ဂျဲနိုက ဂျယ်မင်းကိုတစ်ယောက်ယောက်ကများသဘောကျရင် သူကဂျယ်မင်းထက်အရင်ကြိုသိနေတာမျိုး
နွေဦးရဲ့ရင်ခုန်သံများ - ဒုတိယပိုင်း
"အမေရိကာနို 2 shots နှစ်ခွက်"
"ဘာ 2 shots လဲ တစ်ခွက်က 8 shots လုပ်ပေးပါ"
"မဟုတ်ဘူးအစ်မ နှစ်ခွက်လုံး two shots ဘဲနော် လာလာ ဟျောင်း ဟိုပြတင်းပေါက်နားက စားပွဲမှာသွားထိုင်ကြမယ်"
ဆောင်ချန်းကပြောရင်းဆိုရင်း ဆွဲခေါ်သွားတာကြောင့် နာဂျယ်မင်းတစ်ယောက်အထွန့်မတက်နိုင်တော့ဘဲပါသွားတော့သည်
ဒီနေ့က စနေနေ့
ကျောင်းပိတ်ရက်ဆိုတော့ ဂျယ်မင်း ကတိပေးထားသည့်အတိုင်း ဆောင်ချန်းကို ဘာဂါနဲ့ကော်ဖီလိုက်ဝယ်ကျွေးတာ
မနက်ဆယ်နာရီမို့ မနက်ခင်းနေရောင်ကောင်းကောင်းကြောင့် သူတို့ထိုင်တဲ့ပြတင်းပေါက်ဘေးက စားပွဲကအတော်လေးလင်းလင်းချင်းချင်းရှိလှပြီး အပြင်ဖက်ရှုခင်းကိုလည်းကောင်းကောင်းမြင်ရသည်
"အားတိုင်း 8 shots သောက်မနေနဲ့ဟျောင်းရဲ့ ကျန်းမာရေးထိခိုက်မယ် တကယ်ဘဲ"
"ဟေ့ကောင် လျှာမရှည်နဲ့ ငါကလည်းဝယ်တိုက်ရသေးတယ်"
ကော်ဖီကိစ္စနဲ့ပတ်သက်ပြီး ဂျဲနိုရဲ့ပွစိပွစိနဲ့တင်လုံလောက်ပြီမို့ ဆောင်ချန်းပါထပ်မလိုတော့တဲ့ ဂျယ်မင်းက ဆောင်ချန်းဘာမှထပ်မပြောနိုင်ခင်အရင်ပိတ်ဟောက်လိုက်သည်
"ဒါနဲ့ ဟဲချန်းဟျောင်းရော မနေ့ကပြန်လာလား"
"အင်း ညဆယ့်နှစ်ကျော်မှပြန်ရောက်လာတာ
တစ်ကိုယ်လုံးလည်းအရက်နံ့တွေမွှန်ထူလို့"
"သောက်လာတာလား"
ဆောင်ချန်းကမေးတော့
ဂျယ်မင်းက ဘာဂါကိုတစ်ကိုက်ကိုက်ချလိုက်ပြီးမှဆက်ပြောသည်
"မဟုတ်ဘူး အဲ့မတိုင်ခင်ညကသောက်ထားတာနေမှာ ပြန်လာတော့မူးမနေဘူး ဒါပေမယ့် ဘာမေးမေးလည်းမဖြေဘူး အိပ်ခန်းထဲတန်းဝင်သွားတာဘဲ"
"ဘာတွေဖြစ်လာတာလဲမသိဘူး"
"အေး ငါလည်းမပြောတတ်တော့ဘူး"
ဂျယ်မင်းပြောနေရင်း တန်းလန်း ဆောင်ချန်းက သူ့ပါးစပ်ထောင့်မှာပေနေတဲ့မုန့်အစအနတွေကို လက်နဲ့လာသုတ်ပေးတာကြောင့်ကြောင်သွားသည်
ပြီးတော့ ဆောင်ချန်းကသူ့လက်သူ ရက်လိုက်သည်
"ရားးးးး ဂျောင်ဆောင်ချန်းးး အဲ့လိုကြောင်တောင်တောင်တွေမလုပ်ပါနဲ့ဆို! မင်းကဆိုက်ကိုပက်လားးး"
ဂျယ်မင်းအော်ရင်း တဖုန်းဖုန်းထရိုက်တော့
ဆောင်ချန်းတစ်ယောက်အမြန်ဖြေရှင်းရတော့သည်
"အားအား နာတယ်ဟျောင်းရဲ့ ပေနေလို့လေ မရိုးနိစ်တွေနှမြောစရာကြီးမို့ အား နာတယ်လို့"
"ဟင်"
"ဘာလဲ ဘာဖြစ်လို့လဲ"
"ဟိုနားက ချုံပုတ်ကြီးကလှုပ်သွားတယ်"
"ဘယ်နားကလဲ ချုံပုတ်ကလှုပ်စရာလား ဟျောင်းကလည်းကြောင်တောင်တောင်တွေပြောပြန်ပြီ"
"မဟုတ်ဘူး မဟုတ်ဘူး လှုပ်သွားတယ်လေ ဟိုမှာမတွေ့လိုက်ဘူးလား"
"ဘယ်မှာလဲ မတွေ့လိုက်ပါဘူး"
ဆောင်ချန်းကမတွေ့ဘူးဆိုတာကြောင့် ဂျယ်မင်းမငြင်းတော့ဘဲ လက်လျှော့လိုက်သည်
ဒါပေမယ့် ချုံပုတ်ကြီးလှုပ်နေတာသေချာပါတယ်
YOU ARE READING
Flowers of Spring (Nomin)
Fanfictionအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော