ဂျယ်မင်းက ပြောင်းလဲမှုတစ်ခုကြောင့် ဆုံးရှုံးသွားရမယ့်အရာတွေကို ကြောက်တယ်
ဂျဲနိုကတော့ ဂျယ်မင်းကိုဆုံးရှုံးရမှာပိုကြောက်တယ်ဒီလိုနဲ့ဘဲ ဘယ်သူကမှရှေ့ဆက်မတိုးဖြစ်ခဲ့ကြဘူး
နွေဦးရဲ့ အစပျိုးလာတဲ့အပြောင်းအလဲများ - ဒုတိယပိုင်း
"မြန်မြန် မြန်မြန်လာစမ်းပါ ရားးး အီဟဲချန်းး
မြန်မြန်လာလို့!!!"
ပလက်ဖောင်းတစ်လျှောက်ပြေးသွားရင်း ဂျယ်မင်း နောက်ကိုလှည့်တကြည့်ကြည့်နဲ့ အသားကုန်အော်သည်
နောက်မှာက သူနဲ့ဆယ်လှမ်းလောက်ကွာတဲ့ ဟဲချန်း
သူ့ရှပ်အင်္ကျီကြယ်သီးတွေကနေရာလွဲတပ်ထားပြီးတော့ ဆံပင်ကခေါင်းမဖြီးရသေးတဲ့ပုံရှုပ်ပွနေကာ ဒရောသောပါးပြေးလာနေသည်
မပြေးလို့လည်းမရ
သူတို့နဲ့ ခပ်လှမ်းလှမ်းက မှတ်တိုင်မှာ ဘတ်စ်ကားက စထွက်နေပြီ
ဒီကားမမီရင် ပထမဆုံးအတန်းစတက်ရမယ့်နေ့မှာ နောက်ကျတော့မည်
ဂျယ်မင်းအရှေ့ဆယ်လှမ်းလောက်ကြိုရောက်နေတဲ့ ဂျဲနိုက ခပ်နှေးနှေးစသွားနေတဲ့ဘတ်စ်ကားပေါ်ခုန်တက်သွားတာကို လှမ်းမြင်လိုက်ရသည်
ခဏကြာတော့ ဘတ်စ်ကားရပ်သွားသည်
ဂျဲနိုခဏရပ်ပေးဖို့ပြောလိုက်တာဖြစ်ရမည်
ဂျယ်မင်း ဘတ်စ်ကားဆီရောက်တဲ့ထိ
အီဟဲချန်းက သူ့ကိုမမီသေး
ခပ်လှမ်းလှမ်းမှာ
လုံးလုံးလုံးလုံးနဲ့ပြေးလာနေသည်
အဲ့တာ မနေ့ညကအမူးသောက်ပြီး မထနိုင်တဲ့အီဟဲချန်းကြောင့်သူတို့နောက်ကျနေကြတာ
"အမလေး အမလေး မောလိုက်တာ ဟောဟဲ
မင်းတို့ကခြေတံရှည်ကြီးတွေနဲ့ ငါ့ကိုမစောင့်ကြဘူး အမလေး အမေကယ်ပါ ငါသေတော့မယ်ထင်တယ်"
"နောက်မှအမောဖြေတော့ ကားကစောင့်နေရတာ လာလာတက်"
ရောက်ရောက်ချင်း ဘတ်စ်ကားကိုမှီကာ မောနေတဲ့ဟဲချန်းကို ဂျယ်မင်းဘတ်စ်ပေါ်ဆွဲတင်ကာ သူလည်းဝမ်းသာအားရတက်လိုက်သည်
တော်သေးတာပေါ့ ဂျဲနိုဘတ်စ်ကားကိုတားလိုက်နိုင်လို့
"ဟင်"
ဝမ်းသာလို့မှမဆုံးသေး မျက်စိရှေ့ကမြင်ကွင်းကြောင့်အမောဆို့သွားသည်
တစ်ကားလုံးအထက်ကျောင်းယူနီဖောင်းဆင်တူနဲ့ ကျောင်းသူကျောင်းသားတွေပြည့်ကြပ်နေသည်
ဟုတ်သားဘဲ ဒါကျောင်းသားတွေအများစုကျောင်းသွားတဲ့အချိန်
သွားပါပြီ
အခြေအနေကိုသူတို့မတိုင်ခင်မြင်ထားတဲ့ဂျဲနိုကလည်း ပါးစပ်ကြီးဟကာရပ်ကြည့်နေသည်
"ဂျဲနိုသွားသွား ဟိုဦးလေးကြီးနားသွားရပ်"
နောက်ကျတဲ့သူ့အပြစ်မှန်းသိလို့ခေါင်းပုနေတဲ့ဟဲချန်းကို ဂျယ်မင်းမျက်စောင်းထိုးလိုက်ပြီး
သူ့ရှေ့ကဂျဲနိုကို ဦးလေးကြီးတစ်ယောက်နားသွားရပ်ခိုင်းလိုက်သည်
ဘာလို့ဆို အထက်ကျောင်းက သူတို့ဆင်းရမယ့်မှတ်တိုင်ပြီးနောက်တစ်မှတ်တိုင်လေ
ဒီတော့ အထက်တန်းကျောင်းသားတွေဆီကခုံရဖို့မမြင်
ဦးလေးကြီးကတော့ ဒီကြားထဲမှာဆင်းသွားနိုင်သည်မလား
YOU ARE READING
Flowers of Spring (Nomin)
Fanficအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော