7 - Is it jealousy?

605 45 1
                                    

ဂျဲနိုက ဂျယ်မင်းကိုနားလည်သလိုလိုနဲ့နားမလည်ဘူး
ဂျယ်မင်းကတော့ ဂျဲနိုကိုဘယ်လိုမှကိုနားမလည်တာ

နွေဦးရဲ့ အစပျိုးလာတဲ့အပြောင်းအလဲများ - တတိယပိုင်း

အချိန်က ညရှစ်နာရီခွဲ
ဘီရိုကမကျဉ်းသော်လည်း ကျယ်လည်းမကျယ်လှသည်မို့ အရွယ်ရောက်ပြီးသား ယောက်ျားလေးနှစ်ယောက်အတွက်တော့ အတော်လေးစိတ်ကျဉ်းကြပ်စရာနေရာပင်
လက်ရှိရောက်နေတဲ့နေရာကြောင့် အဆင်မပြေဖြစ်နေရသည့်ထဲ ရှေ့တည့်တည့်က သူ့ကိုစိုက်ကြည့်နေတဲ့ အီဂျဲနိုကြောင့် ဂျယ်မင်းပိုပြီးစိတ်မသက်မသာဖြစ်လာသည်
သူတို့မျက်နှာတွေကအတော်လေးနီးကပ်နေကြရာ နှာခေါင်းချင်းတောင်ထိလုနေပြီ
ဒီအခြေအနေတွေဖြစ်လာစေတဲ့ တရားခံကသူကိုယ်တိုင်ဘဲမို့ ဂျယ်မင်းသူ့ကိုယ်သူသာ စိတ်ထဲကအပြစ်တင်နေမိတော့သည်
ဘယ်ကဘယ်လို ဒီလိုဖြစ်သွားတာပါလိမ့်
မနက်ကသူတို့ငါးယောက်ကျောင်းနောက်ကျသည်ကြောင့် မင်ဟီးကားနဲ့ပင်မဆောင်ထိလိုက်စီးခဲ့ကြတယ်မလား
ပြီးတော့
.
.
.
.
.
.
***လွန်ခဲ့တဲ့ ကိုးနာရီက***
"ဒီနေ့ကတော့ ဒီလောက်ဘဲ"
ဆရာက ထိုသို့ပြောလိုက်ပြီးသည်နှင့်
ကျောင်းသားအားလုံး ခြေကုန်လက်ပန်းကျကာ
ကြမ်းပြင်ပေါ်သို့ ထိုင်ချ လှဲချလိုက်ကြသည်
ပထမဆုံးနေ့မှာ အခြေခံကကွက်တွေတနင့်တပိုးသင်ကြားလေ့ကျင့်လိုက်ရတာမို့ အားလုံးပင်ပန်းနေကြပြီ
"ဆယ့်နှစ်နာရီမထိုးသေးဘူး အတန်းပြီးဖို့ မိနစ်သုံးဆယ်လိုသေးတယ်ကွ
မင်းတို့ကိုအိမ်စာပေးမယ်"
"ပထမဆုံးနေ့မှာ အိမ်စာတဲ့လား"
"ဆရာကလည်း!!!!"
"မဖြစ်ဘူးးးးး"
ဆရာ့ရဲ့အိမ်စာကို အကုန်ဝိုင်းကန့်ကွက်ကြသည်
ဆရာကတော့ မမှု
"အေးဆေးပါကွ တစ်လအချိန်ပေးမှာပါ
အခုအတန်းဆင်းပေးလိုက်မယ် ဒီကထွက်တာနဲ့ သီချင်းရေးတဲ့ Music Producing Department ကိုသွား ဟိုရောက်ရင် အဲ့ကကျောင်းသားတွေအစမ်းရေးထားတဲ့သီချင်းတွေထုတ်ပြလိမ့်မယ် ကိုယ့်ဘာကိုယ်စိတ်ကြိုက်တစ်ပုဒ်ရွေး ပြီးရင်အဲ့သီချင်းထဲက ကိုယ်ကြိုက်တဲ့နေရာ တစ်မိနစ်စာကို ကိုယ်ပိုင်ကကွက်ဖန်တီးကြည့်ပြီး သေချာလေ့ကျင့်ထား နောက်လ ဒီရက်ကျရင် အဲ့အိမ်စာစစ်မယ် မပြီးတဲ့လူ အမှတ်လျှော့မယ်"
"ဆရာ"
ရုတ်တရက်ခေါ်သံထွက်လာသည်
အသံလာရာဆီကိုအားလုံးလှည့်ကြည့်လိုက်ကြတော့ လေ့ကျင့်တဲ့အခန်းတံခါးဝမှာ ရပ်နေတဲ့ စီနီယာထယ်ယုံး
"အော် ထယ်ယုံးရောက်ပြီးလား ကဲအားလုံး အတန်းဆင်းပြီ Music Producing Department ကိုထယ်ယုံးနဲ့လိုက်သွားကြတော့"
"လာ အစ်ကို့နောက်လိုက်ခဲ့ကြ"

Flowers of Spring (Nomin)Where stories live. Discover now