နွေဦးရဲ့ကမ်းခြေ"ငါသယ်မယ်လို့"
"ကျွန်တော်သယ်မှာ"
"ငါသယ်မယ်လို့ပြောနေတယ်လေ"
"ကျွန်တော်သယ်မှာပါဆို""တော်ကြစမ်း ငါ့မှာလည်းလက်ပါတယ် ငါ့အထုပ်ငါသယ်မယ်"
သူ့အထုပ်ကိုလုသယ်နေကြတဲ့ ဂျောင်ဆောင်ချန်းနဲ့ အီဂျဲနိုကို ဂျယ်မင်းဟောက်လိုက်ပြီး ကိုယ့်ဘာကိုယ်မလိုက်သည်
"ဒါနဲ့ ဂျောင်ဆောင်ချန်း မင်းက အကမေဂျာနဲ့သွားဖို့စာရင်းပေးထားပြီးသားမလား ဒီကိုဘယ်လိုပါလာတာလဲ လက်မှတ်ကရောဘယ်ကရတာလဲ"
"အဲ့တာက ဟိုဟာ..."
"သူက ပြဇာတ်အဖွဲ့နဲ့သွားဖို့အရင်လက်မှတ်ဝယ်ပြီး စာရင်းပေးထားတာလေ ပြီးမှအကမေဂျာဆီရောက်သွားတာ ခုတော့ပြန်ရောက်လာပြီ ခုတစ်မျိုးတော်ကြာတစ်မျိုး"
ဘေးကဖြတ်သွားတဲ့ဟဲချန်းက ဆောင်ချန်းကို လမ်းကြုံဝင်ဟောက်လိုက်ပြီး ရင်ကော့ကာထွက်သွားသည်
နှစ်ယောက်စာအထုတ်တွေဆွဲကာ ဟဲချန်းနောက်က အပြေးလေးလိုက်သွားရတာကတော့ သူ့ကိုကို အီမာ့ခ်ပေါ့ဟိုတယ်ရောက်တော့ နှစ်ယောက်တစ်ခန်းနေကြရမည်မို့ ဂျဲနိုနဲ့ဂျယ်မင်းကတစ်ခန်းယူလိုက်သည်
ဆောင်ချန်းနဲ့မင်ဟီးကတော့ တစ်ယောက်ဖက်တစ်ယောက်မကျူးကျော်ကြေးဟု သဘောတူကာ တစ်ခန်းယူလိုက်သည်
လောင်န်ကျွင့်က သူ့လိုဘဲ နိုင်ငံခြားသားကျောင်းသားဖြစ်တဲ့ ယန်ယန်ဆိုတဲ့ သူ့သူငယ်ချင်းနဲ့တစ်ခန်းယူဖြစ်ခဲ့ပြီး ဟဲချန်းနဲ့အီမာ့ခ်ကတော့တစ်ခန်းပေါ့
Debut ဖို့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ ရှိုထရိုတစ်ယောက်ကတော့ မလိုက်လာနိုင်ခဲ့ညနေဖက် လေယာဉ်ဆိုက်တာမို့
သူတို့ရောက်ပြီး ခဏအနားယူ ရေမိုးချိုးပြီးကြတော့ မှောင်စပင်ပြုပြီ
ညစာစားအပြီး ကမ်းခြေမှာ ဝိုင်းထိုင်ကာဂိမ်းတွေဆော့ကြသည်"ဒီအဖွဲ့ထဲမှာ ကိုယ်သဘောကျတဲ့လူရှိလား"
Truth or Dare ဆော့ကြရမှာ Truth ကိုရွေးလိုက်တဲ့ ဂျဲနို ရလိုက်တဲ့မေးခွန်းပင်
တစ်ဖွဲ့လုံးအသံတစ်စမထွက်တော့ဘဲ ဂျဲနိုအဖြေကိုသာစိတ်ဝင်တစားစောင့်နားထောင်နေကြတာကြောင့် သူတို့အဖွဲ့သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားပြီး လှိုင်းပုတ်သံတွေနဲ့ လေတိုက်ခတ်သံကိုသာကြားနေရသည်
ဂျဲနိုက သူနဲ့မျက်နှာချင်းဆိုင်က ဂျယ်မင်းကိုလှမ်းကြည့်လိုက်သည်
သူတို့နှစ်ယောက်ကြား ဖိုထားတဲ့မီးပုံရှိနေသည်မို့ ဂျဲနိုမျက်လုံးတွေက မီးညွန့်တွေဟပ်ကာ အရည်လဲ့နေကြသည်
သူက ဂျယ်မင်းကိုကြည့်နေရာမှ အကြည့်မလွှဲဘဲခေါင်းကိုငြိမ့်ပြလိုက်သည်
"အင်း ရှိတယ်"
ဂျဲနိုရဲ့ဖြေသံဟာ တိုးညှင်းပြီးတည်ငြိမ်တယ်
လှိုင်းသံတွေကြားမှာ သူ့အသံကခပ်အက်အက်
ပင်လယ်ပြင်ကိုဖြတ်သန်းပြီးတိုက်လာတဲ့လေအေးအေးက ဂျယ်မင်းမျက်နှာကိုပွတ်သပ်တိုက်ခတ်သွားစဉ်မှာပင် သူ့နှလုံးသားတစ်ခုလုံးဟာလည်း သိမ့်ခနဲ
ဟိုးအောက်ထဲကို နိမ့်ဆင်းသွားတော့သည်
.
.
.
.
ဖန်ပုလင်းကိုနောက်တစ်ကြိမ်လှည့်လိုက်တော့
"မင်ဟီး မင်ဟီးကွ Truth လား Dare လား"
"Truth!!"
ဖန်ပုလင်းတည့်တည့်မှာရှိနေတဲ့ မင်ဟီးက တုံ့ဆိုင်းမနေဘဲ ချက်ချင်းရွေးချယ်လိုက်သည်
"ဒီဝိုင်းထိုင်နေကြတဲ့လူတွေထဲက ကိုယ်အတွဲချင်ဆုံးတစ်ယောက်ရဲ့နာမည်ကအစကိုပြောပြပါ"
ဒီတစ်ခါလည်း အားလုံးငြိမ်သွားကြပြီး မင်ဟီးဆီကအဖြေကိုစောင့်နေကြသည်
"J"
"ဝိုးးးးးးးး"
မင်ဟီးဖြေအပြီးမှာ ဂျဲနို ဂျယ်မင်းနဲ့ ဂျောင်ဆောင်ချန်းကို အကုန်ဝိုင်းစကြတော့သည်
ဒါပေမယ့် မင်ဟီးရည်ညွှန်းတဲ့ J က သူရော ဆောင်ချန်းရောမဟုတ်တာ ဂျယ်မင်းသိပြီးသားပင်"ကဲကဲ ပုလင်းထပ်လှည့်ကြ"
ဒီတစ်ခါတော့ ဆောင်ချန်းအလှည့်ပင်
"Dare!"
သူ့ရှေ့တည့်တည့်မှာရပ်သွားတဲ့ ပုလင်းကိုကြည့်ကာဆောင်ချန်းကရယ်လိုက်ပြီး မမေးခင်တည်းက ကြိုဖြေလိုက်သည်
"ဒီအဖွဲ့ထဲက ကိုယ်သဘောအကျဆုံးလူရဲ့ နဖူးကိုနမ်းပါ ဝိုးးးဝိုးးးး"
ဆောင်ချန်းလုပ်ရမည့် dare ကိုကြားအပြီး အားလုံးက အကျယ်ကြီးဝိုင်းအော်ကြတော့သည်
ဂျယ်မင်းလည်း ဟဲချန်းနဲ့အတူလက်ခုပ်တွေပါတီးရင်း လိုက်အော်သည်
ဂျောင်ဆောင်ချန်းတစ်ယောက် သူ့ရှေ့မှာလာမရပ်ခင်အထိပေါ့
"ဆောင်...ဆောင်ချန်း ဘာလုပ်မလို့လဲ"
ဆောင်ချန်းက ဂျယ်မင်းရှေ့မှာ ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်ပြီး သွားညီညီလေးတွေပေါ်လာတဲ့ထိကြည်ကြည်လင်လင်ပြုံးပြသည်
ပြီးတော့ ဂျယ်မင်းတစ်ယောက်ဘဲကြားနိုင်လောက်အောင် တိုးတိုးလေးကပ်ပြောသည်
"ဟျောင်းဘဲပြောခဲ့တယ်မလား ကြိုးစားကြည့်ဖို့တန်တယ်ထင်ရင် ဆက်လုပ်ဆို"
သူက ထိုသို့ပြောပြီး ဂျယ်မင်းရဲ့နဖူးကို အသာလေးဖိကပ်ကာနမ်းလိုက်သည်
"ဝိုးးးးးးးးးးဂျောင်ဆောင်ချန်း တကယ်ဘဲ ဝိုးးးးးး"
"ဆောင်ချန်း ဖိုက်တင်း!"
ဝိုင်းပြီးအားပေးနေကြတဲ့ အသံတွေကတဖြည်းဖြည်းတိုးသွားပြီး ဂျယ်မင်းအမြင်အာရုံတွေဝေဝါးလာသည်
လျပ်တပြတ်အတွင်း ဖြစ်သွားတဲ့အဖြစ်အပျက်ကို ဂျယ်မင်းတစ်ယောက်မယုံနိုင်သေးဘဲ
ကြောင်တောင်တောင်ဖြစ်နေသည်မဟုတ်သေးပါဘူး
ဂျောင်ဆောင်ချန်း ရူးသွားပြီလားဆောင်ချန်းတစ်ယောက် သူ့နေရာသူသွားပြန်ထိုင်တော့မှဘဲ ဂျယ်မင်း သူနဲ့မျက်နှာချင်းဆိုင်က မျက်ဝန်းတစ်စုံဟာ နေရာမှာမရှိတော့ဘဲပျောက်နေခဲ့တာကို သတိထားမိသွားသည်
ဂျဲနို
စောစောကထိ ဂျဲနိုထိုင်နေခဲ့တဲ့နေရာက အခုတော့လစ်လပ်နေသည်
အီဂျဲနိုဘယ်မှာလဲ
ဂျယ်မင်းနေရာကထပြီး ချက်ချင်းပြေးထွက်ခဲ့တော့ အကုန်လုံးအံ့ဩသွားကြပေမယ့်
"သူရှူးအရမ်းပေါက်ချင်နေလို့" ဆိုတဲ့ ဟဲချန်းရဲ့ဖြေရှင်းသံသဲ့သဲ့ကိုလည်းကြားလိုက်ရတာကြောင့် အဆင်ပြေမည်ထင်သည်
မပြေလည်း ဂရုမစိုက်နိုင်တော့
လက်ရှိ ဂျဲနိုတစ်ယောက်ဘယ်ကိုထွက်သွားလဲဆိုတာကသာ သူ့အတွက်ပိုအရေးကြီးနေသည်မလား
သိစိတ်ကလက်မခံချင်ပေမယ့် မသိစိတ်က ဂျဲနိုဘာကြောင့်ထွက်သွားသလဲဆိုတာကို ဂျယ်မင်းအသေအချာသိကြောင်းဝန်ခံနေသည်
ပြီးတော့ ဘာမှန်းမသိတဲ့တစ်စုံတစ်ခုကိုလည်းဖြေရှင်းပြချင်နေသည်
ဂျဲနို မင်းဘယ်မှာလဲ
သပွတ်အူလိုရှုပ်ထွေးနေတဲ့ စိတ်အစဉ်နဲ့ ဂျယ်မင်းတစ်ယောက် ကမ်းခြေတစ်လျှောက် မရပ်မနားပြေးလွှားနေမိတော့သည်
YOU ARE READING
Flowers of Spring (Nomin)
Fanfictionအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော