"ကျွန်တော် မကိုချစ်တယ်"
"ရွံစရာတွေ ပတ်ဂျီမင်ရယ်။ သွားစမ်းပါ"
နှစ်တွေနဲ့ချီပီးအငြင်းခံရလည်းကျွန်တော်လုံးဝဇွဲမလျှော့နိုင်ပါ။ ဘာကြောင့်လဲဆို ကျွန်တော်ထိုမိန်းမသားလေးကိုချစ်လွန်းလို့။
"ငြင်းတုန်းပဲနော်။ ကျွန်တော့်ကို နည်းနည်းလေးတောင် အားမနာဘူးလား"
"စိတ်ပျက်လိုက်တာ။ နင့်ကိုလက်မခံနိုင်လို့၊ လုံးဝလုံးဝအားမနာလွန်းလို့ ပယ်ပယ်နယ်နယ်ကိုငြင်းလာခဲ့တာလေ။ ဒါတောင်နားမလည်ဘူးလား "
"ဟင့်အင်း.ချစ်လွန်းလို့..ဘာကိုမှနားမလည်တော့ဘူး"
"ပတ်ဂျီမင်!!"
အရှက်သိပ်ကြီးတဲ့မရဲ့လက်သွယ်သွယ်လေးတွေကိုတယုတယဆုပ်ကိုင်ကာပြောဆိုလိုက်တော့ကျွန့်တော့်ရဲ့အမည်နာမကိုဒေါသတကြီးအော်ခေါ်လာတော့သည်။
မက ဒီလိုပဲ။ ကျွန်တော့်ကိုဆိုသိပ်သဘောကျရှာတာ။
"ဖယ်!..အခုချက်ခြင်းငါ့လက်ကိုလွတ်ပီးငါ့ရှေ့ကဖယ်စမ်း!!.."
ကျွန်တော်ဆုပ်ကိုင်ထားတဲ့လက်တစ်ဖက်ကို
ရွံရှာသလိုခါထုတ်နေတဲ့မရဲ့ပုံစံလေးကအခြားလူတွေရဲ့အမြင်မှာသိပ်ကိုမာနကြီးနေပင်မဲ့ ကျွန်တော့်အမြင်မှာတော့သိပ်ကိုခမ်းနားနေသယောင်။"နူးညံ့နေတာပဲ။ မရဲ့လက်ကလေးတွေကိုကျတော်တစ်ယောက်တည်းပဲဆုပ်ကိုင်ခွင့်ရချင်တယ်"
"စိတ်ပျက်လိုက်တာ။ ဖယ်စမ်းပါ!!.."
မရဲ့အော်သံကပထမအကြိမ်လိုဒေါသသံစွတ်ရုံမျှမဟုတ်တော့ပဲပေါက်ကွဲစွာအော်ထုတ်လာတဲ့အခါ ကော်ဖီဆိုင်လေးအတွင်းကလူတွေရဲ့မျက်ဝန်းရိုင်းရိုင်းတွေဟာ ကျတော်တို့နှစ်ယောက်ဆီသို့ကျရောက်လာတော့သည်။
"အရမ်းကြီးမအော်ပါနဲ့လား။ သူများတွေဝိုင်းကြည့်ကုန်ပီ"
"ကြည့်ပါစေ။ ဂရုစိုက်စရာလား"
"မ!"
ကော်ဖီဆိုင်လေးကတိတ်ဆိတ်ပီးအေးချမ်းလွန်းတဲ့အတွက်ထိုဆိုင်လေးအတွင်းကဧည့်သည်တွေဟာလည်းတိတ်ဆိတ်မှုကိုနှစ်သက်ကြမည့်ပုံ။ သို့ပေသည့်ကျွန်တော့်ရဲ့မလျှော့သောဇွဲနဲ့ မရဲ့မခေတဲ့မာနတို့ ဆုံတွေကြလေတော့တိတ်ဆိတ်မှုတို့ခဏတာမျှပျက်ပြယ်သွားခဲ့ရပီ။
YOU ARE READING
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။