25 - Broken

535 41 1
                                    



နွေဦးရဲ့ နောက်ဆက်တွဲကြေကွဲခြင်းများ

"ဟျောင်း ဂျဲနိုနဲ့ဂျယ်မင်း ခုထိပြန်မရောက်ကြသေးဘူးဆိုတော့ အဆင်မှပြေကြရဲ့လားမသိဘူး"
"ပြေမှာပါ ဟဲချန်းနီးရဲ့ ကလေးတွေမှမဟုတ်တာ စားဦးမလား"
ပြေရာပြေကြောင်းပြောရင်း ပေါင်မုန့်ကိုထိုးပေးနေတဲ့ မာ့ခ်ကို အီဟဲချန်းမျက်စောင်းစထိုးတော့သည်
"ပြေမှာပါဘဲပြောနေလိုက်သိလား သူငယ်ချင်းတွေကိစ္စစိတ်မဝင်စားဘူး အစားအသောက်ဘဲအာရုံရနေတယ် အလကားအီမင်ဟျောင်း"
"အကြီးကိုအဲ့လိုပြောရလား အီဟဲချန်းအရိုင်းအစိုင်းလေးရဲ့ ဖက်နမ်းလိုက်ရမလား"
"မသိဘူးလေ နမ်းချင်လည်းနမ်းပေါ့"
နှုတ်ခမ်းဆူကာ ပြုံးစိစိလုပ်နေတဲ့ ဟဲချန်းကို အူရားလာတဲ့မာ့ခ်တစ်ယောက် အနားတိုးသွားတုန်းမှာပင်
"ဟဲချန်းး"
အခန်းတံခါးက ဝုန်းခနဲပွင့်သွားကာ ဂျယ်မင်းဝင်ချလာသည်

"နာဂျယ်မင်း တံခါးမခေါက်တတ်ဘူးလား"
စောစောကထိသူ့သူငယ်ချင်းကိုစိတ်ပူနေတဲ့အီဟဲချန်းကလည်း ကြည်နူးစရာအချိန်လေးကို နှောင့်ယှက်ခံလိုက်ရတာကြောင့် မကျေမနပ်စီးကြိုသည်
"ဆောရီး ငါဒီညမင်းနဲ့အိပ်လို့ရမလား
မာ့ခ်ဟျောင်း ကျွန်တော်နဲ့အခန်းလဲပြီးဂျဲနိုနဲ့ သွားအိပ်ပေးလို့ရမလား"
"မရဘူး"
"ဟဲချန်းနီးကလည်း အဲ့လိုမလုပ်ရဘူးလေ"
ချက်ချင်း မရဘူးထပြောတဲ့ ဟဲချန်းကို မာ့ခ်ကဖြောင်းဖျလိုက်သည်
"ဘာဖြစ်လာကြတာလဲ အရင်ပြော"
ဟဲချန်းကတစ်ထစ်လျှော့သွားတော့ ဂျယ်မင်းကမာ့ခ်ကိုလှမ်းကြည့်သည်
အလိုက်သိတဲ့ မာ့ခ်ကလည်း အခန်းထဲကရှောင်ပေးရှာသည်
"နှစ်ယောက် အေးဆေးပြောကြလေ ဟျောင်းအပြင်မှာလေထွက်ရှူဦးမယ် ပြီးရင်ဘယ်မှာအိပ်ရမလဲဖုန်းဆက်လိုက် ဟုတ်လား"
ဟဲချန်းနဲ့ဂျယ်မင်းနှစ်ယောက်သား ခေါင်းငြိမ့်ပြလိုက်ပြီး မာ့ခ်ထွက်သွားတာနဲ့ ဟဲချန်းကစမေးတော့သည်

"ပြော ဘာဖြစ်ခဲ့တာလဲ"
"ဂျဲနို....သူဖွင့်ပြောတယ်"
"အင်း မင်းသိနေပြီးသားမလား"
ဟဲချန်းကတော့ ဟဲချန်းပင်
သူငယ်ချင်းတွေဆီမှာ ဖြစ်ပျက်နေသမျှအကုန်သူသိသည်
"ငြင်းခဲ့တာလား"
"ငြင်းခဲ့တယ် သူငယ်ချင်းတွေလိုဘဲဆက်နေရအောင်လို့ပြောခဲ့တယ်"
"အဲ့တာဆိုလည်းပြီးတာဘဲလေ အခုကဘာလို့ငိုနေရတာလဲ"
"ငါက ဂျဲနိုကိုအမြဲဝမ်းနည်းရအောင် နာကျင်ရအောင်လုပ်တယ် ငါကိုယ်တိုင်ကမရည်ရွယ်ရင်တောင်အမြဲအဲ့လိုအရာတွေကိုဘဲရွေးချယ်မိနေတယ် ငါ့ကိုယ်ငါမုန်းလိုက်တာ"
"မင်းရဲ့ရွေးချယ်မှုကြောင့် ဂျဲနိုနာကျင်ရတာကဟုတ်ပါပြီ မင်းကိုယ်တိုင်ကရော အဲ့ရွေးချယ်မှုကြောင့်ပျော်နေရလို့လား နာဂျယ်မင်းရယ်"
ဟဲချန်းစကားအဆုံးမှာ ဂျယ်မင်းဟာ ခုတင်ပေါ်ကိုအရုပ်ကြိုးပြတ်ထိုင်ကျသွားတယ်
နှစ်ယောက်လုံးပျော်ရွှင်ရမယ့် ရွေးချယ်မှုတစ်ခုက
မင်းရှေ့မှာတင်ရှိနေတာ တစ်ခါလောက်များ သတ္တိရှိကြည့်လိုက်ပါလားနာဂျယ်မင်းရယ်လို့ ပြောချင်ပေမယ့် အပြောင်းအလဲတွေကိုကြောက်တတ်လွန်းတဲ့ သူ့သူငယ်ချင်းလေးရှေ့မှာ ဟဲချန်းပြောမထွက်
ကိုးနှစ်ကြာ သူငယ်ချင်းအရင်းကြီးအဖြစ်ရှိခဲ့တဲ့သူကို ရူတ်တရက် ချစ်သူအနေနဲ့သဘောထားလိုက်ဖို့ဆိုတာလည်း ဂျယ်မင်းလိုလူမျိုးအတွက် လွယ်မှမနေတာလေ
"ကဲကဲ မိုးလည်းချုပ်နေပြီ ရေဝအောင်သောက်ပြီးအိပ်လိုက်တော့ မနက်ကျလည်း ကျွန်းပေါ်သွားလည်ကြဦးမှာမလား မာ့ခ်ဟျောင်းကို မင်းအခန်းသွားအိပ်ဖို့ ငါဖုန်းဆက်လိုက်မယ်"




Flowers of Spring (Nomin)Where stories live. Discover now