ဂျဲနိုက သူ့ပိုင်ဆိုင်မှုလို့နာမည်တပ်လို့မရတဲ့ အရာကိုမှ အပိုင်သိမ်းထားချင်စိတ်သိပ်များနေတယ်
ဂျယ်မင်းကတော့ ချုပ်ချယ်ခံရတာကိုသိပ်မုန်းတယ်နွေဦးရဲ့ကျောင်းဖွင့်ချိန် - တတိယပိုင်း
ကန်တင်းကိုရောက်ခဲ့ကြတော့ ဂျဲနိုက စားပွဲဝိုင်းတစ်ခုမှာထိုင်နှင့်နေပြီ
သူတစ်ယောက်တည်းတော့မဟုတ်
ဘေးမှာ ခပ်ချောချောကောင်မလေးတစ်ယောက်လည်းထိုင်နေသည်
ဂျဲနိုရဲ့လင်ဗန်းဘေးမှာ သူ့လင်ဗန်းလိုဘဲ နေ့လည်စာအပြည့်အစုံယူထားပြီးသား လင်ဗန်းတစ်ခုလည်းရှိနေတယ်
"ဟာ ဝက်သားကတ်တလိတ်"
ဟဲချန်းက ဗန်းထဲကဝက်သားပြားကိုမြင်သည်နှင့် မျက်လုံးတွေဝင်းလက်သွားကာ ထိုဗန်းကိုဆွဲယူတော့ ဂျဲနိုကပြန်ဆွဲထားသည်
"မရဘူး ဒါ ဂျယ်မင်းဖို့"
သူကပြောရင်း လင်ဗန်းကို ဟဲချန်းဘေးမှာဝင်ထိုင်လိုက်တဲ့ဂျယ်မင်းဆီတွန်းပို့လိုက်သည်
"ဟင် ငါ့ဖို့ရော"
"မင်းကဂျီးများလွန်းလို့ အရွက်မစားချင်ရတာနဲ့ ယူလာတဲ့အသားပြားကသေးတယ်ကြီးတယ်ကပြောဦးမှာ အဲ့ကြောင့် မင်းဘာမင်းသွားယူ"
"ရပါတယ် သူငယ်ချင်းနှစ်ယောက်မှာတစ်ယောက်ကိုဒီလိုမျက်နှာလိုက်တာက မင်းဝါသနာဆိုတော့လည်း ငါကဘဲခွင့်လွှတ်ပေးလိုက်ပါ့မယ်"
ဟဲချန်းက နာကျင်သွားဟန် ဖိတ်စမိုင်းနဲ့ပြုံးပြဒရာမာချိုးရင်း နေ့လည်စာယူရန်ထွက်သွားသည်
ဆောင်ချန်း ရှိုထရိုနဲ့ လောင်န်ကျွင့်တို့သုံးယောက်လည်းနေ့လည်စာယူဖို့ဟဲချန်းနဲ့လိုက်သွားသည်မို့ တစ်ယောက်တည်းသာကျန်ခဲ့တဲ့ဂျယ်မင်းက ဂျဲနိုဘေးကိုတိုးကာထိုင်လိုက်သည်
ထိုအခါမှ
ဂျဲနိုဘေးက ကောင်မလေးက ဂျယ်မင်းကိုလှလှလေးပြုံးပြသည်
ဂျယ်မင်းလည်း အူကြောင်ကြောင်ပြန်ပြုံးပြလိုက်ရင်း ဂျဲနိုကိုဘယ်သူလဲဆိုတဲ့အကြည့်နဲ့လှမ်းကြည့်တော့ ဂျဲနိုကစပြီးမိတ်ဆက်ပေးသည်
"မင်ဟီးတဲ့ ဂင်မင်ဟီး ငါတို့မေဂျာကဘဲ မေဂျာမိတ်ဆက်ပွဲမှာရင်းနှီးသွားတော့ သူကတစ်ယောက်တည်းဖြစ်နေလို့ ငါနဲ့တူတူနေ့လည်စာလိုက်စားဖို့ခေါ်လာတာ"
မေဂျာမိတ်ဆက်ပွဲမှာ ငါနဲ့ဟဲချန်းက ယောက်ျားလေးဘော်ဒါတွေရလာပေမယ့် မင်းကတော့ကောင်မလေးလှလှလေးတဲ့လား ဆိုတဲ့
မလိုတမာစကားကိုဂျယ်မင်းထုတ်မပြောဖြစ်ခဲ့
ဘာလို့ဆို သူ့ဦးနှောက်အတွင်းပိုင်းထဲက အဲ့မလိုတမာအသံလေးက သူကိုယ်တိုင်တောင်မကြားနိုင်လောက်အောင် တိုးလွန်းနေခဲ့တာလေ
YOU ARE READING
Flowers of Spring (Nomin)
Fanfictionအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော