"ဂျဲနို.....တစ်ခုခုပြောဦးလေ"
ဂျယ်မင်းက အားမလိုအားမရမေးတယ်
ကော်ဖီခွက်ကိုစိမ်ပြေနပြေမွှေနေတဲ့ ဂျဲနိုကတော့ မော့ကြည့်မလာဘဲ
အေးစက်စက်ပြန်ဖြေသည်
"မင်းသွားချင်သွားလေ"
"ငါကတော့သွားချင်တာပေါ့"
ဂျယ်မင်း နှုတ်ခမ်းဆူရင်း မျက်လုံးလေးစင်းကာပြောလိုက်တာကို ဂျဲနိုကခပ်ငေးငေးကြည့်နေသည်
"သွားချင်ရင်သွားပေါ့"
"ဒါပေမယ့် မင်းကဒီလိုကြီးဖြစ်နေတော့ ငါဘယ်လိုလုပ်ရမလဲ"
ဂျယ်မင်းတစ်ယောက် သူ့ကိုမော့ကြည့်လာသည့်အခါမှာတော့ ဂျဲနိုက ကော်ဖီခွက်ဆီကို မျက်နှာလွှဲပြီးသားဖြစ်နေပြီ
သူက ကော်ဖီခွက်ကို အသာမကာသောက်လိုက်ပြီး ပြန်မေးလိုက်တယ်
"ငါက ဘယ်လိုကြီးဖြစ်နေလို့လဲ"
"ငါဘူဆန်ခရီးလိုက်သွားမယ့်အကြောင်းပြောပြီးတည်းက မင်းမျက်နှာကြီးက ဒီလိုကြီးဖြစ်နေတာလေ"
ဂျယ်မင်းက ဂျဲနိုရဲ့အေးတိအေးစက်မျက်နှာပုံကိုတုပြီးလုပ်ပြတော့ ဂျဲနိုကဘာမှပြန်မပြောဘဲအသာပြုံးသည်
ဂျယ်မင်းကတော့ စားပွဲပေါ်တင်ထားတဲ့ ဂျဲနိုရဲ့ဘယ်ဖက်လက်ကိုအုပ်ကိုင်လိုက်တယ်
"ဂျဲနိုကလည်း မေဂျာကလူတွေဘဲသွားမယ့်ခရီးစဉ်လေ ကားလက်မှတ်ကလည်းတစ်ယောက်စာဘဲကျန်တော့တာကို
မဟုတ်ရင် မင်းကိုခေါ်ပါတယ်"
ဂျဲနိုတစ်ယောက် သူ့ရဲ့အဆစ်ထင်းထင်းလက်ကိုအုပ်ကိုင်ထားတဲ့ ဖြူစင်းတဲ့လက်ချောင်းသွယ်လေးတွေကို
ဘာရယ်မဟုတ် ကြည့်နေမိသည်
လက်ကောက်ဝတ်မှာ ဂျဲနိုဆိုတဲ့စာလုံးလေးထွင်းထားတဲ့ငွေရောင်လက်ပတ်ပါးပါးလေးကိုပတ်ထားပြီး
လက်ဖမိုးလေးကကြည်စင်နေသည်
ဒီလိုလက်ပတ်မျိုး ဂျဲနိုမှာလည်းတစ်ခုရှိသည်
တစ်ပုံစံတည်း
လက်ပတ်ပေါ်ကနာမည်လေးကလွဲလို့ပေါ့
ဂျဲနိုရဲ့လက်ကောက်ဝတ်က လက်ပတ်ပေါ်မှာတော့ ဂျယ်မင်းဆိုတဲ့နာမည်လေးကနေရာယူထားသည်
ဂျဲနိုဘဝထဲမှာ နာဂျယ်မင်းဆိုတဲ့ကောင်လေးနေရာယူထားသလိုမျိုး
သိပ်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်တဲ့ဒီလိုနဲ့ဘဲ
အစလည်းမဟုတ်သလို အဆုံးသတ်ဆိုတာလည်းမရှိတဲ့ အမည်တပ်ရခက်တဲ့ဆက်ဆံရေးတစ်ခုမှာ ကောင်လေးနှစ်ယောက်ဟာလည်နေခဲ့ကြတယ်
ဒါတွေအားလုံးဘယ်ကစမှားခဲ့တာလဲ
လို့မေးရင်
ပြီးခဲ့တဲ့နှစ်က နွေဦးရာသီတစ်ခုကိုသူတို့နှစ်ယောက်လုံး လက်ညှိုးထိုးအပြစ်တင်မိကြမှာပင်
YOU ARE READING
Flowers of Spring (Nomin)
Fanfictionအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော