မိုးဖွဲဖွဲလေးရွာနေပြီး ရာသီဥတုသာယာပြီး အေးချမ်းနေတဲ့ မနက်ခင်းလေးမှာ ခတ္တာ ပျော်ရွှင်စွာ နိုးထလာတယ် ညက ဆရာနဲ့စကားပြောထားတဲ့ conversation လေးကို ပြန်ဖတ်ရင်း ပြုံးလိုက်မိသည်
ခတ္တာမှူး ^^^^^- ငါ ဟိုနှစ်ယောက်ကို ပြန်ပြောပြရင်ကောင်းမလား မပြောပဲ ခနလောက်နေရင်ပိုကောင်းမယ်ထင်တယ် မဟုတ်ရင် သူတို့ဖွလိုက်တာနဲ့ တစ်တန်းလုံးသိကုန်လိမ့်မယ် အွန်း ဟုတ်တယ် မပြောပဲ ထားလိုက်တော့မယ်
ခိုင်သဇင်- ခတ္တာရေ ခတ္တာ နိုးပြီလား ထတော့ မနက်အတန်းရှိတယ်လေ
ခတ္တာမှူး-အေးပါ ငါ ထပါပြီ ခင်မေသိမ့်ရော နိုးပြီလား
ခင်မေသိမ့်- ငါ အရင်ဆုံး နိုးတာဟေ့
ခတ္တာမှူး- အေးအေး ငါနောက်ကျနေတာပေါ့.... ဟီး.....
time skip. ............ခတ္တာတို့ အတန်းထဲရောက်တော့ ဆရာ မဝင်သေးတာနဲ့ ခတ္တာတို့ ph ကိုယ်စီနဲ့ လိုင်းသုံးကြသည်
ခတ္တာ လိုင်းဖွင့်ပြီး ခနကြာတော့ noti တက်လာတယ် ph က silent လုပ်ထားတော့ အသံတော့ မမြည်ဘူး
ဘယ်သူလဲ မသိဘူးဆိုပြီး ခတ္တာ ကြည့်လိုက်တော့ ဆရာဖြစ်နေတယ်" အတန်းမတက်ဘူးလား ကလေး "
' တက်တယ် ဆရာ ခုကအတန်းမှာ ဆရာ မဝင်သေးလို့ လိုင်းခနသုံးနေတာ '
" အော် "
' ဟုတ်ကဲ့ ဆရာ '
" စာသေချာလိုက်သင်အုံးနော် ကလေး "
' ဟုတ်ကဲ့ ဆရာ '
' ဆရာ '
" ဗျာ "
' ဆရာမ လာပြီမို့ သမီးဆင်းတော့မယ်နော် ဆရာ '
" အေးအေး ကလေး see u နော် "
' ဟုတ်ကဲ့ ဆရာ see u 'ခိုင်သဇင်- ဟဲ့ ခတ္တာ နင် ဘယ်သူနဲ့ chat နေတာလဲ ပြုံးဖြီးနေတာပဲ
ခတ္တာမှူး- ဘယ်သူမှ မဟုတ်ပါဘူး ဒီတိုင်းအသိတစ်ယောက်ပါ
ခိုင်သဇင်- အေးအေး ဘဲရနေရင်လည်း ငါတို့ကို ပြောအုံး
ခတ္တာမှူး- ဘယ်က ဘဲ ရရမှာလဲ မဟုတ်ပါဘူးဟ
ခိုင်သဇင် -မဟုတ်ရင်လည်း ပြီးရော
time skip. ............ခတ္တာတို့ သုံးယောက်နဲ့ ကျောင်းအဆောင်မှာနေတဲ့ သူငယ်ချင်း လေးယောက်တို့လည်း ပျင်းတာနဲ့ နေ့လည်ပိုင်းအတန်းကို တစ်ချိန် မတက်တော့ပဲ အတန်းလစ်လာပြီး အိမ်မပြန်သေးပဲ ကန်တင်းမှာ အအေးဝင်သောက်နေတာ ကံဆိုးချင်တော့ ဆရာဘုန်းမာန်ထည်နဲ့ တည့်တည့်တိုးပါလေရော

ESTÁS LEYENDO
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Romanceကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...