နွေရာသီကျောင်းပိတ်ရက်များ - ဒုတိယပိုင်းသူတ်ို့သူငယ်ချင်းတွေ စီးလာကြသည့်ကားလေးက မြို့ထဲကတဖြည်းဖြည်းထွက်လာသည်နှင့်အမျှ ဘေးပတ်ဝန်းကျင်ကပိုမိုအေးချမ်းကာတိတ်ဆိတ်လာသည်
ထူထပ်လာသည့် သစ်ပင်တွေကိုတရိပ်ရိပ်ကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ လယ်ကွင်းစိမ်းတွေကို စမြင်လာရပြီ
"သာယာလိုက်တာ"
ဆောင်ချန်းဘေးက ဂျယ်မင်းကခပ်တိုးတိုးပြောသည်
တကယ်လည်းတော်တော်သာယာသည်
လူထူထပ်တဲ့မြို့နဲ့ဝေးရာဆိုတော့ နွေရာသီဆိုပေမယ့် သိပ်လည်းမပူ
နေလို့ကောင်းရုံလေးသာနွေးနေသည်"ဟျောင်း သီချင်းနားထောင်မလား"
"ဂျယ်မင်း ရော့"
ဆောင်ချန်း သူ့ကျောပိုးအိတ်ထဲက အိုင်ပေါ့လေးနဲ့နားကြပ်ကိုထုတ်ပြီး ဂျယ်မင်းကိုကမ်းပေးတော့ ဂျဲနိုအသံကပါ သူ့အသံနဲ့တစ်ပြိုင်တည်းထွက်လာသည်
သူကြည့်လိုက်တော့
ဂျဲနိုဟျောင်းကလည်း ဂျယ်မင်းဟျောင်းကို နားကြပ် ကမ်းပေးနေခဲ့တာ
ငါ့ကိုရွေး
ငါ့ကိုရွေး
ဂျယ်မင်းဟျောင်း ကျွန်တော့်ကိုရွေးပါ
ဆောင်ချန်းမသိမသာ သက်ပြင်းချလိုက်ရင်း ကြိတ်ဆုတောင်းနေမိသည်
နှစ်ယောက်ယှဉ်လာရင် အမြဲတမ်းဂျဲနိုကိုသာရွေးလေ့ရှိတဲ့ ဂျယ်မင်းကြောင့် ဆောင်ချန်း စိတ်မသက်မသာဖြစ်ရသည်
ဘာလို့စိတ်မသက်မသာဖြစ်လည်းတော့ သူမသိ
သိလည်းမသိချင်
အရာအားလုံးက ကောက်ချက်ချလိုက်ဖို့ကျစောလွန်းနေသေးသည်မလား"ငါအိပ်မလို့ ကိုယ့်ဘာကိုယ်နားထောင်ကြ"
ဂျယ်မင်းက ပြောပြောဆိုဆိုနဲ့ ခေါင်းကိုအနောက်မှီကာ မျက်စိမှိတ်ချလိုက်တော့ သူတို့လည်း ကိုယ့်နားကြပ် ကိုယ့်နားထဲသာထိုးထည့်
လိုက်ကြတော့သည်
ခဏကြာတော့ အကွေ့တွေများလာတာကြောင့်အလယ်မှာအိပ်နေသည့်ဂျယ်မင်းခေါင်းက ဟိုဖက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက်ဖြစ်လာသည်
ဆောင်ချန်း ဟ်ိုဖက်စွန်းက ဂျဲနိုကို မျက်လုံးထောင့်ကပ်ကြည့်လိုက်တော့ ဂျဲနိုကလည်းသတိထားမိဟန်တူသည်
ခပ်တောင့်တောင့်ထိုင်နေပြီး ဂျယ်မင်းရဲ့ခေါင်းကို မသိမသာ လိုက်ကြည့်နေသည်
ဒါပေမယ့် ကံတရားကဒီနေ့ဆောင်ချန်းဖက်မှာ
အကွေ့တွေက ဆောင်ချန်းဖက်ကိုကွေ့ရတာများသည်မို့ ဂျယ်မင်းက တဖြည်းဖြည်းနဲ့သူ့ဖက်ပိုပိုစောင်းလာသည်
ရှေ့မှာနောက်တစ်ကွေ့
ဒါဆိုလုံလောက်ပြီ
ဆောင်ချန်း ခပ်လျှောလျှောပြင်ထိုင်ကာ ပခုံးကိုနှိမ့်စောင်းပေးထားလိုက်သည်
ဒါပေမယ့်.....
ဂျယ်မင်းခေါင်းကတော့ သူ့ပခုံးပေါ်ရောက်မလာခဲ့
ဘာလို့လဲ
ကားမကွေ့ခင်လေးမှာပင် ဂျဲနိုက
ဆောင်ချန်းပေါ်မှီကျတော့မယ့် ဂျယ်မင်းရဲ့ခေါင်းကို လှမ်းဆွဲယူပြီး သူ့ပခုံးပေါ်တင်ထားလိုက်တာကြောင့်ဖြစ်သည်
ဒါသပ်သပ်ညစ်တာ
ဆောင်ချန်း မကျေမနပ်လှမ်းကြည့်တော့ ဂျဲနိုက မျက်ခုံးပင့်ကာ မေးဆတ်ပြသည်
လုပ်ထားဦးပေါ့ ဂျဲနိုဟျောင်း
YOU ARE READING
Flowers of Spring (Nomin)
Fiksi Penggemarအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော