါမှ အားလုံး ငြိမ်သွားတော့သည်။
တဖြည်းဖြည်းနှင့် final exam ဖြေရန်၂ လသာ လိုတော့သည်။
ကိုကိုကလည်း ခတ္တာတို့အပေါ် စည်းကမ်းပိုကြပ်လာသည်။
ကိုကိုက ကျူရှင်ချိန်အပြင် သူအားတဲ့အချိန်ဆို ခတ္တာတို့ကို စာကူကျက်ပေးသည်။
စာကူကျက်ပေး၍ စာကျက်ရ လွယ်သော်လည်း စာကို ဂရုမစိုက်လျှင် အပြစ်ပေးတာကတော့ သိပ်တော့မကောင်းဘူးပေါ့နော်..ဟီး..
နောက်တစ်ခုက စာမေးပွဲနီးနေ၍ စာကလွဲ၍ အခြားနေရာတွင် ဆိုးခွင့်ပေးထားလေသည်။
ဆိုးခွင့်ပေးထားမှတော့ ဆိုးပေးရတာပေါ့။
မုန့်မျိုးစုံ ဝယ်ကျွေးခိုင်းလိုက် ဟိုဟာပူဆာ ဒီဟာပူဆာလိုက်နဲ့ ကိုကိုကတော့ အလိုလိုက်ရှာပါတယ်။

ကိုကို့ဆီမှာ စာသွားကျက်တဲ့ မနက်ခင်းလေးမှာ..

ကိုကို..

ဗျာ..

hotpot စားချင်တယ်....

ဟော...ဒီကလေးကတော့ အစားချည်းပဲနော်...

ကိုကိုကလည်း..လိုက်ကျွေးနော်..နော်..

ဟုတ်ပါပြီဗျာ...စာရရင် လိုက်ကျွေးမယ်..ခုတော့ စာကျက်..

ဟီး..ဟုတ်ကိုကို

စာရမှ လိုက်ကျွေးမည်ဖြစ်သောကြောင့် ကိုကိုဖတ်ခိုင်းထားသော အပုဒ်တွေကို သေချာဖတ်နေလေသည်။
ကိုကိုသည် စာကို ဖတ်ခိုင်းရုံနှင့် မပြီးတတ်။ ပြန်မေး၍သော်လည်းကောင်း၊ စာမေးပွဲစစ်၍သော်လည်းကောင်း စာရမရကို ပြန်စစ်တတ်သည်လေ။
ယခုနေ့တွင်လည်း တစ်မနက်စာဖတ်ချိန်ပေးပြီး နေ့လည်ဘက် test တစ်ခု ပြန်ဖြေရမည်ဖြစ်သည်။
ကိုကိုက အစမ်း test တွေမှာဆိုရင် ၇၅ မှတ်လောက်အနည်းဆုံးရမှ ကျေနပ်တတ်သည်။
ခတ္တာမှူးတဲ့ စားရမယ်ဆိုလို့ကတော့ အပျင်းဆုံးအလုပ်လည်း လုပ်တာပဲ..ဟီးဟီး

နေ့လညျဘကျရောကျသောအခါ ကိုကိုနှင့် အတူ ထမင်းစားပြီး ၁ နာရီကြာ စာမေးပွဲ ဖြေရသည်။
ဖြေပြီး ကိုကို အမှတ်ခြစ်တော့ ၈၆ ရသည်လေ။ ကိုကိုလည်း ကျေနပ်သွားပြီး ခတ္တာလည်း ဟော့ပေါ့စားရတော့မှာမို့ ပျော်နေလေသည်။

ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေးWhere stories live. Discover now