နာရီဝက်လောက်ကြာ၍ ကိုကိုပြန်ရောက်လာသည်။
ပြန်ကြမယ်ကလေး....
ဟုတ်..ဟုတ်ကဲ့..
ညီမလေးတို့သူငယ်ချင်းကို ဆရာခေါ်သွားမယ်...ညီလေးတို့လည်း သူငယ်ချင်းတွေကိုပြန်လိုက်ပို့ပေးလိုက်အုံး..သိပ်အကြာကြီးမသောက်နေနဲ့တော့..
ဟုတ်..ဟုတ်ကဲ့ဆရာ
ခတ္တာလည်း ကိုကိုနဲ့ပြန်ပါလာသည်
တစ်လမ်းလုံး ကိုကိုက စကားလည်းမပြောဘူး
ခတ္တာကလည်း ပုံမှန်ဆိုရင်သာ သာလိကာအရှုံးပေးရအောင်စကားပြောတာ..ခုလိုအချိန်ကျ တစ်လုံးမှမဟရဲဘူးလေ..ဟီး
ကားပေါ်မှာ စိတ်တိုနေသူလူကြီးနဲ့ အပြစ်လုပ်ထားသူပေါက်စလေးတို့နှစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ်တိတ်ဆိတ်နေကြသည်..ကိုကို့အိမ်ကိုသာ ကားကမောင်းသွားလေသည်
အိမ်ကိုရောက်ပြီဆိုမှ ကိုကိုကစကားပြောလာသည်ကိုယ့်အပြစ်ကို သိတယ်နော်ကလေး..
ဟုတ်..ဟုတ်ကိုကို
omm အ့ဆို ကိုကို့အခန်းထဲသွား အိပ်ရာဘေးမှာ မတ်တပ်ရပ် လက်မြှောက်ထားပြီး ကိုကို့ကိုစောင့်နေ..ကားသွားထားပြီးလိုက်လာခဲ့မယ်
ဟုတ်ကဲ့ကိုကို
ခတ္တာပဲလေ..အဟီး... အကြာကြီးလက်မြှောက်ထားရင် ညောင်းတာပေါ့..အာ့တော့ ကိုကိုတံခါးဖွင့်သံကြားမှ မတ်တပ်ရပ်လက်မြှောက်နေလိုက်သည်..( ခတ္တာမသိလိုက်တာက ကိုကိုက သူ့အခန်းမှာ cctv တပ်ထားတယ်ဆိုတာကိုပေါ့..)
ဆယ့်ငါးမိနစ်လောက်ကြာမှ ကိုကိုရောက်လာသည် လက်ထဲမှာလည်း ဝါးပင်အဖျားက ဝါးစိဆစ်တုတ် သေးသေးရှည်ရှည်လေးလည်းပါလာသည်
ကိုကိုက ခုတင်ပေါ်မှာထိုင်ရင်း..ကလေး...
ရှင်...ကိုကို
ရောက်တည်းက မတ်တပ်ရပ်နေတာဟုတ်ရဲ့လား...
ဟုတ်ပါတယ်နော်...လက်တောင်ညောင်းနေပေါ့
ဟက်...ထပ်လိမ်ပြန်ပြီ..
မလိမ်ပါဘူး..ကိုကိုကလည်း
ကလေး..ကိုကို့ကိုသေချာကြည့်ပြီးဖြေ..ထပ်မေးမယ်..ရောက်တည်းကမတ်တပ်ရက်ထဲကသေချာလား
YOU ARE READING
ဆရာဝန်လေးရဲ့လက်ဖက်ရည်ခွက်လေး
Romanceကလေးက ကိုကို့အတွက် အရေးကြီးဆုံးသူပါ #ဘုန်းမာန်ထည် ကလေးကို အမြဲတမ်းချစ်နေပေးပါနော်ကိုကို #ခတ္တာမှူး ခုမှ စရေးတာဖြစ်လို့ အရေးအသားမကောင်းရင် သည်းခံပြီးဖတ်ပေးကြပါရှင့်😁 ဤ fic သည် စိတ်ကူးယဥ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုများရှိခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ...