2 - Meeting new people

736 59 1
                                    

ဂျယ်မင်းကသိပ်တုံးလွန်းတယ် အကောင်လိုက်ကြီးပြနေရင်တောင်အရိပ်ကိုလိုက်ရှာနေတာမျိုး
ဂျဲနိုကတော့ လျို့ဝှက်လွန်းတယ် အရိပ်ကလေးသေးသေးလေးပြဖို့ကိုတောင်ငြင်းဆန်နေတာမျိုး

နှစ်ယောက်လုံးက တလွဲတချော်တွေ

နွေဦးရဲ့ကျောင်းဖွင့်ချိန် - ဒုတိယပိုင်း

ဂျယ်မင်း သူ့ရဲ့အကမေဂျာဌာနကိုရောက်တော့ ဟဲချန်းကိုနှုတ်ဆက်ကာ အဆောက်အဦးထဲလှမ်းဝင်ခဲ့သည်
မေဂျာကကျောင်းသူကျောင်းသားတွေကအတော်လေးကြည့်ကောင်းကြသည်
အကဘောင်းဘီအပွတွေနဲ့ ဆံပင်ကိုပိုနီတေးချီထားကြပြီး ရေဘူးလှလှလေးတွေကိုအိတ်မှာချိတ်ထားတဲ့စီနီယာကျောင်းသူတွေရော
ဒူးလောက်ဘောင်းဘီတို စနီကာနဲ့ တီရှပ်ပွပွဝတ်ထားတဲ့အထာကျကျစီနီယာကျောင်းသားတွေရော
ကျောင်းသားအသစ်တွေက D-36 ကိုလာရောက်စုဝေးရန် ပြောထားတဲ့ကျောင်းဝက်ဘ်ဆိုက်က အကမေဂျာရဲ့ကြေငြာစာကိုတစ်ချက်ဖွင့်ကြည့်လိုက်ပြီး ဂျယ်မင်း ဓာတ်လှေကားဆီသွားတယ်
သူ အဝင်ဝမှာပြထားတဲ့အဆောက်အဦးဖွဲ့စည်းပုံကိုကြည့်ပြီးပြီ
အဲ့အခန်းက သုံးထပ်မှာ
ကျောင်းသားသစ်တွေဆယ်နာရီနောက်ဆုံးထားပြီးလာရောက်စုဝေးကြပါတဲ့
သူ့လက်ကောက်ဝတ်ကနာရီကိုကြည့်လိုက်တော့ ဆယ်နာရီငါးမိနစ်
ပထမဆုံးနေ့မှာ နောက်ကျရတယ်လို့
ဟုတ်တော့ဟုတ်နေပြီ
ဓာတ်လှေကားထဲသူတစ်ယောက်တည်းရှိပြီးဘယ်သူမှမလာတော့သည်မို့ အလျင်လိုနေတဲ့ဂျယ်မင်းက တံခါးအမြန်ပိတ်သွားရန်ခလုတ်နှိပ်လိုက်စဉ်မှာ
"ခဏလေး ခဏလေးဗျ စောင့်ပါဦး"
ခပ်ချိုချိုအော်သံနဲ့အတူ ကျောင်းသားတစ်ယောက်ဓာတ်လှေကားထဲဝင်ချလာတယ်
"ဆောရီးဗျ ကျွန်တော်နောက်ကျနေလို့ ဒါမီမှဖြစ်မှာမို့"
သူက ဂျယ်မင်းကိုခေါင်းငြိမ့်ပြရင်းတောင်းပန်တော့ ဂျယ်မင်းကလည်းရပါတယ်ဆိုတဲ့သဘောနဲ့ခေါင်းပြန်ငြိမ့်ပြလိုက်သည်
ကျောင်းသားကခပ်သွယ်သွယ်
အရပ်တော်တော်ရှည်ပြီး ဂျယ်မင်းထက်အတော်လေးမြင့်သည်
မျက်နှာလေးကတော့ငယ်နုနေသည်မို့ သူလည်းကျောင်းသားသစ်များလားဟုဂျယ်မင်းတွေးနေမိသည်
ကျောင်းသားသစ်ဖြစ်ရင်ကောင်းမယ်
ဒါဆိုနောက်ကျတာငါတစ်ယောက်တည်းမဟုတ်တော့ဘူးပေါ့
"တောင်"
ဓာတ်လှေကားက သုံးထပ်မှာပွင့်သွားသည်
နောက်ပြီး ဂျယ်မင်းဆုတောင်းပြည့်သည်
စောစောကကျောင်းသားကသူနဲ့အတူ D-36 ထဲကိုလိုက်ဝင်လာသောကြောင့်ပင်

Flowers of Spring (Nomin)Where stories live. Discover now