ဂျဲနိုက စပြီးပြောင်းလဲလာတာလား
ဂျယ်မင်းက စပြီးပြောင်းလဲတာလား
သူတို့နှစ်ယောက်ကြားမှာ အရင်လိုမဟုတ်တော့တာတော့သေချာတယ်နွေဦးရဲ့ရင်ခုန်သံများ
မနေ့ညက ဟဲချန်းပြန်မလာ
ခါတိုင်းလည်း အတန်းကြီးတွေဆီသွားပြီး ညလုံးပေါက်ဂိမ်းဆော့နေတတ်ပြီး မနက်မှအဲ့ကနေဘဲ ကျောင်းလာတတ်သည်မို့
ဂျယ်မင်းတို့နှစ်ယောက်လည်း ထူးပြီးတော့စိတ်ပူမနေဘဲ အိပ်ရာဝင်လိုက်ကြသည်ဂျယ်မင်းနိုးလာတော့ မနက်ရှစ်နာရီ
သူရောဂျဲနိုပါ ဆယ်နာရီအတန်းရှိသည်မို့
ဂျဲနိုကိုနှိုးရန် ထလာခဲ့လိုက်သည်
အခန်းထဲရောက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ ဂျဲနိုကိုတွေ့ရသည်
ခါတိုင်းဆို သူကအမြဲတမ်း အိပ်ရာထနောက်ကျတဲ့ ဂျယ်မင်းထက်အရင်နိုးနေတတ်တာ"ဂျဲနိုရား ထတော့လေ ကျောင်းသွားရဦးမှာကို"
ဂျယ်မင်းက ခုတင်ပေါ်ဝင်ထိုင်လိုက်ပြှး ဂျဲနိုကိုလှုပ်နှိုးလိုက်သည်
"ဟေ့ကောင် ကိုယ်တွေပူနေတယ် နေမကောင်းဘူးလား"
ဂျဲနိုက အိပ်နေရာမှ မျက်လုံးအသာဖွင့်ကြည့်သည်
"အွန်း ဟုတ်မယ်ထင်တယ် ညကခေါင်းကိုက်ပါတယ်လို့"
"ငါ့ကိုတော့ လာမနှိုးဘူး ဆေးလည်းမသောက်ဘူးမလား ဒီတိုင်းပြန်အိပ်တာမလား"
ဂျယ်မင်း တတွတ်တွတ်ပြောနေတာကို ဂျဲနိုက ဂရုမစိုက်
မျက်စိမှိတ်ကာပြန်အိပ်နေသည်
"ဒီနေ့ ကျောင်းမသွားနဲ့တော့ ငါဆန်ပြုတ်လုပ်ပေးခဲ့မယ်"
"တစ်ယောက်တည်း ကျောင်းသွားမလို့လား"
ဂျဲနိုက ခုတင်ပေါ်မှာထိုင်နေတဲ့ ဂျယ်မင်းကို လှဲနေရင်းကမော့ကြည့်ကာမေးလိုက်သည်
"အေးပေါ့ မင်းမှနေမကောင်းတာ"
"အင်း..."
"ရေသွားချိုးလိုက်ဦးမယ်"
ဂျယ်မင်း ပြောရင်းဆိုရင်း ထလိုက်ပေမယ့် ဂျဲနိုကသူ့လက်တွေကိုဆွဲထားတာကြောင့် ပြန်ထိုင်ကျသွားသည်
"ဂျဲနိုရား ငါအတန်းနောက်ကျလိမ့်မယ်"
ဂျဲနိုက အသံအေးအေးနဲ့ပြောနေတဲ့ ဂျယ်မင်းကိုသူ့ဆီဆွဲယူလိုက်ပြီး ဂျယ်မင်းခါးဆီကိုခေါင်းတိုးဝင်ကာဖက်ထားလိုက်သည်
"မသွားပါနဲ့"
ဂျယ်မင်းက သူ့ခါးကိုဖက်ထားပြီး မျက်လုံးတွေမှေးမှိတ်ထားတဲ့ ဂျဲနိုဆံပင်တွေကိုအသာအယာသပ်ပေးလိုက်သည်
အဖျားရှိန်ကြောင့် ပူနေတဲ့ဂျဲနိုဆံပင်တွေက ခါတိုင်းထက် အတန်ငယ်ပိုခြောက်သွေ့နေတယ်
"အင်း ငါမသွားရဘူးလား"
ဂျဲနိုက မျက်လုံးမဖွင့်ဘဲ ခေါင်းငြိမ့်ပြသည်
YOU ARE READING
Flowers of Spring (Nomin)
Fanfictionအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော