22 - Let's go back to where it began

465 38 1
                                    


ဒီဇာတ်လမ်းရဲ့ အစဆီကိုပြန်သွားကြရအောင်
(Intro ကိုညွှန်းပါတယ်)

အဲ့ဒီနွေဦး

"ဂျဲနို.....တစ်ခုခုပြောဦးလေ"
ဂျယ်မင်းက အားမလိုအားမရမေးတယ်
ကော်ဖီခွက်ကိုစိမ်ပြေနပြေမွှေနေတဲ့ ဂျဲနိုကတော့ မော့ကြည့်မလာဘဲ
အေးစက်စက်ပြန်ဖြေသည်
"မင်းသွားချင်သွားလေ"
"ငါကတော့သွားချင်တာပေါ့"
ဂျယ်မင်း နှုတ်ခမ်းဆူရင်း မျက်လုံးလေးစင်းကာပြောလိုက်တာကို ဂျဲနိုကခပ်ငေးငေးကြည့်နေသည်
"သွားချင်ရင်သွားပေါ့"
"ဒါပေမယ့် မင်းကဒီလိုကြီးဖြစ်နေတော့ ငါဘယ်လိုလုပ်ရမလဲ"
ဂျယ်မင်းတစ်ယောက် သူ့ကိုမော့ကြည့်လာသည့်အခါမှာတော့ ဂျဲနိုက ကော်ဖီခွက်ဆီကို မျက်နှာလွှဲပြီးသားဖြစ်နေပြီ
သူက ကော်ဖီခွက်ကို အသာမကာသောက်လိုက်ပြီး ပြန်မေးလိုက်တယ်
"ငါက ဘယ်လိုကြီးဖြစ်နေလို့လဲ"
"ငါဘူဆန်ခရီးလိုက်သွားမယ့်အကြောင်းပြောပြီးတည်းက မင်းမျက်နှာကြီးက ဒီလိုကြီးဖြစ်နေတာလေ"
ဂျယ်မင်းက ဂျဲနိုရဲ့အေးတိအေးစက်မျက်နှာပုံကိုတုပြီးလုပ်ပြတော့ ဂျဲနိုကဘာမှပြန်မပြောဘဲအသာပြုံးသည်
ဂျယ်မင်းကတော့ စားပွဲပေါ်တင်ထားတဲ့ ဂျဲနိုရဲ့ဘယ်ဖက်လက်ကိုအုပ်ကိုင်လိုက်တယ်
"ဂျဲနိုကလည်း မေဂျာကလူတွေဘဲသွားမယ့်ခရီးစဉ်လေ ကားလက်မှတ်ကလည်းတစ်ယောက်စာဘဲကျန်တော့တာကို
မဟုတ်ရင် မင်းကိုခေါ်ပါတယ်"

ကျောင်းတွေပြန်ဖွင့်တော့ သူတို့ဒုတိယနှစ်စတက်ခဲ့ကြရပြီး အချိန်တွေက လျင်လျင်မြန်မြန်ဘဲကုန်သွားခဲ့သည်
ကျောင်းရဲ့နှစ်ပတ်လည်ပွဲအတွက် အတူတူပြဇာတ်ကခဲ့ကြတာတွေ
မာ့ခ်ဟျောင်းကို အဖွဲ့အစည်းတစ်ခုက ကျောင်းပြီးတာနဲ့ပရိုဂျူဆာအဖြစ် ခေါ်ယူဖို့ကမ်းလှမ်းတာတွေ
ရှိုထရိုက နာမည်ကြီး Entertainment တစ်ခုရဲ့ trainee ဖြစ်သွားတာတွေ
နောက်ပြီးတော့
မာ့ခ်ဟျောင်းနဲ့ ဟဲချန်းတို့ ချစ်သူဖြစ်သွားကြတာတွေ
အာလုံးက စာသင်နှစ်တစ်ခုအတွင်းမှာ မြန်မြန်ဆန်ဆန်ပင် ဖြစ်ပျက်သွားကြသည်
ခုတော့ semester တစ်ခုလည်းကုန်လုပြီ
အကမေဂျာဌာနကကျောင်းသားတွေစုပြီးသွားမယ့် ဘူဆန်ခရီးကို လိုက်သွားမယ့် ဂျယ်မင်းလည်း ခွေးပေါက်လေးလိုမှိုင်နေတဲ့ ဂျဲနိုကြောင့် စိတ်မဖြောင့်ဖြစ်နေရသည်
တကယ်တော့ အဲ့တစ်ပတ်ထဲမှာဘဲ ပြဇာတ်အတူတူကခဲ့တဲ့ကျောင်းသားနှစ်ဆယ်ကျော်လည်း ဂျယ်ဂျူကျွန်းကိုသွားမယ့်အဖွဲ့လိုက်ခရီးရှိနေခဲ့တာ
သူတို့သူငယ်ချင်းတစ်ဖွဲ့လုံးပြဇာတ်ကတဲ့ထဲ အတူတူပါခဲ့ကြတာမို့ လိုက်သွားရင် အားလုံးစုံမယ့်ခရီးဆိုပေမယ့်
ဂျယ်မင်းက အကမေဂျာကကျောင်းသားတွေနဲ့လည်းရင်းနှီးချင်တာကြောင့် မေဂျာခရီးကိုသာရွေးချယ်ဖြစ်ခဲ့သည်
ခုတော့ ဂျဲနိုကြောင့် ကိုယ့်ရွေးချယ်မှုကိုယ်ပြန်စဉ်းစားနေရပြီ
ဂျဲနိုကိုကြည့်ရသည်မှာ အရင်လိုလွတ်လပ်လန်းဆန်းမနေတော့
တစ်ခုခုက သူ့ကိုမပျော်ရွှင်နိုင်အောင်လုပ်နေသလို ဂျယ်မင်းခံစားနေရသည်
ဘာလဲဆိုတာတော့ မသေချာပေမယ့်
သူ ဂျဲနိုကိုပျော်စေချင်သည်
ဂျဲနိုရဲ့ လခြမ်းကွေးလိုမျက်လုံးလေးတွေမှေးမှိတ်သွားတဲ့ထိပြုံးတတ်တဲ့ အပြုံးလေးတွေကို အမြဲလတ်ဆတ်နေစေချင်သည်
ပြီးတော့ အရမ်းသဘောကျပြီး အမြဲတမ်းမြင်ချင်နေသည်

"ကဲကဲ ဒါဆိုလည်း အဲ့မေဂျာခရီးကဖျက်လိုက်တော့မယ် ပြဇာတ်အဖွဲ့တွေသွားမယ့်ခရီးဘဲလိုက်ခဲ့တော့မယ် ကျေနပ်ပြီလား"
"တကယ်လား"
စောစောကထိမှိုင်တွေပြနေတဲ့ အီဂျဲနိုဟာ ဂျယ်မင်းစကားအဆုံးမှာတော့ ချက်ချင်းရွှင်ပြလာတယ်
"အေး တကယ် ကော်ဖီခွက်လည်းမှောက်ကျဦးမယ်
လိုက်တာကဟုတ်ပါပြီ လေယာဉ်လက်မှတ်ကဘယ်လိုလုပ်မလဲ ငါကစာရင်းမှမပေးထားတာ"
"ကိစ္စမရှိဘူး ငါမင်းအစား စာရင်းပေးပြီး လက်မှတ်တစ်စောင်ပိုဝယ်ထားတယ်"
သွားဖြီးကာပြောတဲ့ ဂျဲနိုစကားအဆုံးမှာတော့ ဂျယ်မင်းဟက်ဟက်ပက်ပက်ရယ်ချလိုက်တော့သည်
"မနိုင်ဘူးဘဲ အီဂျဲနို"

Flowers of Spring (Nomin)Where stories live. Discover now