နွေဦးရဲ့မွေးနေ့အမှတ်တရ"ဟင် သားတို့ ဘယ်ကဘယ်လိုရောက်လာကြတာလဲ လာလာ"
အရမ်းမိုးချုပ်နေပြီမို့တိုက်ခန်းကိုမပြန်တော့ဘဲ အနီးဆုံးက ဂျယ်မင်းတို့အိမ်ကိုသာလာခဲ့ကြတော့သည်
ဘဲလ်တီးသံနဲ့အတူ တံခါးဝမှာရပ်နေတဲ့ သူတို့နှစ်ယောက်ကိုမြင်တော့ အံ့ဩသွားသည့် မေမေ့အပြုံးကနွေးနွေးထွေးထွေး
"စာမေးပွဲလည်းပြီးပြီဆိုတော့ ပစ္စည်းသိမ်းပြီးတဲ့ထိမစောင့်နိုင်တော့လို့ ဒီညဘဲ မေမေ့ဆီလာအိပ်လိုက်တော့တာ"
"အပိုတွေကပြောပြန်ပြီ အတတ်ကလေး
ညစာရောစားပြီးပြီလား မေမေ ဘာချက်ပေးရမလဲ ဂျဲနိုရော ဘာစားချင်လဲ"
ညဖက်ဗြုန်းစားကြီးရောက်ချလာတဲ့အပြင် ဂျဲနိုမျက်နှာပေါ်က ပလာစတာတွေကိုမြင်တာတောင် ဘာမှမမေးဘဲနေပေးတဲ့မေမေ့ကိုဂျယ်မင်းကြိတ်ပြီးကျေးဇူးတင်လိုက်သည်ဒီနောက် သူတို့နှစ်ယောက်ကိုယ်လက်သန့်စင်ပြီး မေမေချက်ပေးထားတဲ့ ပူပူနွေးနွေးထမင်းဟင်းတွေကိုစားကြသည်
အလုပ်ကိစ္စနဲ့ခရီးသွားနေတာကြောင့်ဖေဖေကအိမ်မှာမရှိတဲ့အပြင် မေမေကလည်းစောစောအိပ်တတ်သူမို့ ဂျယ်မင်းတို့နှစ်ယောက်ညစာစားပြီးချိန်မှာတစ်အိမ်လုံးတိတ်ဆိတ်နေပြီပန်းကန်တွေဆေးပြီးတာနဲ့ အပေါ်ထပ်တက်ဖို့ပြင်နေသည့်ဂျဲနိုကို ဂျယ်မင်းလှမ်းဆွဲလိုက်သည်
"ဒါကဘယ်သွားမလို့လဲ"
"မင်းအခန်းထဲလေ"
"နေဦး"
ဂျဲနိုက ဘာလဲဆိုတဲ့ပုံနဲ့ကြောင်တောင်တောင်ကြည့်လာသည်
"မင်းမွေးနေ့လေ မွေးနေ့ကိတ်ခွဲရမှာပေါ့"
"ကိတ်မှမရှိတာ"
"တစ်ခုခုတော့ရှိမှာပါ နေဦး"
ဂျယ်မင်း ရေခဲသေတ္တာကိုဖွင့်ပြီး ရှာပုံတော်ဖွင့်လိုက်တော့ ငါးမိနစ်အကြာမှာ ဟိုးချောင်ထဲက ပူတင်းဘူးတစ်ဘူးထွက်လာသည်
"ဒီမှာတွေ့ပြီ"
"အဲ့တာပူတင်းတွေလေ"
"လျှာမရှည်နဲ့ ဂျီးများလိုက်တာ"
ဂျယ်မင်းက ဂျဲနိုကိုငေါက်လိုက်ပြီး ဘူးထဲကပူတင်းကို ပန်းကန်တစ်ချပ်ထဲမှောက်ချလိုက်သည်
ခွက်ပုံစံကခုံးခုံးလေးမို့ ပူတင်းကလည်းကိတ်မုန့်လေးလိုဖြစ်နေသည်
သေးတာတော့သေးသေးလေး လက်ဖဝါးသာသာဘဲရှိမည်
ဖယောင်တိုင်သေးသေးလေးစိုက်လိုက်ကာ မီးထွန်းလိုက်ပြီးတာနဲ့ ဂျယ်မင်းတစ်ယောက်မွေးနေ့သီချင်းစဆိုတော့သည်
ဟက်ပီဘတ်ဒေးတူးယူ
ဟက်ပီဘတ်ဒေးတူးယူ
ဟက်ပီဘတ်ဒေး ချစ်ရတဲ့ ငါတို့ဂျဲနို
ဟက်ပီးဘတ်ဒေ တူးယူ
သီချင်းသံဆုံးတော့ ဂျဲနိုကမျက်စိမှိတ်ကာဆုတောင်းလိုက်ပြီးမှ ဖယောင်းတိုင်မီးကိုမှုတ်လိုက်သည်
"စားကြစို့"
တကယ်တော့ဘာမှမစားလိုက်ရ ပူတင်းသေးသေးလေးက တစ်ယောက်တစ်လုတ်ဆိုတာနဲ့အကုန်ပင်"ဟေ့ကောင် ဆင်းစမ်းခု အပေါ်ထပ်စတိုခန်းထဲမှာမွေ့ရာရှိတယ် အဲ့တာသွားယူပြီးခင်းအိပ်
ငါ့အိပ်ရာပေါ်ကခုဆင်း"
"မဆင်းပါဘူး ဘာလို့ဆင်းရမှာလဲ"
စားသောက်ပြီး ဂျယ်မင်းအခန်းထဲဝင်ခဲ့ကြတော့ အီဂျဲနိုက ငယ်ငယ်တုန်းကလိုဂျယ်မင်းအိပ်ရာပေါ်အရင်ပြေးတက်သည်
"ရား အီဂျဲနို ဆင်းစမ်းဆို"
"ငယ်ငယ်ကလည်းဒီပေါ်မှာဘဲအိပ်တာကို"
"ငယ်ငယ်ကသေးသေးလေးတွေလေ ခုကလူကောင်တွေလညိးကြည့်ဦး ငါ့အိပ်ရာသေးသေးလေးကိုဘယ်လိုလုပ်နှစ်ယောက်ဆံ့မှာလဲ"
"အဲ့လောက်မသေးပါဘူး ဆံ့ပါတယ်"
"ဆံ့လည်းငါမအိပ်တတ်ဘူး ကြပ်တယ်""အင်းအင်း ငါမွေ့ရာသွားယူလိုက်မယ်"
ဂျဲနိုက အတော်လေးကြာသည်အထိ တိတ်ဆိတ်နေပြီးမှ ခပ်တိုးတိုးပြောကာထလာတော့
ဂျယ်မင်းက သူ့ကိုလှမ်းဆွဲထားလိုက်ပြီး ဆောင့်ဆောင့်အောင့်အောင့်ပြောလိုက်သည်
"နေတော့ နေတော့ အိပ်လိုက်တော့ မွေးနေ့မို့လို့ငါကလျှော့ပေးလိုက်မယ်
ဒီပေါ်မှာဘဲ အင်း တူတူအိပ်ကြတာပေါ့"
"မင်းကဟိုဖက်အိပ်မှာမလား ငါနံရံဖက်အိပ်လိုက်မယ်"
ဂျဲနိုကပြောရင်းဆိုရင်း အိပ်ရာပေါ်ပြန်တက်ထိုင်လိုက်သည်
"မင်းမျက်နှာက ပြပါဦး
နာနေသေးလား"
ဂျယ်မင်း ငြင်ငြင်သာသာမေးကာ ဂျဲနိုရှေ့ဝင်ထိုင်လိုက်ပြီး ဂျဲနိုရဲ့မေးဖျားလေးကို သူ့ဆီဆွဲလှည့်ကာကြည့်လိုက်တော့
ဂျဲနိုက ဂျယ်မင်းကိုငေးစိုက်ကြည့်နေရင်းပြုံးလာကာခေါင်းခါပြသည်
"အင်း ပြီးရော ဒါဆိုလည်း ရော့"
သူ့လက်ထဲကို ဂျယ်မင်းထည့်ပေးလာတဲ့ ဘူးဖြူဖြူလေးကို ဂျဲနိုလှုပ်ကြည့်လိုက်သည်
"ဘာလဲ"
"မွေးနေ့လက်ဆောင် ဖွင့်ကြည့်"
ဂျဲနို ဘူးလေးကိုဖွင့်ကြည့်လိုက်တော့ အထဲမှာငွေရောင်လက်ပတ်လေး
လက်ပတ်ပေါ်မှာ ဂျဲနိုဆိုတဲ့စာလုံးလေးထွင်းထားသည်
"ကြိုက်လား"
ဂျဲနို ခေါင်းငြိမ့်ပြလိုက်ပြီး လက်ပတ်လေးကို ဘယ်ဖက်လက်ကောက်ဝတ်မှာပတ်လိုက်သည်
"ငါလည်းဆင်တူလုပ်လာတယ် ငါကကျငါ့နာမည်နဲ့"
ဂျယ်မင်းက ထမင်းစားပြီးတည်းက တစ်ချိန်လုံးဖွက်ထားခဲ့တဲ့ သူ့လက်ကောက်ဝတ်ကိုမြှောက်ပြတော့
ဂျဲနိုနဲ့ဆင်တူ လက်ပတ်လေးက လက်ခနဲ
"ဟက်ပီဘတ်ဒေး ဂျဲနို"
ဂျယ်မင်းကပြောရင်း သူ့ရှေ့က ဂျဲနိုကို
လည်ပင်းကနေသိမ်းကြုံးဖက်လိုက်သည်
"အင်း ကျေးဇူးဘဲ မင်းခု ဘာလုပ်နေတာလဲ"
"အားဖြည့်ပေးနေတာလေ မင်းဘဲ မနက်ကအဲ့လိုလုပ်ခိုင်းပြီးတော့"
ဂျဲနိုရယ်လိုက်ပြီး ဂျယ်မင်းရဲ့ကျောပြင်ကိုခပ်တင်းတင်းလေးပြန်ဖက်လိုက်သည်
လက်ကောက်ဝတ်ကိုယ်စီက လက်ပတ်လေးတွေက အခန်းမီးရောင်အောက်မှာ တလက်လက်တောက်ပလို့
YOU ARE READING
Flowers of Spring (Nomin)
Fiksi Penggemarအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော