15 - Hug me to fully recharge me

531 43 1
                                    

သိစိတ်ကရှောင်ပြေးချင်နေပေမယ့် မသိစိတ်ကမင်းဆီကိုဘဲငါ့ကိုယ်ငါတွန်းပို့နေမိတယ် ဂျဲနို

နွေဦးရဲ့စာမေးပွဲကာလများ

"နာဂျယ်မင်း မြန်မြန်လုပ် ငါဗိုက်နာလှပြီဟ"
"ငါလည်းစောစောကမှ ဝင်တာလေ အီဟဲချန်းရဲ့ အိမ်သာသုံးလုံးတောင်ရှိတာ ဘာလို့ငါ့အိမ်သာကိုလာလုနေတာလဲ"
"အဲ့တာက လောင်န်ကျွင့်နဲ့ ဆောင်ချန်းတစ်ယောက်တစ်လုံးစီဦးထားလို့ အားး ထွက်တော့လို့ နာဂျယ်မင်းထွက် မင်းမထွက်ရင်ငါထွက်ကျလိမ့်မယ်"
"အေးအေး ထွက်ပြီထွက်ပြီ"
ဂျယ်မင်း အိမ်သာထဲက ကမန်းကတန်းထွက်လာတော့ ဟဲချန်းတစ်ယောက် ချွေးတွေပင်ပြန်နေပြီ
စာမေးပွဲကာလရောက်ပြီဆိုတည်းက လောင်န်ကျွင့် ရှိုထရိုနဲ့ ဆောင်ချန်းတို့သုံးယောက်က ဂျယ်မင်းတို့ဆီမှာဘဲ လာစတည်းချနေတော့တာ
မင်ဟီးဆိုတဲ့ဟာစားက သူလည်းလာနေမယ်လုပ်နေသေးတာ
ယောက်ျားလေးတွေချည်းကကိစ္စမရှိပေမယ့် သူလာနေရင် သူ့အားနာပြီး အနေရကြပ်လွန်းလို့ မလာပါနဲ့လို့မနည်းဝိုင်းတောင်းပန်ထားရသည်
ဒါတောင် သုံးရက်တစ်ခါလောက်တော့ အီဂျဲနိုဆီစာတူတူလုပ်ရန် ရောက်ရောက်လာတတ်သည်
ဟိုသုံးယောက်ကတော့ ဂျယ်မင်း ဂျဲနိုနဲ့ ဟဲချန်းတို့အခန်းတွေထဲ တစ်ယောက်တစ်ခန်းစီဝင်နေကြသည်
ဟဲချန်းနဲ့ လောင်န်ကျွင့်ကတစ်ခန်း
အီဂျဲနိုနဲ့ အင်အားသုံးပြီးတစ်ခန်းထဲနေရန်ဆွဲခေါ်ခံရလို့ကန့်လန့်ကန့်လန့်ပါသွားရတဲ့ ဆောင်ချန်းကတစ်ခန်း
ဂျယ်မင်းနဲ့ရှိုထရိုကတစ်ခန်း
ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့
သူတို့ကျောင်းက
လက်တွေ့လုပ်ရတဲ့ assignment တွေ project တွေအပေါ်အဓိကအမှတ်ယူတာဆိုပေမယ့်
စာတွေ့ဖြေရတာတွေကလည်း အရေးကြီးတာကြောင့် ပေါ့လို့မဖြစ်
ဂျယ်မင်း မီးဖိုချောင်ဖက်သွားကာ ပေါင်မုန့်မီးကင်တစ်ချပ်ယူပြီး အခန်းဆီပြန်ခဲ့တော့
သူ့အခန်းနဲ့တည့်တည့်က ဂျဲနိုအခန်းကတံခါးဖွင့်ထားတာမို့ အထဲကိုလှမ်းမြင်နေရသည်
အခန်းကရိုးရိုးရှင်းရှင်းပင်
အခန်းထောင့်မှာ စောင်ကိုဖြစ်သလိုလုံးပြီးပုံထားတဲ့ တစ်ယောက်အိပ်ခုတင်တစ်လုံးရှိနေပြီး
နံရံမှာတော့ ပြိုင်ဘီးနှစ်စီးကိုယှဉ်ပြီးချိတ်ထားသည်
"ဒေါက်ဒေါက်ဒေါက်"
ဂျယ်မင်းက ဖွင့်ထားတဲ့ တံခါးကိုခေါက်လိုက်တော့ စာကြည့်စားပွဲရှေ့မှာအပြန်အလှန်တိုင်ပင်နေကြတဲ့ ဂျဲနိုနဲ့မင်ဟီးကလှည့်ကြည့်လာသည်
"ဘယ်လိုလဲ အခြေအနေ စာတွေရကြပြီလား"
မင်ဟီးကငိုတော့မလိုခေါင်းခါပြပြီး
ဂျဲနိုကရယ်ဘဲရယ်နေသည်
"နောက်သုံးနာရီနေရင်ဖြေရတော့မှာ ခုထိနားလည်သလိုလိုမလည်သလိုလိုတွေအများကြီးဘဲ ငါ့ခေါင်းတွေလည်းပူထူနေပြီ"
"ဒါဆိုလည်း ဆယ်မိနစ်လောက်ဖြစ်ဖြစ်
လေသွားရှူပြီးခေါင်းရှင်းလိုက်ပါလား"
"အေးအေး အဲ့တာကောင်းတယ်"
မင်ဟီးကဂျယ်မင်းအကြံပေးချက်အတိုင်း လေရှူရန်ငေါင်တောင်တောင်ထွက်သွားသည်

Flowers of Spring (Nomin)Where stories live. Discover now