နွေဦးရဲ့ နောက်ဆက်တွဲကြေကွဲခြင်းများလှိုင်းပုတ်သံတဝုန်းဝုန်းနဲ့ ရေလည်ဘားလေးကအတော်လေးသာယာသည်
ဖွင့်ထားတဲ့ သီချင်းသံတိုးတိုးငြိမ့်ငြိမ့်လေးကြောင့်စိတ်ထဲ တည်ငြိမ်အေးချမ်းနေသည်
လေပြေလေးတိုက်ခတ်လာတိုင်း ခပ်ပါးပါးစားပွဲခင်းစလေးကတလှုပ်လှုပ်
ဆောင်ချန်းက ဘီယာအေးအေးကိုတမြုံ့မြုံ့သောက်နေပြီး
အရက်မကြိုက်တဲ့ ဂျယ်မင်းကတော့ alcohol မပါတဲ့ ကော့တေးတစ်ခွက်ကိုသာတစိမ့်စိမ့်မြည်းစမ်းသောက်ကြည့်နေသည်
သူတို့ပြန်ရောက်တော့ ခဏနား ရေမိုးချိုးပြီးထွက်ခဲ့တုန်းကပင် ရှစ်နာရီထိုးလုပြီမို့ ပတ်ဝန်းကျင်ကလည်း မှောင်နေပြီ
ဘားက ထွန်းထားတဲ့ မီးရောင်ဝါဝါလေးတွေနဲ့ လရောင်ကပနံရနေတာကြောင့် ညခင်းက အတော်လေးလှပနေသည်
"ဟျောင်း မနေ့ညက..."
မနေ့ညက ကမ်းခြေက ဂိမ်းဆော့ကြတဲ့အကြောင်းကို ဆောင်ချန်းရည်ညွှန်းနေမှန်း ဂျယ်မင်းသိလိုက်သည်
တစ်နေ့လုံး ဂျဲနိုအကြောင်းသာခေါင်းထဲရောက်နေတာကြောင့် ထိုကိစ္စကိုမေ့နေပေမယ့် အဲ့တာကလည်းပေါ့သေးသေးတော့မဟုတ်
"ဟျောင်း စိတ်ဆိုးလား"
"ဘာကိုလဲ"
"ကျွန်တော် ဟျောင်းကို ဟိုဟာ....နမ်းလိုက်တာကိုလေ"
"စိတ်မဆိုးပါဘူး ဆောင်ချန်းရဲ့ ဂိမ်းကစားတာဘဲဟာ"
"ဂျယ်မင်းဟျောင်း! ဟျောင်းကအရူးလား ဂိမ်းကစားတာသပ်သပ်မဟုတ်မှန်းလည်းသိရဲ့သားနဲ့"
"အင်း"
"ကျွန်တော် ဟျောင်းကိုသဘောကျတယ်"
သူတို့တစ်ဝိုင်းကလွဲပြီး မရှိတာကြောင့် လှိုင်းပုတ်သံအချို့သာကြားနေရတဲ့ပတ်ဝန်းကျင်မှာ ဆောင်ချန်းအသံကတည်ငြိမ်စွာထွက်လာသည်
လေကစောစောကထက် အတန်ငယ်ပိုပြီးခပ်ပြင်းပြင်းတိုက်ခတ်လာသည်
ရေကူးကန်ဘေးမှာ တစ်စုံတစ်ယောက်ဆီကဖွင့်ဟဝန်ခံချက်ကိုကြားခဲ့ရတုန်းကလိုမျိုး နှလုံးသားက နှိမ့်ခနဲ့သိမ်သိမ်မွေ့မွေ့လှိုက်ဆင်းသွားတဲ့ ခံစားချက်မျိုးမရသလို
ခြေတွေလက်တွေတုန်ကာ ရင်ထဲအေးသွားလိုက် နွေးသွားလိုက်လည်းဖြစ်မနေ
ထူးဆန်းစွာနဲ့ဘာဆို ဘာမှမခံစားရ
သူ့အတွက် သူငယ်ချင်းလည်းဖြစ်သလို ချစ်ရတဲ့ညီလေးလည်းဖြစ်တဲ့ဆောင်ချန်းကို ဘယ်နည်းလမ်းကိုသုံးပြီး အသိမ်မွေ့ဆုံးငြင်းဆန်နိုင်မလဲဆိုတာသာ တွေးနေမိသည်
"တီတီတီ"
ရုတ်တရက် တတီတီမြည်လာတဲ့ဖုန်းသံက ဆောင်ချန်းဖုန်း
ဂျယ်မင်းဖုန်းက သူနဲ့ပါမလာ
ကျွန်းပေါ်မှာကျန်ခဲ့သည်ထင်သည်
အီဟဲချန်းကို ကင်မရာနဲ့ဓာတ်ပုံရိုက်ပေးဖို့ ဘေးမှာခဏချထားရင်းကျန်ခဲ့တာ
ဟိုတယ်ခန်းရောက်လို့ရေချိုးပြီးမှ ပျောက်မှန်းသိတာကြောင့် ဘာမှလုပ်မရတော့
"ဟဲချန်းဟျောင်း ပြောဘာလဲ"
တကယ့်အချိန်ကြီးမှ ဖုန်းထလာတာမို့ ဆောင်ချန်းကလည်းသိပ်ကြည်မနေ"ဗျာ? ဂျဲနိုဟျောင်းဘာဖြစ်လို့လဲ"
အရင်းနှီးရဆုံးနာမည်နှစ်လုံးကြောင့် ဂျယ်မင်းနားကအလိုလိုစွင့်ပြီးသားဖြစ်သွားသည်
"ပြန်မရောက်လာဘူးလားဟုတ်လား ကျွန်တော်တို့နဲ့လည်းပါမလာဘူးလေ"
"ဆောင်ချန်း ဂျဲနိုဘာဖြစ်လို့လဲ"
"ဟဲချန်းဟျောင်းက ဟျောင်းနဲ့ပြောမယ်တဲ့"
ဆောင်ချန်းထိုးပေးတဲ့ဖုန်းကို ဂျယ်မင်း ကမန်းကတန်းလှမ်းယူလိုက်သည်
"နာဂျယ်မင်း ဘာလို့ဖုန်းမကိုင်တာလဲ!"
စလာတည်းက အော်ဟစ်ဆူပူနေတဲ့ဟဲချန်းကြောင့် ဂျယ်မင်း ဖုန်းကိုဝေးဝေးရွှေ့ကာ နားကိုပိတ်ထားရသည်
"ဟဲချန်း ငါ့ဖုန်းပျောက်နေတာ ကျွန်းပေါ်ကျန်ခဲ့တယ်ထင်တာဘဲ ဂျဲနိုဘာဖြစ်လို့လဲ"
"....."
"ဟေ့ကောင်! ဂျဲနိုဘာဖြစ်လို့လဲလို့"
"ခဏလေး မာ့ခ်ဟျောင်းဖုန်းနဲ့ မင်းဖုန်းကိုထပ်ခေါ်ကြည့်တာ ဟိုဖက်ကကိုင်တယ်ရော မင်းပြောတော့ကျွန်းပေါ်ကျန်ခဲ့တာဆို ဒီအချိန်ကျွန်းပေါ်လူတစ်ယောက်မှမရှိ....ဟင်"
ဟဲချန်းရဲ့ 'ဟင်' ဆိုတဲ့ အသံက ဘာကိုဆိုလိုသလဲဆိုတာ တခဏအတွင်း ဂျယ်မင်းသဘောပေါက်သွားသည်
"အီဂျဲနို"
"ဟုတ်တယ် အီဂျဲနို ခဏလေး မာ့ခ်ဟျောင်းနဲ့ပြောနေတယ်"
"အင်း ဘာတဲ့လဲ"
"ဟုတ်တယ် ကျွန်းပေါ်မှာတဲ့ လှေနှစ်စီးလုံးပေါ်မှာ
မင်းကိုမတွေ့လို့ ကျွန်းပေါ်သွားပြန်ရှာရင်းနဲ့ကျန်ခဲ့တာတဲ့"
"ကျွတ် စောက်ရူးလိုဘဲ"
"အေး ကျွန်းပေါ်က လိုင်းသိပ်မကောင်းဘူးထင်တယ် ဘာမှမကြားရတော့ဘူး ကျသွားပြီ"
လိုင်းမကောင်းဘူး?
လေတိုက်လို့လား
ရုတ်တရက် ဖြတ်ခနဲခေါင်းထဲဝင်လာတာက မုန်တိုင်းသတင်း
ဆယ့်နှစ်နာရီနောက်ပိုင်း မုန်တိုင်းအသေးစားလေးတိုက်ခတ်မည်ဆိုတဲ့ သတင်းကြေညာထားသည်မလား
ရှစ်ထ်
အီဂျဲနိုအရူးလိုကောင်ဖုန်းချလိုက်ပြီး ချက်ချင်းလိုနေရာကထပြေးဖို့လုပ်တဲ့ ဂျယ်မင်းရဲ့လက်ကို ဆောင်ချန်းလှမ်းဆွဲထားလိုက်သည်
"ဂျယ်မင်းဟျောင်း ဘာဖြစ်နေကြတာလဲ"
"ဆောရီးဆောင်ချန်း ဟျောင်း မင်းကိုအဲ့လိုမကြိုက်ဘူး မင်းကိုတကယ်သဘောကျတဲ့လူနဲ့တွေ့ပါစေလို့ဆုတောင်းပေးတယ်နော်"
ဂျယ်မင်းက သူပြောချင်တာကို ဒရောသောပေါးပြောကာ ဆောင်ချန်းဆွဲထားတဲ့သူ့လက်ကို ဆောင့်ရုန်းပြီးပြေးထွက်သွားတော့သည်ညကိုးနာရီခွဲ
မုန်တိုင်းအကြိုလေက ပြင်းထန်လာနေပြီ
ဆောင်ချန်းတစ်ယောက်လည်း ငြိမ်သက်စွာထိုင်နေခဲ့သည်
လက်ဖျားတွေတင်မက နှလုံးသားကပါအေးစက်လို့
YOU ARE READING
Flowers of Spring (Nomin)
Fanfictionအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော