10 - Amusement Park Date?(2)

547 47 1
                                    

"နာနာ မကြောက်နဲ့ ငါရှိတယ်"

နွေဦးရဲ့ကျောင်းသားဘဝ - ဒုတိယပိုင်း

"ရိုလာကိုစတာ ရိုလာကိုစတာစီးရအောင်!!"
ရှေ့ဆုံးက အော်ပြေးတဲ့ ဟဲချန်းကိုသူတို့အမီလိုက်ကာပြေးနေကြရပြီး
အားလုံးပျော်မြူးနေကြသည်
ဒါပေါ့
ဒါတက္ကသိုလ်ကျောင်းသားဘဝရဲ့ပျော်ရွှင်ရတဲ့အချိန်တွေဘဲလေ
ရိုလာကိုစတာဆီရောက်တော့ တစ်တွဲကိုနှစ်ယောက်ထိုင်ရမည်မို့ ဟဲချန်းကမာ့ခ်ကိုလှမ်းဆွဲသည်
လောင်န်ကျွင့်နဲ့ ရှိုထရိုကတစ်တွဲစီးကြပြီး
မင်ဟီးက နှလုံးအခံရှိတာကြောင့်မစီး
ဒီတော့ ဂျဲနို ဂျယ်မင်းနဲ့ ဆောင်ချန်းတို့သုံးယောက်သာ
ကျန်သည်
"ဂျယ်မင်းနီးဟျောင်း ကျွန်တော်နဲ့တူတူစီးရအောင်"
"ဂျယ်မင်းက ငါနဲ့စီးမှာ"
"ဟင် စောစောကလည်း ဂျဲနိုဟျောင်းပေးတဲ့ ဘီးကုတ်တပ်ပြီးပြီကို"
"တပ်တော့ဘာဖြစ်လဲ လာ ဂျယ်မင်း ငါနဲ့တူတူစီးမယ်"
"ဟျောင်း ကျွန်တော်နဲ့တူတူစီးမယ်လေ"
လာပြီ
နှစ်ယောက်သား ဂျယ်မင်းကိုလှည့်ကြည့်လာကြပြီ
နာဂျယ်မင်း တံတွေးတစ်ချက်မြိုချလိုက်ပြီး
ဒီအရှုပ်ထုပ်နှစ်ယောက်နဲ့ ဘယ်တော့မှကစားကွင်းထပ်မသွားဖို့ စိတ်ထဲကနေ ကိုယ့်ကိုကိုယ် ကတိပေးလိုက်သည်
"ဆောင်ချန်း ဘာဂါဝယ်ကျွေးပြီးရင် ကော်ဖီပါတိုက်မယ်နော် ခုတော့ ဂျဲနိုနဲ့ဘဲစီးလိုက်မယ်"
ဂျယ်မင်းဆုံးဖြတ်ချက်ချအပြီး အီဂျဲနိုတစ်ယောက် ပြုံးရွှင်သွားပေမယ့် နာဂျယ်မင်းကတော့ သူတစ်ယောက်တည်းသာသိတဲ့ ဂျဲနိုကိုရွေးရတဲ့အကြောင်းအရင်းကြောင့်သိပ်မပျော်နိုင်
တကယ်တော့ ဂျယ်မင်း ရိုလာကိုစတာစီးရမှာကြောက်နေတာ
ငယ်ငယ်က ကစားကွင်းသွားတိုင်းဟဲချန်းတစ်ယောက်တည်းသာစီးလေ့ရှိပြီး ဂျယ်မင်းကကြောက်လို့မစီး ဂျဲနိုကလည်းဂျယ်မင်းအဖော်ရအောင်အမြဲနေခဲ့တာမို့ သူလည်းမစီးဖူးချေ
ဟိုပေါ်ရောက်မှ အာပြဲကြီးနဲ့ကုန်းအော်ပြီး ဘေးကလူကိုလှမ်းဖက်မိခဲ့ရင် ထိုလူက ဂျဲနိုဖြစ်နေဖို့လိုသည်
သူ့ရဲ့ အားနည်းပြီးကြောင်တောင်တောင်နိုင်တဲ့ ပုံစံတွေကို ဂျဲနိုတစ်ယောက်တည်းကိုသာ ထုတ်ပြရတာ သက်တောင့်သက်သာရှိသည်မလား
တခြားလူဆို ဟဲချန်းကိုတောင်သိပ်အဆင်မပြေ
"လာလာ ဂျယ်မင်း"
ဂျဲနိုနဲ့ဂျယ်မင်းက တစ်တွဲထိုင်လိုက်ပြီး ဆောင်ချန်းကတော့ တစ်ယောက်တည်းတစ်တွဲ
ဝင်ထိုင်လိုက်သည်
"နာနာ မကြောက်နဲ့နော် ငါရှိတယ်သိလား"
ဂျဲနိုက ဂျယ်မင်းကြောက်နေသည်ကိုသိသည့်အလား ထပြောလိုက်သည်
သူ့အားပေးသံကြားအပြီး ဂျယ်မင်းသိပ်တောင်မကြောက်တော့ဘဲ ပေါ့ပါးလာသလိုပင်
ရိုလာကိုစတာကဖြည်းဖြည်းချင်းစထွက်ပြီ
ဘာမှတောင်မဘာရသေး ရှေ့ဆုံးမှာထိုင်နေတဲ့ဟဲချန်းက အသဲအသန်ကြောက်နေတဲ့ပုံနဲ့ မာ့ခ်ဟျောင်းကိုဇွတ်ဖက်ထားနေပြီ
တဖြည်းဖြည်းနဲ့ထိပ်ဆုံးကိုရောက်လာပြီး အရှိန်နဲ့ထိုးဆင်းချသွားတော့သည်
"အားးးးးးးး"
"အမေကယ်ပါ!!!!!!!!"
"ဝူးဟူးးးးးးးးးးးး"
နားထဲကိုလေတွေ တဝူးဝူးတိုးဝင်လာပြီး
ငယ်သံပါအောင်အော်နေတဲ့အသံတွေရော နောက်ကပျော်နေတဲ့ဆောင်ချန်းအသံရောကို ဝူးဝူးဝါးဝါးကြားနေရသည်
ဂျယ်မင်း မစီးခင်ကသာကြောက်နေပေမယ့်
ခုတော့ အဲ့ကြောက်စိတ်ကိုအာရုံမရှိတော့ အရှိန့်နဲ့သွားနေရတာလွတ်လပ်ပေါ့ပါးနေသည်
စမထွက်ခင်က ဂျဲနိုရဲ့ အားပေးစကားကြောင့်လည်းဖြစ်မည်
"အားးးးးးးးးးးးး အားးးးးး ကယ်ကြပါ!!!!!"
ဂျယ်မင်းတွေးနေတုန်း သူ့နားထဲအသားကုန်တိုးဝင်လာတဲ့ အော်သံနက်ကြီးကြောင့်လန့်ဖြန့်သွားရသည်
အဲ့တာ အီဂျဲနို
မျက်လုံးကိုတင်းနေအောင်ပိတ်ထားပြီး ပါးစပ်ကြီးဖြဲကာအော်နေသည်
"ဂျဲနို ဂျဲနိုရား အဆင်ပြေတယ်"
ဂျယ်မင်း အော်ပြောပေမယ့် လေတွေတဝူးဝူးတိုက်နေတာကြောင့် ဂျဲနိုကကြားဟန်မတူ
သူ့အော်သံနဲ့သူလုံးနေတာလည်းပါမှာပေါ့
ဂျယ်မင်းလည်း ဂျဲနိုလက်ကိုဆွဲယူလိုက်ပြီး
ဂျဲနိိုလက်ချောင်းတွေကို သူ့လက်ချောင်းတွေနဲ့ယှက်ကာ တင်းတင်းဆုပ်ထားလိုက်သည်
ရိုလာကိုစတာက တဖြည်းဖြည်းအရှိန်လျော့လာတော့မှ အော်သံတွေရပ်သွားကြပြီး
ဂျယ်မင်းဘေးက ဂျဲနိုလည်း ဖြည်းဖြည်းချင်းမျက်လုံးပွင့်လာသည်
"ပြီး ပြီးသွားပြီလား"
ဘာမှပြန်မပြောဘဲ သူ့ကိုကြည့်ကာ ရယ်နေတဲ့ဂျယ်မင်းကြောင့် အီဂျဲနိုတစ်ယောက် မျက်နှာကြီးနီလာသည်
"မရယ်နဲ့!"
"အေးပါ ဟားဟား မရယ်နဲ့ဆိုမရယ်ပါဘူး
ဒါပေမယ့် နောက်တစ်ခုကျန်သေးတယ်"
မှန်သည်
ရိုလာကိုစတာလမ်းကြောင်းက ကုန်းလျှောကြီးနှစ်ခုပါတာ ခုတက်ရတော့မယ့် တစ်ခုက ပထမတစ်ခုထက်ပင်မြင့်သေးသည်
ရိုလာကိုစတာက တဖြည်းဖြည်းနဲ့ ဒုတိယကုန်းလျှောရဲ့ထိပ်ကိုတက်သွားနေပြီး ဂျဲနိုရဲ့မျက်နှာလေးကလည်းဇီးရွက်လောက်သာကျန်တော့သည်
"ရား အီဂျဲနို"
ဂျယ်မင်းက သွယ်ယှက်ထားတဲ့သူတို့လက်တွေကိုပိုတင်းကြပ်အောင်ဆုပ်ညှစ်လိုက်ပြီး သူ့နာမည်ကိုခေါ်လိုက်တဲ့အခါ ဂျဲနိုကလှည့်ကြည့်လာသည်
"မကြောက်နဲ့ ငါရှိတယ် တော်ရုံအော်လေ မျက်ရည်တွေတောင်ထွက်ကုန်ပြီ"
ဂျယ်မင်းပြုံးပြကာပြောလိုက်ပြီး ဂျဲနိုမျက်လုံးထောင့်ကမျက်ရည်စအချို့ကိုသုတ်ပေးလိုက်တော့ နှာခေါင်းထိပ်တွေပါရဲနေတဲ့ အီဂျဲနိုက ခေါင်းငြိမ့်ပြသည်
နောက်တော့လည်း
အော်ဂျဲနိုက အော်တာပါဘဲ
ဂျယ်မင်းမှာနားပိတ်ထားရအောင်ကလည်း လက်က ဂျဲနိုနဲ့လက်ချင်းချိတ်ထားသည်မို့ နားကွဲခံပြီးသာဆက်စီးရတော့သည်

Flowers of Spring (Nomin)Where stories live. Discover now