နားရက် နှစ်ရက်သည် ကိုကို့ဆေးရုံမှာပင် အချိန်ကုန်ခဲ့လေသည်။
ကိုကို့ဆေးရုံတွင် HS တစ်ယောက်သည် အချိန်ပိုင်းအနေဖြင့် တစ်ရက် ၄ နာရီ တစ်ပတ် ၄ရက်ထိုင်ရမည်ဖြစ်သည်။
သို့သော် ပထမဆုံးနှစ်ရက်သည် အလုပ်ခွင်နှင့် ရင်းနှီးစေရင် ၈ နာရီလုပ်ရသည်။
ထိုနှစ်ရက်အတွက် မုန့်ဖိုးပေးပါသည်။
နားရက်ပြီးသော် ပုံမှန်အတိုင်း ဆေးရုံတွင် day and night duty အလှည့်ကျဝင်ရသည်။
ကျောင်းတက်စဥ်က မေမေမှ ခတ္တာအတွက် ထောက်ပံ့ပေးခဲ့၍ ယခုအခါ ခတ္တာအလှည့်ပြန်ရောက်လာခဲ့ပါပြီ။
ဆေးရုံမှ HS အတွက်ပေးသော လစာအပြင် ကိုကို့ဆေးခန်းမှ လစာရ၍ ပထမဆုံးလစာကို မေမေ့ဆီ အနည်းငယ် ပြန်ကန်တော့နိုင်ခဲ့ပြီ။
မေမေ့ကို ပျော်စေချင်၍ kpay သို့မဟုတ် ဘဏ်မှ မလွှဲပေးခဲ့ပေ။ ပိုက်ဆံပန်းစည်းလေးလုပ်ပြီး မေမေ့ဆီလက်ဆောင် ပို့ပေးခဲ့သည်။
ပန်းစည်း မေမေ့ဆီရောက်သွားသော် ခတ္တာဆီ ph ဆက်လာသည်။ မေမေအရမ်းပျော်နေသည်ထင်၏။ အသံတွေတုန်နေသည်လေ။ ထို့အပြင် ပန်းစည်းနှင့်အတူ ရို်က်ထားသော ပုံများကိုလည်း ခတ္တာဆီပို့ပေးခဲ့သည်။ ပုံထဲတွင် မျက်ရည်များပင် ဝဲလေနေသည်။
အမေတစ်ခု သမီးတစ်ခုဖြစ်သော်လည်း ငယ်စဥ်မှ ယခုချိန်ထိ ခတ္တာကို မျက်နှာမငယ်ရအောင်ထားပေးခဲ့သော မေမေ့ကို ခတ္တာလည်း တဖန် ပျော်ရွှင်မှုများပေးချင်မိသည်။
ထို့ကြောင့် ပန်းစည်းလေးနှင့် ကန်တော့လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ခတ္တာအပေါ် အစစအရာရာဂရုစိုက် နားလည်ပေးသော ကိုကို့အတွက်လည်း လက်ဆောင်တစ်ခုပြင်ထားပေးသည်။
ထိုလက်ဆောင်မှာ ခါးပတျတဈခုွဖစ်သည်။ ကိုကို့မှာ ပစ္စည်းများသည် ခတ္တာပေးရန် မလိုအပ်လောက်အောင် များပြားပါသည်။ သို့်သော် ခတ္တာ၏ ပထမဆုံးလစာလေးနှင့် ကိုကို့ကို ခါးပတ်လေးပေးပြီး ခတ္တာ၏ အချစ်များနှင့် ချည်ထားချင်သောကြောင့် ပေးရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ကိုကို့ကို အသိမပေးပဲ ခတ္တာတစ်ယောက်တည်း junction center သို့ထွက်လာခဲ့သည်။ ကိုကိုမှ ညနေစာစားရန် လာခေါ်မည်ဆိုသော်လည်း ခါးပတ်ဝယ်ရန်ရှိနေသောကြောင့် ဆေးရုံမှ မပြန်ရသေးကြောင်းပြောကာ ငြင်းခဲ့သည်။ ထို့နောက် junction center ရောက်သော် ခါးပတ်မဝယ်ခင် မုန့်ဆိုင်သို့ ဦးစွာဝင်လိုက်သည်။
ထိုစဥ် ခတ္တာနှင့် လူတစ်ယောက်တိုက်မိ၍ ခတ္တာလဲမလို ဖြစ်သွားပြီး ထိုလူမှ ထိန်းလိုက်သည်။ ထို့နောက် ကျေးဇူးတင်ကြောင်း ပြောရန် ကြည့်လို်က်သော် ခတ္တာတစ်ယောက် တခဏတာ အငွေ့ပျံချင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ကိုကိုဖြစ်နေလေသည်။
BẠN ĐANG ĐỌC
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Lãng mạnကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...